ရဟန်းမင်းကြီး (ငြိမ်း) ဘေနေဒစ် (၁၆) နှင့်စပ်လျင်းအတွင်းရေးမှူး၏ရင်တွင်းစကား

ရဟန်းမင်းကြီး (ငြိမ်း) ဘေနေဒစ် (၁၆) နှင့်စပ်လျင်းအတွင်းရေးမှူး၏ရင်တွင်းစကား

ပြီးခဲ့သော ဒီဇင်ဘာလ (၂၈) ရက်နေ့က ရဟန်းမင်းကြီး (ငြိမ်း) ဘေနေဒစ် (၁၆) သည် ရုတ်တရက်ကျန်းမာရေးဖောက်လာ၍ ဆရာ၀န်များ၏အထူးကြပ်မတ်စောင့်ကြည့်ခိုင်း ထားရကြောင်း ဗာတီကန်မှသတင်းထုတ်ပြန်ခဲ့ပါသည်။

ရဟန်းမင်းကြီး (ငြိမ်း) သည် ယခုဆိုလျှင် သက်တော် (၉၅) နှစ်ပြည့်ပြီဖြစ်သည်။ ရဟန်းမင်းကြီးအမှုတော်မှအနားယူခဲ့သည်မှာလည်း ယခုနှစ်ဆိုလျှင် (၈) နှစ်ပြည့်ပြီဖြစ်သည်။ သူ၏အတွင်းရေးမှူးဖြစ်ခဲ့သော ဂိုဏ်းချုပ်ဆရာတော် GEORG GÄNSWEIN ကရဟန်းမင်းကြီး (ငြိမ်း) ၏အသိအာရုံများအားလုံးသည် ထက်မြတ်စူးရှနေဆဲရှိကြောင်း၊ ရုပ်ပိုင်းအားနည်းလာနေသည်မှာမှန်ကန်ကြောင်း၊ အသံသည်လည်းအလွန်အားနည်းတိုးညှင်းလာကြောင်း၊ သို့သော်စက္ခုအာရုံ၊ အင်အား၊ မှတ်ဉာဏ်ပိုင်းဆိုင်ရာနှင့်သူ၏ဆင်ခြင်နိုင်မှုများသည်အသက်အရွယ်နှင့်မလိုက်အောင်ပင်ကောင်းမွန်နေဆဲရှိကြောင်း၊ အခြားသောခန္ဓာကိုယ်အစိတ်အပိုင်းများအားနည်းလာခြင်းသည် အခြားအစိတ်အပိုင်းများကို အားကောင်းလာစေသလောဟုပင်တွေးထင်မိကြောင်းဆိုသည်။

ရဟန်းမင်းကြီးတို့၏သမိုင်းကိုပြန်လည်ဖွေရှာကြည့်မည်ဆိုပါလျှင် သက်တော် (၉၃) နှစ်ထက်ကြီးရင့်ခဲ့သူများမရှိခဲ့သေးကြောင်း၊ ထိုအချက်ကိုလည်း ကျွန်ုပ်တို့သိမှတ်ထားရမည်ဖြစ်ကြောင်း၊ ရဟန်းမင်းကြီး (ငြိမ်း) က သူ၏အတွင်းရေးမှူးဖြစ် သောဂိုဏ်းချုပ်ဆရာတော်အား 'ကျွန်ုပ်သည် သက်တော် (၉၄) နှစ်နီးပါးရှိပြီ။ ကျွန်ုပ်ထံမှမည်သည့်အရာကိုလိုချင်သနည်း' ဟုမိန့်ကြားခဲ့ကြောင်း၊ သူ့အနေဖြင့်သက်တော်ကြီးရင့်လွန်းခြင်းကိုလည်းမျှော်လင့်မထားခဲ့ကြောင်း၊ ရဟန်းမင်းကြီး (ငြိမ်း) က စိန့်ပီတာနှင့်ကောင်းကင်တွင်တွေ့ရှိရန်အချိန်သိပ်ကြာလိမ့်မည်ဟုမတွေးမိခဲ့ကြောင်းလည်းမိန့်ကြားခဲ့သည်။

