ရဟန်းမင်းကြီး၏ ဆိုက်ပရပ်(စ်)ခရီးစဉ် - သီလရှင်တစ်ဦး၏ စိတ်နှလုံးကိုရိုက်ခတ်စေသော ကိုယ်တွေ့သက်သေခံချက်

ရဟန်းမင်းကြီး၏ ဆိုက်ပရပ်(စ်)ခရီးစဉ် - သီလရှင်တစ်ဦး၏ စိတ်နှလုံးကိုရိုက်ခတ်စေသော ကိုယ်တွေ့သက်သေခံချက်

ရဟန်းမင်းကြီး၏ ဆိုက်ပရပ်(စ်)ခရီးစဉ် - သီလရှင်တစ်ဦး၏ စိတ်နှလုံးကိုရိုက်ခတ်စေသော ကိုယ်တွေ့သက်သေခံချက်

 

ရဟန်းမင်းကြီး၏ ပထမဦးဆုံးနေ့ ဆိုက်ပရပ်(စ်)နိုင်ငံသို့ ရောက်ရှိသော နေ့မှာပင် ရူပါရုံမြင်သော စိန်ဂျိုးဇက်သီလရှင် အသင်းဂိုဏ်းမှ Sr. Perpetua Loo မှ အကွယ်အကာမဲ့သော ပြည်ပရောက် ရွှေ့ပြောင်းအလုပ်သမားတို့၏ လုပ်ငန်းခွင်အဖြစ်မှန်တို့ကို ရဟန်းမင်းကြီးအား မာရိုနိုက်ကာသီဒြယ် (အရှေ့တိုင်းဓလေ့ ဝတ်ပြုခြင်းကို ကျင့်သုံးသည့် ကက်သလစ်အသင်းတော်) ၌ အစီရင်ခံခဲ့ပါသည်။ သူမက ထိုတွေ့ဆုံခြင်း၏ လေးနက်မှုကို ဗာတီကန်ရေဒီယိုသို့ ပြောကြားခဲ့ပါသည်။

 

သတင်းထောက် - Christine Seuss

 

Sr. Perpetua Loo သည် ရဟန်းမင်းကြီး၏ ပထမဦးဆုံးနေ့ဖြစ်သော ဆိုက်ပရပ်စ်ခရီးစဉ်တွင် ရဟန်းသူတော်စင် အဖွဲ့အစည်းများ၊ ဓမ္မဆရာများနှင့် အသင်းတော်၏ အဖွဲ့အစည်းများနှင့် သီးသန့်တွေ့ဆုံပွဲတွင် ရဟန်းမင်းကြီးအား သာသနာ့လုပ်ငန်း ဖြစ်ရပ်မှန်များကို တိုက်ရိုက်ပြောကြားခွင့်၊ သက်သေခံခွင့်ရှိသော သီလရှင်နှစ်ပါးထဲမှ တစ်ပါးသောသူ ဖြစ်ပါသည်။ သာသနာပြု သီလရှင်များအနေဖြင့် ရွှေ့ပြောင်းအလုပ်သမားများ ကြုံတွေ့နေရသည့် အကြမ်းဖက် ခံရမှုများ၊ အိမ်ရှင်တို့၏ အခွင့်အရေးယူမှုများ၊ ဥပဒေရေးရာအရ အကာအကွယ်မရှိသူများအား နှစ်ပေါင်းများစွာတည်းကပင် ရပ်တည်ကူညီပေးခဲ့ကြသည်။ သူမ၏ အသင်းဂိုဏ်းမှ တည်ထောင်ထားသော အဖွဲ့အစည်းသည် ရွှေ့ပြောင်းအလုပ်သမားတို့၏ စာရွက်စာတမ်း တရားဝင်မှု အတွက်သာ ကူညီပေးခြင်းမဟုတ်ဘဲ အခမဲ့နေရာထိုင်ခင်းပေးခြင်းဖြင့် လက်တွေ့ကျကျ ပံ့ပိုးပေးနေသည်။ (ယေဘုယျအားဖြင့် တစ်ခါတစ်ခါတွင် အလုပ်သမားအမျိုးသမီးများသည် ၅ ယောက်မှ အယောက် ၂၀ အထိဖြစ်နိုင်သည်)၊ ထိုသို့ ပံ့ပိုးကူညီခြင်းဖြင့် အလုပ်သမားများ၏ ငွေကြေးချွေတာ စုဆောင်းနိုင်မှုကိုလည်း ကူညီရာရောက်သည်။

