ရဟန်းမင်းကြီး စိန့်ဂျွန်ပေါလ် (၂) သေနတ်ပစ်ခံရ၍သွေးစွန်းနေသောသင်္ကန်းကို ရောမ၌သိမ်းထားဆဲ

ရဟန်းမင်းကြီး စိန့်ဂျွန်ပေါလ် (၂) သေနတ်ပစ်ခံရ၍သွေးစွန်းနေသောသင်္ကန်းကို ရောမ၌သိမ်းထားဆဲ

ရဟန်းမင်းကြီး စိန့်ဂျွန်ပေါလ် (၂) သေနတ်ပစ်ခံရ၍သွေးစွန်းနေသောသင်္ကန်းကို ရောမ၌သိမ်းထားဆဲ

ရဟန်းမင်းကြီး စိန့်ဂျွန်ပေါလ် (၂) သည် (၁၉၈၁၊ မေလ ၁၃) က စိန့်ပီတာရင်ပြင်၌ စုရုံးရောက်ရှိနေသောဘုရား ဖူးဘာသာတူများနှင့်တွေ့ဆုံရန်စီးတော်ယာဉ်ပေါ်၌လိုက်ပါသွားခဲ့သည်။ ထိုစဉ် ရဟန်းမင်းကြီးအားလုပ်ကြံရန်မည့်သူသည် သေနတ်ဖြင့်ပစ်ခတ်ခဲ့ရာ ရဟန်းမင်းကြီးအားထိမှန်ခဲ့သည်။ ရဟန်းမင်းကြီး သေနတ်ပစ်ခံရသည့်အချိန် ဆင်မြန်းခဲ့ သော သွေးစွန်းနေသည့် သင်္ကန်းကို စိန့် ဗင်းဆင်း၏သမီးများသီလရှင်အသင်း၏ကျောင်း၌ အခင်းဖြစ်ပွားသည့် အခြေအနေ အတိုင်း ဆက်လက်ထိန်းသိမ်းထားလျှက်ရှိသည်။ ထိုကျောင်းသို့ အဆိုပါဓာတ်တော်ကိုဖူးလို၍ ဘုရားဖူးများရောက် လာမဆဲစည်းကားလျှက်ရှိသည်။ အမှန်မှာ ဤသီလရှင်ကျောင်း သည် အခြေအနေအမျိုးမျိုးကြောင့် ယောင်္ကျားမရှိ (မပေါ်၊ တာ ၀န်မယူ) ပဲကလေးမွေးဖွားသောအမျိုးသမီးများ၊ ရွေ့ပြောင်းနေထိုင်သူများနှင့်ချို့တဲ့နွမ်းပါးသူများခိုလုံရာနေရာဖြစ်သည်။

အဆိုပါသင်္ကန်းပေါ်၌ သေနတ်ဖြင့်ပစ်ခတ်ခံရစဉ် စွန်းထင်ခဲ့သောသွေးကွက်များနှင့်ကျည်ဆံပေါက်များကို သ င်္ကန်းပေါ်၌မြင်တွေ့နိုင်ကြောင်း၊ ဤသင်္ကန်းဓာတ်တော် ဤသီလရှင်ကျောင်း၌ အဘယ်သို့ရောက်ရှိလာခဲ့သည်နှင့်ပတ် သက်၍ ရဟန်းမင်းကြီးဒဏ်ရာခံစားနေရစဉ်က ပြုစုခဲ့သော သူနာပြုဆရာမ Anna Stanghellini က အဆိုပါသင်္ကန်းကို နှစ်ပေါင်းများစွာထိန်းသိမ်းထားခဲ့ပြီးမှရောက်ရှိလာခြင်းဖြစ်သည်။ သီလရှင်ကျောင်းမှာ ဗာတီကန်နှင့်နှစ်မိုင်ခန့်ဝေးသည်။

