ရဟန်းမင်းကြီး​၏ သက်တော်စောင့်များ အိမ်တန်းလျားကို ပြုပြင် ပြင်ဆင် ရန် လက်မှတ်ရေးထိုး

ရဟန်းမင်းကြီး​၏ သက်တော်စောင့်များ အိမ်တန်းလျားကို ပြုပြင် ပြင်ဆင် ရန် လက်မှတ်ရေးထိုး

ရဟန်းမင်းကြီး​၏ သက်တော်စောင့်များ အိမ်တန်းလျားကို ပြုပြင် ပြင်ဆင် ရန် လက်မှတ်ရေးထိုး

 

ဗာတီကန်ရှိ ရဟန်းမင်းကြီး​၏သက်တော်စောင့်များ နေထိုင်ရာ အိမ်တန်းလျားကို ပြုပြင်မွမ်းမံရရေး ရန်ပုံငွေအဖွဲ့နှင့် ရဟန်းမင်းကြီးအိမ်တော် အတွင်းဝန်များရုံးတော်အကြား နားလည်မှု စာချွန်တော် လွှာကို လက်မှတ်ရေးထိုးခဲ့ကြပါတယ် ။

ရဟန်းမင်းကြီးရဲ့ဆွဇ်သက်တော်စောင့်များ​၏ တည်ကြည်မြင့်မြတ်သည့် သစ္စာပြုကြသည့်  အခါသမယတွင် ဗာတီကန်ရှိ ရဟန်းမင်းကြီး ​၏ နန်းတော်၌ ဗုဒ္ဓဟူးနေ့နံနက်က ဗာတီကန်နှင့် ပြုပြင်ရေးဖောင်ဒေးရှင်းတို့ကြား နားလည်မှု စာချွန်လွှာကို လက်မှတ်ရေးထိုးခဲ့ခြင်းပင်ဖြစ်ပါတယ်။

သစ္စာပြုကြသည့်အခမ်းအနားတွင် ၁၅၂၇ ခုနှစ်က ရောမမြို့တော်ကြီး တိုက်ခိုက်ခံရမှု့ ( Sack of Rome) ကာလအတွင်း ၇ ပါးမြောက်ရဟန်းမင်းကြီး ကလဲမင့် ကိုကာကွယ်ရင်း ကျဆုံးသွားခဲ့ကြသည့် Swiss စစ်သား ၁၄၇ ယောက်တို့အား အောက်မေ့ဖွယ်အခမ်းအနားကို ထည့်သွင်းကျင်းပခဲ့ပါတယ်။

ဗာတီကန်ကိုယ်စားလှယ်အဖြစ် ကာဒီနယ် Pietro Parolin နှင့် ဖော်ပြပါ ဖောင်ဒေးရှင်း​၏ ဥက္ကဋ္ဌနှင့် ဒု-ဥက္ကဋ္ဌ တို့ဖြစ်ကြသည့် Mr.Jean-Pierre Roth နှင့် Mr.Stephan Kuhn တို့က သဘောတူညီမှု စာချုပ်ကို လက်မှတ်ရေးထိုးခဲ့ခြင်းဖြစ်ပါတယ်။

ဗာတီကန်နှင့် Swiss ဆွစ် အကြား အပြန်အလှန် ပူးပေါင်းဆောက်ရွက်ရေး ကိုယ်စားလှယ်တော်ကြီး Mr.Denis Knoble လည်း တက်ရောက်ပါဝင်ခဲ့ပါတယ်။

ဤစာချုပ်မူကြမ်း ဟာ တရားဝင်မဟုတ်သည့် ချည်နှောင်မှု တခု ဖြစ်သော်လည်း နှစ်ဖက်အနေနှင့် ဘုံတူညီသည့် ဆန္ဒသဘောထားတခုကို အခိုင်အမာရပ်တည်ကြပြီး ထိုအချက်မှာ သက်တော် စောင့်များနှင့် သူတို့​၏မိသားစုများသာမက နည်မျိူးစုံဖြင့်သူတို့အား အထောက်အကူပေးနေသူ အားလုံးအတွက် ပို၍ကောင်းမွန်ပြီး ပါတ်ဝန်းကျင်နှင့် သဟဇာတဖြစ်သည့် အဆောက်အဦးများ ဖန်တီးပေးနိုင်ရေးပဲဖြစ်ပါတယ်။

ပြန်လည်မွမ်းမံခြင်းလုပ်ငန်းများကို ၂၀၂၅ ဂျူဗလီပိတ်ပွဲအပြီး၌ စတင်ရန်အချိန်ဇယားရေးဆွဲ ထားပြီး ၊ လိုအပ်သောငွေကြေး ထောက်ပံ့မှုများပြုရန် အတွက်ကိုလည်း ခန့်အပ်တာဝန်ပေးအပ် ထားပြီး ဖြစ်ပါတယ် ။

 

 

အာဗီအေဘာသာပြန်-မာကုစ်ညီညီထွန်း

https://bit.ly/3P8cd3B

 

Add new comment

1 + 13 =