         Sr. Perpetua မှ ဆက်လက်၍ ဗာတီကန်ရေဒီယိုအား ပြောကြားရာတွင် - ပုပ်ရဟန်းမင်းကြီး အရှင်သူမြတ်အား ကျွန်မ၏ သက်သေခံခဲ့သည့်အတိုင်း လစာနိမ့်ဝင်ငွေနှင့် အလုပ်ရှင်နှင့် အလုပ်သမားတို့ကြားမှ ပဋိပက္ခရှိသော ဆက်ဆံရေးတို့ကြောင့် အမှန်တကယ်ပင် ခက်ခဲကြမ်းတမ်းသော အနေအထားအား အလုပ်သမားများသည် ရင်ဆိုင်နေရသည်။

 

ရွှေပြောင်းအလုပ်သမားအများစု၏ ရပိုင်ခွင့်များ ဆုံးရှုံးနေခြင်း

 

         ထိုဖြစ်ရပ်များသည် ယာယီရွှေ့ပြောင်း နေထိုင်အလုပ်သမားများအားလုံး ၌ သက်ရောက်မှုရှိသည်ဟု မဆိုနိုင်သော်လည်း အများစုသည် ထိုသက်ရောက်မှု အကျိုးဆက်များနှင့် ရင်ဆိုင်နေရသည်။ အချို့အလုပ်သမားများသည် တစ်ပတ်တွင် တစ်ရက်ပင် နားခွင့်မရှိကြဘဲ ပြောင်ကျကျပင် ခွဲခြားဖိနှိပ်ခြင်းကိုလည်း ခံကြရသည်။ အလုပ်တစ်ခုအား လက်လွှတ်ဆုံးရှုံးရခြင်းသည် ထိုသူတစ်ယောက်၏ မျှော်လင့်ချက် ပျောက်ပျက်သွားခြင်းပင် ဖြစ်သည်။

         -ယုံကြည်ခြင်း ၌ တစ်ဦးနှင့်တစ်ဦး နှစ်သိမ့်ပေးကြပါ- ဟူသော ဆောင်ပုဒ်နှင့် ကြွရောက်လာခဲ့သည့် ရဟန်းမင်းကြီးထံမှ သူမရပ်တည် ကာကွယ်ပေးနေသူများအတွက်သာ မဟုတ်ဘဲ သူမကိုယ်တိုင်အတွက်ပါ ခွန်အားများစွာ ပေးနေသည်ဟု ကာသီဒြယ်အတွင်း နေထိုင်ခဲ့စဉ် အခိုက်အတံ့ခံစားရမှုကို ပျော်ရွှင်ခြင်း မျက်ရည်များ ပြည့်နေသော မျက်လုံးများဖြင့် အမှတ်ရလျက် ဆိုပါသည်။ -ကျွန်မဟာ အမှန်တကယ်ပဲ ခံစားချက်တွေနဲ့ ပြည့်နေခဲ့ပါတယ်။ ပုံမှန်အားဖြင့်ဆိုလျှင် ကျွန်မဟာ လူတကာတိုင်းအတွက် ဓာတ်ပုံရိုက်ယူပေးလေ့ရှိပေမဲ့ အဲဒီအချိန်မှာတော့ ဓာတ်ပုံရိုက်ယူပေးဖို့ ဆန္ဒထက် မိမိကိုယ်ကိုသာ ဆိတ်ငြိမ်စွာနဲ့ ကျွန်မကို အမှန်ကတယ်ပဲ စိတ်ပဲ့တင် ရိုက်ခတ်သံပေးနိုင်တဲ့ တည်ရှိနေခြင်းမှာသာ နေချင်ပါတယ်။ ရဟန်းမင်းကြီးဟာ ခရစ်တော်ကို ကိုယ်စားပြုနေသူဖြစ်လို့ပါပဲ။ ဒီလိုအခိုက်အတန့်မျိုးကို သင်ဟာ နည်းနည်းလေးမှ လက်လွတ်အဆုံးအရှုံး မခံနိုင်တာဟာ သူ့ရဲ့တည်ရှိခြင်းဟာ သူမတူအောင် ထူးခြားတန်ဖိုးရှိနေလွန်းပါတယ်။ ဒါဟာ ကျွန်မရတဲ့ ခံစားမှုတွေပါပဲ။