အခင်းဖြစ်ပွားသည့်နေ့၌ ရဟန်းမင်းကြီး၏အသက်ကို အချိန်မှီကယ်နိုင်ရန်အလောသုံးဆယ်စီစဉ်ခဲ့ရသော ကြောင့်သင်္ကန်းကိုပုံမှန်အတိုင်းချွတ်မနေတော့ဘဲ ကက်ကြေးဖြင့်ညှပ်ကာ ချွတ်လိုက်ကြသည်။ သင်္ကန်းကိုကြမ်းပြင်ပေါ် ၌ပစ်ချထားပြီး၊ ရဟန်းမင်းကြီးနှင့်သူ၏အနာ၌သာအားလုံး၏အာရုံရောက်ရှိနေခဲ့သည်။ အခြေအနေအနည်းငယ်တည် ငြိမ်လာသည့်အခါမှသာ အပိုင်းပိုင်းညှပ်၍ ကြမ်းပြင်ပေါ်၌ပစ်ချထားသော သက်န်းကိုသတိထားလိုက်သည်။ ဤသင်္ကန်း အား ကောက်သိမ်းမထားပါက အမိုက်တောင်းထဲသို့ပစ်လိုက်ကြမည်ဟုတွေးမိ၍ သိမ်းထားခဲ့သည်။ နောက်ပိုင်း၌ အဆို ပါသူနာပြုဆရာမက သိမ်းဆည်းထားသောသင်္ကန်းကို သူခင်မင်ရသော စိန့်ဗင်းဆင်းသမီးများသီလရှင်တို့အားလွှဲ ပြောင်းပေးခဲ့သည်။ ထိုအချိန်မှစ၍ ဘုရားဖူးများတစ်စတစ်စသိလာပြီး၊ လာရောက်ဖူးမြော်ကာ ရဟန်းမင်းကြီး (ထိုစဉ် ကစိန့်မဖြစ်သေး) ၏ကြား၀င်ဆုတောင်းခြင်းကိုခံယူရန်လာရောက်ဆုတောင်းကြသည်။ ဘုရားဖူးများ၏ဘ၀၌ ရဟန်း မင်းကြီးဂျွန်ပေါလ် (၂) ၏ထပ်ဆင့်ဆု‌တောင်းပေးခြင်းခံစားရရှိခဲ့သော စိတ်လှုပ်ရှားစရာ အဖြစ်အပျက်များစွာလည်းရှိကြ သည်။

တစ်ခါက ကလေးလိုချင်သောအိမ်ထောင်သည် အမျိုးသမီးတစ်ဦးက အိမ်ထောင်သက်ရလာပြီဖြစ်သော်လည်း ရင်သွေးမရနိုင်ဖြစ်နေခဲ့သည်။ ထို့ကြောင့် ဤဓာတ်တော်ရှိရာသို့နေ့စဉ်လာရောက်၍ ရဟန်းမင်းကြီးဂျွန်ပေါလ် (၂) ၏ ကြား၀င်ဆုတောင်းခြင်းကိုတောင်းခံခဲ့သည်။ များမကြာမီ၌ ကိုယ်၀န်ရလာခဲ့ကြောင်း၊ မိခင်နှင့်ကလေးကိုဆရာ၀န်နှင့်ပြ ကြည့်သောအခါ နှစ်ယောက်လုံးအတွက် အလွန်အန္တရာယ်ရှိကြောင်းသိလိုက်ရသည်။ ထို့ကြောင့် လင်မယားနှစ်ဦးလုံး က ရဟန်းမင်းကြီးဂျွန်ပေါလ် (၂) ထံမှကြား၀င်ဆုပန်မှုကိုထပ်မံတောင်းခံခဲ့သည်။ နောက်ဆုံး၌ ရင်သွေးကိုကျန်းမာစွာ မွေးဖွားနိုင်ခဲ့သည်။ အဆိုပါကလေးကိုလည်း ဂျွန်ပေါလ် ဟုမှည့်ခဲ့ကြောင်းပြောပြခဲ့သည်။ မည်သို့ပင်ဆိုစေ သူနာပြုဆရာ မ Anna Stanghellini' ၏ထိုးထွင်းသိမြင်တတ်မှုကြောင့် အလွန်အရေးကြီးသောရဟန်းမင်းကြီး စိန့်ဂျွန်ပေါလ် (၂) ၏ဓာတ် တော်ကိုထိန်းသိမ်းထားနိုင်ခြင်းဖြစ်သည်ဟု ဤဓာတ်တော်နှင့်ပတ်သက်၍ စိန့်ဗင်းဆင်းသမီးသီလရှင်အသင်း၀င် စစ္စတာရ် MARIA ROSARIO ကရှင်းပြခဲ့သည်။

ဘာသာပြန်-ဖာသာရ်ကလဲမင့်အားတယ်

Photo courtesy of: The Straits Times

https://bit.ly/3tR5wqB

Add new comment

6 + 0 =