Radio Veritas Asia Buick St., Fairview Park, Queszon City, Metro Manila. 1106 Philippines | + 632 9390011-15 | +6329390011-15
ရဟန်းမင်းကြီး (ငြိမ်း) ဘေနေဒစ် (၁၆) ၏နောင်တော် မွန်ဆီညော် Georg Ratzinger ၏စျာပန
ရဟန်းမင်းကြီး (ငြိမ်း) ဘေနေဒစ် (၁၆) ၏နောင်တော် မွန်ဆီညော် Georg Ratzinger ၏စျာပန
မွန်ဆီညော်ဂျော့သည် ရဟန်း မင်းကြီး (ငြိမ်း) ဘေနေဒစ် (၁၆) ၏နောင်တော်ဖြစ်ပြီး၊ (၂၀၂၀၊ ဇူလိုင်လ၊ ၁) ရက် နေ့၊ သက်တော် (၉၆) နှစ်၊ ဂျာမဏီနိုင်ငံ၌ပျံလွန်တော်မူသွားခဲ့သည်။ သူ၏စျာပနအခမ်းအနားကိုဗုဒ္ဓဟူးနေ့ က ဂျာမဏီနိုင်ငံ၊ စိန့်ပီတာဘုရားကျောင်း တော်ကြီးတွင်ကျင်းပခဲ့သည်။ မွန်ဆီညော် ဂျော့သည် Regensburg မြို့၌ ပင်ဆေးရုံတက်ရောက်ကုသမူခံယူနေခဲ့သည်။ ထိုမြို့သည်သူ၏ ဘ၀၌အနေများဆုံးသောမြို့လည်းဖြစ်သည်။ သူ သည်ညီတော်ဖြစ်သောရဟန်းမင်းကြီး (ငြိမ်း) ဘေနေဒစ် (၁၆) ဇွန်လကကြွရောက် လည်ပတ်အပြီး၊ တစ်ပတ်ခန့် အကြာတွင်ပျံလွန်သွားခြင်းဖြစ်သည်။
ရဟန်းမင်းကြီးဖရန်စစ်ကလည်း ရဟန်းမင်းကြီး (ငြိမ်း) ဘေနေဒစ် (၁၆) ၏အစ်ကိုပျံလွန်ခြင်းသတင်းကိုကြား လိုက်ရအပြီး၊ ရဟန်း မင်းကြီး (ငြိမ်း) ဘေနေဒစ် (၁၆) ထံသို့ကိုယ်တိုင်ရေးသားသော၀မ်းနည်းကြောင်းသဝဏ် လွှာပေးပို့ခဲ့ပြီး၊ ပျံလွန်သွားသောဖာသာရ်ဂျော့ ၏ဝိညာဉ်အတွက်လည်းဆုတောင်းပေးမည်ဖြစ်ကြောင်းနှင့်နှစ် သိမ့်ခြင်းကောင်းကြီးကိုလည်းခံစားရရှိစေရန်ရဟန်းမင်းကြီး (ငြိမ်း) ဘေနေဒစ် (၁၆) အတွက်လည်းဆုတောင်းပေးမည်ဖြစ်ကြောင်းရေးသားပေးပို့ခဲ့သည်။
စျာပန အခမ်းအနားကို Regensburg ၏ဆရာတော် Rudolf Voderholzer ကဦးဆောင်ပြီး၊ ဂိုဏ်းချုပ်ဆရာတော် Georg Ganswein မှရဟန်း မင်းကြီး (ငြိမ်း) ဘေနေဒစ် (၁၆) မှရေးသားပေးပို့သောဝမ်းနည်းကြောင်းစာလွှာကိုစိတ်လှုပ်ရှားစွာဖတ်ကြားပေးခဲ့သည်။
ကျေးဇူးတင်ပါသည်။