 

ရဟန်းမင်းကြီး၏ တမန်တော်ခရီးစဉ်အတွက် ပြင်ဆင်ခြင်း

 

         ပုပ်ရဟန်းမင်းကြီးအတွက် စာစောင်ပြင်ဆင်ရန် သူမအား ကာလအတန်ကြာ ကြိုတင်၍ အသိပေးခဲ့ပါသည်။ Sr. Perpetua အနေဖြင့် - ငါကိုယ်တိုင် ရုံးခန်းမှာ အလုပ်လုပ်သူ၊ အလုပ်သမားများရဲ့ ပြဿနာအရပ်ရပ်ကို ဖြေရှင်းရသူ၊ အလုပ်ရှင်အလုပ်သမားများကြားမှ သဘောမညီမျှမှုများကို ဖြေရှင်းရသူ၊ ထုချေလွှာရေးသားပေးရသူ၊ လိင်အကြမ်းဖက်မှုများနှင့် ကိုယ်ထိလက်ရောက် အကြမ်းဖက်မှုများကို ကိုင်တွယ်ဖြေရှင်းရသူဖြစ်သည့်အတွက် ရဟန်းမင်းကြီးအား သူမ၏ လုပ်ငန်းအကြောင်း တစ်စုံတစ်ရာ ထိထိရောက်ရောက် တင်ပြနိုင်လိမ့်မည်- ဟု ခံစား နားလည်ခဲ့သည်။ ပြဿနာတိုင်းဟာ လက်ဆုတ်လက်ကိုင် ပြနိုင်တာ မဟုတ်တဲ့အတွက် တကယ့်ဇစ်မြစ် အမှန်တရားကိုလည်း စူးစမ်းဖော်ထုတ်ရပါတယ်လို့ သူမက ဆိုပါတယ်။

