ရဟန်းမင်းကြီး၏ (၄၄) ကြိမ်မြောက်ပြည်ပတမန်တော်ခရီးဘေးကင်းလုံခြုံစွာရောက်ရှိခဲ့

ရဟန်းမင်းကြီး၏ (၄၄) ကြိမ်မြောက်ပြည်ပတမန်တော်ခရီးဘေးကင်းလုံခြုံစွာရောက်ရှိခဲ့

ပုပ်ရဟန်းမင်းကြီးဖရန်စစ် သူ၏ (၄၄) ကြိမ်မြောက် အီတလီနိုင်ငံပြင်ပတမန်တော်ခရီးကိုပြင်သစ်နိုင်ငံ၊ Marseille သို့လုံခြုံစွာရောက်ရှိသွားခဲ့ပြီဖြစ်ပါသည်။

ရဟန်းမင်းကြီးအားကြိုဆိုရန်အတွက် ၀န်ကြီးချုပ် Elsabeth Borne နှင့်ဒေသခံရိုးရာ၀တ်စုံ၀တ်ဆင်ထားသောကလေးငယ်များကအသင့်စောင့်ကြိုနေခဲ့ကြသည်။

ရဟန်းမင်းကြီးအားကြိုဆိုပြီးနောက် ၀န်ကြီးချုပ်နှင့်ရဟန်းမင်းကြီးတို့သည် Helene Boucher ခန်းမထဲ၌စကားအနည်းငယ်ပြောဆိုခဲ့ကြသည်။ ရဟန်းမင်းကြီးဖရန်စစ်၏ယခုပြင်သစ်ခရီးစဉ်သည် ပထမ ဦးဆုံးတစ်ကြိမ်မဟုတ်ခဲ့ပေ။ (၂၀၁၄) ကလည်း Strasbourg ၌ကျင်းပသောဥရောပပါလီမန်အစည်းအ‌ေ၀း သို့ ရွေ့ပြောင်းဒုက္ခသည်များအကြောင်းဆွေးနွေးရန်ကြွရောက်ခဲ့သေးသည်။ သို့သော်ထိုခရီးစဉ်သည် ရဟန်းမင်း ကြီး၏အတိုဆုံးခရီးစဉ်ဖြစ်ခဲ့သည်။ အဘယ်ကြောင့်ဆိုသော် (၄) နာရီသာကြာခဲ့၍ဖြစ်သည်။

အာဗီအေဘာသာပြန်-ဖာသာရ်ကလဲမင့်အားတယ်

https://bitly.ws/VsZx

Add new comment

2 + 12 =