‘ယခုအချိန်၌ ကျွန်ုပ်အစ်ကိုအားသူ၏နောက်ဆုံးသောလောကခရီးကိုပို့ဆောင်ရန်ရှိ နေကြမည်ဖြစ် သည်။ ကျွန်ုပ်လည်းသင်တို့ နှင့်အတူရှိနေပါသည်။ နိုင်ငံများစွာမှလူမှုရေးနောက်ခံ၊ အမူတော်ဆောင်ဘ၀တူများထံမှ ကျွန်ုပ်၏စိတ်ကိုနှစ်သိမ့်မူ၊ ကျေနပ်မူကိုဖြစ်စေ သောစာများစွာကိုလက်ခံရရှိခဲ့သည်။ သို့သော်ကျန်းမာရေးအခြေ အနေကြောင့်တစ်ဦးစီအားပြန်စာရေးသားရန်မတတ် နိုင်ခဲ့၍အားမလို အားမရဖြစ်ရကြောင်း၊ သို့သော်ယခုအချိန် ထိသူ့အားသတိတရရှိ နေကြသောကြောင့်တစ်ဦးစီအားကျေးဇူးတင်ကြောင်း၊ သူ၏အစ်ကို နှင့်အတူနောက်ဆုံးအ ချိန်ထိရှိနေခဲ့ကြသောမြင်နိုင်သူ၊ မမြင်နိုင်သူများအားလည်းကျေးဇူးတင်ကြောင်း၊ သူ၏အမှုတော်ဆောင်ခဲ့မူများ အတွက်ယနေ့ထိတိုင် စာ၊ ကြေး နန်းစာ၊ အီမေးလ်များအားဖြင့်ကျွန်ုပ်စိတ်ကူးနိုင်စွမ်းထက်ကျော်လွန်သောပဲ့တင်သံ များကိုလက်ခံရှိနေရ ကြောင်း၊ ကာဒီနယ်နူးမင်း၏ပြတ်လုံးဖြစ်သည့် “cor ad cor loquitur” သည်သူ့အတွက်မှန်ကန် လာကြောင်း၊ အဘယ် ကြောင့်ဆိုသော် တစ်ဦးစီ၏ရင်တွင်းမှစကားသည်ထိုအဆင့်ကိုကျော်လွန်၍စာရွက်ပေါ်၌ အက္ခ ရာတင်နေကြရပြီဖြစ်ကြောင်း’ ဆွေးမြေ့ဖွယ်ရေးသား ပေးပို့ခဲ့သည်။
ဘုန်းတော်ကြီးနှင့်မြူးစိပညာရှင်
ရဟန်းမင်းကြီး (ငြိမ်း) ကအစ်ကိုဖြစ်သူ၏ဘ၀အကြောင်းကိုအကြောင်းအရာသုံးခုဖြင့်ပုံရိပ်ဖော်ခဲ့သည်။ ပထမတစ်ချက်ကား အစ်ကိုဖြစ်သူသည် ရဟန်းဘောင်သို့ခေါ်တော်မူခြင်းစစ်စစ်ကိုမြူးစိပညာရှင်တစ်ဦးဖြစ်နေ စဉ်၌သိရှိနားလည်လာခဲ့သူဖြစ်သည်။ အစ်ကို ဖြစ်သူသည်ငယ်ရွယ်စဉ်ကပင် Tittmoning ၌မြူးစိပညာကိုစေ့စပ် သေချာစွာလေ့လာလိုက်စားရန်အစပြုခဲ့သည်။ ထိုသို့လေ့လာလိုက် စားရမှာသူ့အား Regensburg ဘုရားကျောင်း ကြီး Kapelmeister (ဘုရားကျောင်း၌သံစုံတီးဝိုင်းတာ၀န်ခံ) ဖြစ်လာရန်အခြေအနေ ဖန်တီးလာသည်။ သူ သည်ကွာယာအဖွဲ့ကိုလည်းလေ့ကျင့်ပေးရသည်။ သို့သော်သူသည် Regensburger Domspatzen ဟူသည့်အခေါ် အ ဝေါ်ကိုသဘောမတွေ့လှ။ အဘယ်ကြောင့်လက်မခံလိုသနည်းဟုမူ၄င်းတို့၏မိခင်သည် Kapellmeister Schrems ဆုံးပြီး၊ မရှေးမ နှောင်း၌ပင်ဆုံးပါးသွားသောကြောင့်ဖြစ်သည်။ Kapellmeister Schrems သည်ဖာသာရ်ဂျော့မတိုင်ခင် ကရှိခဲ့သောကွာယာတာ၀န် ခံဖြစ် ခဲ့သည်။ ဤအမှုတော်ကိုထမ်းရသည်မှာအစ်ကိုဖြစ်သူအတွက်မောစရာမဟုတ် ဘဲ၊ ပျော်စရာတစ်ခုဖြစ်လာသည်။ အဘယ်သို့ဆိုစေအစ ပိုင်း၌သူ့အားလက်မခံလိုသူ၊ အသိအမှတ်မပြုချင်သူများကားမရှောင်ရှားနိုင်ပေ။ တစ်ချိန်တည်း၌ပင်အစ်ကိုဖြစ်သူသည်သူ၏ လေ့ကျင့် ပျိုးထောင်ပေးမူကိုစိတ်ပါကိုယ်ပါ လက်ခံသောလူငယ်များအတွက်အားကိုးအားထားပြုရသောဖခင်သဖွယ်အားကိုးလာကြသည်။ အစ် ကိုဖြစ်သူကို ထိုသို့အားကိုးအားထားပြုခဲ့ကြသောထိုအချိန်ကသူ၏လူငယ်များကိုလည်းကျေးဇူးတင်လိုပါသည်။ အကယ်၍ ထိုအချိန် ကိုပြန်လည်ရယူခံစားနိုင်မည်ဆိုလျှင်ရဟန်းမဖြစ်သေးသော်လည်းရဟန်းတစ်ပါးကဲ့သို့လည်းကောင်း၊ မြူးစိ၀ါသနာထုံသောရဟန်း တစ်ပါးအဖြစ်လည်းကောင်းမြင်ယောင်နေမိပါသည်။
ပျော်တတ်သူလေး
အစ်ကိုဖြစ်သူ၌အမှတ်ရနေဆဲဒုတိယအချက်ကား ပျော်ပျော်နေတတ်သူလေးဖြစ်သည်။ ပြတ်လုံးများ ပြော၍ပျော်ရွှင်အောင် ဖန်တီးပေးတတ်သည်။ ထို့အတူသူသည်သူ၏ခံယူချက်ကိုမကွယ်မဝှက်၊ မထိန်မချန် ပြောတတ်သူဖြစ်သည်။ နှစ်ပေါင်း (၂၀) ခန့်အ မှောင်ချထားခြင်းခံခဲ့ရသော်လည်း ထိုအခြေအ နေကိုလက်ခံပြီး၊ အတွင်းစိတ်သဏ္ဍာန် ကြီးထွားအားကောင်းလာအောင်ကြိုးစားခဲ့ သည်။
ဘုရားသခင်၏လူ (ဆုတောင်းခြင်းဖြင့်ရှင်သန်သူ)