ရဟန်းမင်းကြီး (ငြိမ်း) သည် လက်ရှိ၌ ဗာတီကန်၀င်းအတွင်းရှိ Mater Ecclesiae ရသေ့ကျောင်း၌သီတင်းသုံးလျှက်ရှိသည်။ သူသည်ကျွန်ုပ်တို့နှင့်အတူနေ့စဉ်ထမင်းသုံးဆောင်လေ့ရှိကြောင်း၊ ကျွန်ုပ်တို့စားသည့်အတိုင်းစားလေ့ရှိကြောင်း၊ ရဟန်းမင်းကြီး (ငြိမ်း) သည် အစားနည်းသောကြောင့် ကျီစယ်၍ ကိုယ်တော်သည် ဗာတီကန်မှကြွက်ကဲ့သို့သာစားကြောင်းပြောသောအခါသူက ခံတွင်းမတွေ့ကြောင်း၊ စားနိုင်သလောက်စားသည်။ ဗိုက်မဆာစေရန်စားသည်ဟုပြန် လည်ဖြေကြားခဲ့ဖူးသည်။

ရဟန်းမင်းကြီး (ငြိမ်း) သည် ဤအသက်အရွယ်သို့ရောက်ရှိနေပြီဖြစ်သော်လည်း နံနက်တိုင်းစောစီးစွာနိုးထပြီး နံနက်တိုင်းမစ္ဆားပူဇော်ခြင်း၌ပါ၀င်ပူဇော်လေ့ရှိသည်။

ရဟန်းမင်းကြီး (ငြိမ်း) သည် မစ္ဆားတရားကိုအတူပါ၀င်ပူဇော်လေ့ရှိသည်။ အဘယ်ကြောင့်ဆိုသော် ကြာမြင့်စွာမတ်တပ်မရပ်နိုင်တော့၍ဖြစ်သည်။ ဘီးတပ်လှည်းဖြင့်ကျွန်ုပ်တို့နှင့်အတူမစ္ဆားတရားကိုအတူပါ၀င်ပူဇော်လေ့ရှိသည်။ ရဟန်းမင်းကြီး (ငြိမ်း) ၏အတွင်းရေးမှူးဖြစ်သော ဂိုဏ်းချုပ်ဆရာတော်မှ မကြာမီက ယေဇူးသခင်၏ကယ်တင်ခြင်းကားတိုင်လမ်းတော်၏ထောက်ရှုချက်ကိုပုံနှိပ်ထုပ်‌ေ၀ထားသည်။ ထိုထောက်ရှုချက်များသည် ရဟန်းမင်းကြီး (ငြိမ်း) မှသူ၏ဘ၀နှင့်စပ်လျင်း၍ထောက်ရှုရေးသားထားချက်များဖြစ်သည်။

ရဟန်းမင်းကြီး (ငြိမ်း) သည် စိန့်ဂျွန်ပေါလ် (၂) ၏ပန်ကြားချက်ကြောင့် ကာဒီနယ်ဘ၀၌လည်း ယေဇူးသခင်၏ကယ်တင်ခြင်းကားတိုင်လမ်းတော်များနှင့်စပ်လျင်း၍တစ်ရပ်စီအကြောင်းကိုထောက်ရှုရေးသားခဲ့သည်။ ယခုအခါ ကားတိုင်လမ်းလျှောက်သည့်ဆုတောင်း ခြင်းသည် ၀ါတွင်းကာလ၌အခြားသောဘာသာတူများနည်းတူ ကျွန်ုပ်တို့ (ရသေ့များ) ၏အလွန်တန်ဖိုးရှိလှသောဆုတောင်းမေတ္တာ၏အစိတ်အပိုင်းတစ်ခုပင်ဖြစ်လာပြီဖြစ်သည်။ ကျွန်ုပ်တို့ သည် သောကြာနေ့တိုင်း ကားတိုင်းလမ်းလျှောက်ဆု‌တောင်းခြင်းကိုပြုလျှက်ရှိသည်။

ရဟန်းမင်းကြီး (ငြိမ်း) ၏အတွင်းရေးမှူးဖြစ်သော ဂိုဏ်းချုပ်ဆရာတော်ကြီးရေးသားထုတ်‌ဝေသော 'about Jesus’ final moments' (ယေဇူးသခင်၏လောကအသက်တာနောက်ဆုံးအချိန်များ) စာအုပ်သည်ဂျာမန်နှင့်အီတလီနှစ်ဘာသာဖြင့်စာအုပ်ဆိုင်များတွင်ရနေပြီဖြစ်သည်။ အဂ်လိပ်နှင့်စပိန်ဘာသာဖြင့်ပြန်ဆိုထားမှုကိုမူများမကြာမီပုံနှိပ်ထုတ်‌ေ၀တော့မည်ဖြစ်ပါသည်။

အာဗီအေဘာသာပြန်-ဖာသာရ်ကလဲမင့်အားတယ်

https://bit.ly/3vrwOqT

Add new comment

14 + 0 =