         ကိုရိုနာဗိုင်းရပ်စ် မဖြစ်ပွားမီက သူမသည် အလုပ်သမားရေးရာ ကိစ္စပြဿနာများဖြင့်သာ ဖိအားများနေရပြီး အလုပ်ရှင်များ သက်ဆိုင်ရာ အေဂျင်စီနှင့် ရုံးဌာနများနှင့်ပင် နေ့စဉ်ဆက်ဆံ ဖြေရှင်းနေရမှုမှာ ၇ ခု၊ ၈ ခုမျှပင် ရှိခဲ့သည်။ အချိန်အလုအယက်ဖြင့် သက်သောင့်သက်သာ နေရချိန် မရှိသလောက်ဖြစ်သည်။ ယခုတွင်လည်း သူမသည် ရဟန်းမင်းကြီး၏ ဆိုက်ပရပ်စ် ခရီးစဉ်ပြင်ဆင် ခြင်းတွင် ထဲထဲဝင်ဝင်ပါဝင်နေရမှုအချို့ရှိနေပါသည်။ ရဟန်းမင်းကြီး သတင်းသုံးနေထိုင်မည့် ဖရန်စစ်စကင်း ဘုန်းတော်ကြီးများ၏ ကျောင်းတော် (ရဟန်းမင်းကြီး ကိုယ်စားလှယ်ရုံး - nunciature သည် ထိုကျောင်းတွင်း ၌ ဖြစ်သည်)တွင်လည်း အခြားသော သီလရှင်များနှင့်အတူ သန့်ရှင်းရေး၊ မီးဖိုချောင်နှင့် အိမ်မှုကိစ္စအချို့တို့ကို တာဝန်ယူလုပ်ကိုင်ရသူလည်း ဖြစ်ပေသည်။ သူမက ဆက်လက်၍ ကာသီဒြယ်သို့ မသွားခင် စိတ်အနည်းငယ် ပူပန်မှုကြောင့် ဘုရားကျောင်းဆောင်ငယ်တွင်း ၌ ဆိတ်ငြိမ်စွာ ၁၅ မိနစ်ခန့် ပြင်ဆင်ဆုတောင်းကာ သူမကိုယ်သူမ ၀ိညာဉ်တော်ဘုရားထံသို့သာ လုံးလုံးလျားလျား အပ်နှံလိုက်သည်။ သူမအနေဖြင့် စာဖတ်ကောင်းသူ ဟု ဆိုနိုင်သော်လည်း ရဟန်းမင်းကြီးအား တိုက်ရိုက်ဖတ်ကြားခြင်းကိုမူကား အဘယ်သို့ဖြစ်မည်ကို မသေချာနိုင်ပါ။ ရဟန်းမင်းကြီးသည် အထင်ကရ ပုဂ္ဂိုလ်ဖြစ်၍ သူမကိုယ်ကို သေချာစေရန်ဖြစ်သည်။ ဆုတောင်းနေချိန်တွင်လည်း ၀ိညာဉ်တော်ဘုရား၏ ပြင်းထန်သော လှုံ့ဆော်မှုကြောင့် ငိုကြွေးသံနှင့်ပင် ဘုရားရှင်အား တမ်းတသည်အထိ ကျေးဇူးတော်ကို ရခဲ့ပြီးနောက် သူမသည် ဤအချိန်သည် မှန်ကန်သောအချိန်ရောက်လာပြီ သူမ၏ သက်သေခံချက်အား တင်သွင်းရာတွင် ၀ိညာဉ်တော်ဘုရားသည် သူမအား လမ်းပြခေါ်ဆောင်သွားလိမ့်မည်ဟု သိနားလည်ခဲ့သည်ဟု အမှတ်ရစရာများကို ပြောဆိုခဲ့သည်။

 

ပုဂ္ဂိုလ်ရေးရာ မြည်ဟည်းတွေ့ကြုံခံစားခြင်း အနေအထား

 

         နောက်ဆုံးတွင်တော့ အခမ်းအနားစတင်ချိန် တရွှေ့ရွှေ့ နီးကပ်လာပြီဖြစ်သည့်အတွက် သူမကိုယ်သူမ တည့်မတ်အားယူကာ ဘုရားကျောင်းဆောင်ငယ်အတွင်းမှ ထွက်ခွာလာခဲ့သည်ဟု ဖြစ်စဉ်များကို ပြောပြစဉ်တွင် သူမ၏ ပါးပြင်ပေါ် ၌ မျက်ရည်စတချို့ ကျဆင်းသွားသည်။ တကယ်တမ်းဆိုလျင် သူမသည် သူမ၏ သက်သေခံ တင်သွင်းစာကို အလွတ်နီးပါးသိ၍ သူမ၏ အတွင်းနှလုံးသားမှ ပြောဆိုခဲ့ခြင်းဖြစ်ပြီး ပုပ်ရဟန်းမင်းကြီးအားလည်း အခါခါ လှမ်းကြည့်နိုင်ခဲ့သည်။ အရာအားလုံးသည် ချောမွေ့စွာ ပြီးဆုံးခဲ့ပါသည်။