ရဟန်းတော်များဘ၀၌ ‘ဘုရားသခင်၏လူ’ ဟူသောအသုံးအနှုန်းသည် ‘ဆုတောင်းခြင်းဖြင့်ရှင်သန်သူ၊ ဘု ရားသခင်နှင့်ပေါင်း စပ်သူ’ ဟုညွှန်းဆိုလိုခြင်းဖြစ်သည်။ အစ်ကိုဖြစ်သူ၏တတိယအမှတ်ရစရာအချက်ကားတည် ကြည်ခြင်းနှင့်ရိုးသားခြင်းသည်သူ၏ ဘ၀ ဖြစ်ခြင်းဖြစ်သည်။ မည်သို့ပင်ဆိုစေချုပ်ဆိုရလျှင်သူသည်ဘုရားသခင် ၏လူတစ်ဦးဖြစ်သည်။ အစ်ကိုဖြစ်သူထံသို့ဇွန်လကနောက် ဆုံး သွားရောက်လည်ပတ်စဉ်က ‘တာ့တာ’ ဟုသူ့အား နှုတ်ဆက်ခဲ့သည်။ အဘယ်ကြောင့်ဆိုသော်ထိုတွေ့ဆုံခြင်း သည်လောက၌နောက် ဆုံးတွေ့ဆုံခြင်းဖြစ်မည်ကိုသိခဲ့ ပါသည်။ ထိုသို့နှုတ်ဆက်သည်ကိုနေထိုင်မကောင်းဖြစ်နေသောအစ်ကိုဖြစ်သူက ‘ကောင်းမြတ်သော ဘုရား သခင်သည် လောက ၌ယခုကဲ့သို့ဆုံဆည်းခွင့်ပြုသကဲ့သို့၊ ပြည်တော်အသစ်၌လည်းကျွန်ုပ်တို့ကိုအသစ်သောဆုံ ဆည်းခြင်းကို ပေးဦးမည်သာဖြစ်ကြောင်းပြောကြားခဲ့ကြောင်း၊ မည်သို့ပင်ဆိုစေသူ၏လောကအသက်တာ နောက် ဆုံးအချိန်၌သူနှင့်အတူငယ် ဘ၀က ကဲ့သို့တဖန်ပြန်လည်ဆုံဆည်းခွင့်ရခဲ့သောကြောင့်ကျေးဇူးတင်ပါ ကြောင်း၊ အစ်ကိုဖြစ်သူသည်နေထိုင်မကောင်းဖြစ်နေသော်လည်း ရဟန်းမင်းကြီး (ငြိမ်း) အားလာရောက်လည် ပတ်ရန်အကြောင်း ကြားခေါ်ဖိတ်ခြင်းလည်းမရှိခဲ့ကြောင်း၊ သို့သော်ရဟန်းမင်းကြီး (ငြိမ်း) အနေဖြင့်နောက်ဆုံး တစ်ကြိမ်အနေဖြင့်သွားရောက်သင့်ကြောင်းတွေးမိခဲ့၍သာသွားခဲ့ခြင်းဖြစ်ကြောင်း၊ ဘုရားသခင်သူ၏ အတွင်းစိတ် ထဲ၌ပေးထားသောထာ၀ရအသက်တာ၏အမှတ်သင်္ကေတအတွက်ကျေးဇူးတင်မိကြောင်း၊ ရဟန်းမင်းကြီး (ငြိမ်း) ကသူ၏စာအဆုံး၌ ‘ဂျော့ရေ … ကျွန်တော့်အတွက်မင်းလုပ်ပေးခဲ့တာတွေ၊ ခံစားခဲ့ရ၊ ပေးဆက်ခဲ့ရတာ တွေအားလုံးအတွက် ကျေးဇူးတင်ပါတယ်’ ဟု ရေးသားထားပြီး Rudolf Voderholzer အားလည်းကူညီပေးမူအ တွက်ကျေးဇူးတင်ပါကြောင်းဖြင့် လွမ်း ဆွေးတမ်းတဖွယ်ရေးသား၍ နိဂုံးချုပ်ထားပါသည်။
ဘာသာပြန်-ဖာသာရ်ကလဲမင့်အားတယ်
 
         ရဟန်းမင်းကြီး (ငြိမ်း) ဘေနေဒစ် (၁၆) ၏နောင်တော် မွန်ဆီညော် Georg Ratzinger ၏စျာပန
ရဟန်းမင်းကြီး (ငြိမ်း) ဘေနေဒစ် (၁၆) ၏နောင်တော် မွန်ဆီညော် Georg Ratzinger ၏စျာပန 
      
      
Add new comment