         -ကျွန်မဟာ သက်သေခံစာစောင်အတွက် စနစ်တကျ ပြင်ဆင်ခဲ့ပါတယ်။ ဒါပေမဲ့ ကျွန်မရဲ့ နှလုံးသားက ဖြစ်ပေါ် လာခဲ့တဲ့ အရာတစ်ခုသာ ဖြစ်ပါတယ်။ ပုပ်ရဟန်းမင်းကြီးဟာ ကရုဏာရှိပြီး ကျွန်မရဲ့ မျက်လုံးကို ထွင်းဖောက်ကြည့်နေခဲ့တယ်။ ကျွန်မဟာ ဘယ်အရာကိုမှ မျှော်ကိုးပြီး အလုပ်လုပ်ခဲ့တာ မဟုတ်သလို ကိုယ့်အလုပ်ကို ကောင်းကောင်း သိခဲ့တာကြောင့် ကိုယ့်ကိုယ်ကိုယ် ဂုဏ်ယူမိတယ်လို့ ပြောရမလောက်အထိအောင်ပဲ ခံစားရပေမဲ့ အဲဒီစာစောင်ကို မိမိကိုယ်ရည်သွေးဖို့ ဖတ်ပြခဲ့တာမဟုတ်ဘဲ စိတ်နှလုံးသားထဲက ဖြစ်ပေါ်လာတဲ့ အရာသာဖြစ်ပါတယ်။ ရဟန်းမင်းကြီး ကိုယ်တိုင်ကလည်း ကျွန်မကို လှမ်းကြည့်တဲ့အတွက်ကြောင့် ကျွန်မတို့နှစ်ဦးဟာ ရံဖန်ရံခါဆိုသလို မျက်လုံးအပြောများနဲ့လည်း ချိတ်ဆက်နိုင်ခဲ့ကြပါတယ်။ အဲဒီအချိန်တိုခဏတာဟာ အရိုးခံအရှိအတိုင်း လှပလွန်းပါတယ်။

         ပထမအစပိုင်းမှာ သူမဟာ သူမရဲ့ သက်သေခံစာတမ်းဖတ်ပြီးပြီးချင်း ရဟန်းမင်းကြီးဟာ အခြားသက်သေခံခဲ့သူများကို မတ်တပ်ရပ်ပြခဲ့သလိုမျိုး သူမရဲ့အလှည့်မှာ သူမကို ဂုဏ်ပြု အသိအမှတ်ပြု တဲ့အနေနဲ့ နှုတ်ဆက်ဖို့ ချက်ချင်းမတ်တပ်ရပ်တာ မမြင်ရတဲ့အခါ အတော်လေး စိတ်မကောင်း ဖြစ်သွားရသေးတယ်လို့လည်း ဝန်ခံခဲ့ပါသေးတယ်။ နောက်ပိုင်းမှသာ သူမဟာ သူမရဲ့ စာစောင်ဖတ်ကြားခြင်းဟာ ဘဝအခြေအနေမှန်တွေ ဖြစ်တာကြောင့် ပုပ်ရဟန်းမင်းကြီးကိုယ်တိုင်ရဲ့ စိတ်အတွင်းကို ရိုက်ခတ်နိုင်တာကြောင့် နက်နက်နဲနဲတွေးတောပြီး ဘာသာပြန်ပေးမှုကိုလည်း ဂရုတစိုက် နားထောင်နေတာကြောင့်သာ ဖြစ်လိမ့်မယ်လို့ အခြေအနေတစ်ခုကို နားလည်လိုက်ကြောင်း ကျွန်မအတွက် အမှန်တကယ်ကို စိတ်လှုပ်ရှားမှု ခံစားခဲ့ရတဲ့ အခိုက်အတန့် ပါပဲလို့ ဖွင့်ဟ ပြောဆိုသွားခဲ့ပါတယ်။

 

မှတ်ချက် - ဤ ဆောင်းပါးသည် ကာယကံရှင် ကိုယ်တိုင် ဘာသာပြန်ထားသည် ဖြစ်ပါသောကြောင့် ဂျာမန်နှင့် အင်္ဂလိပ်ဘာသာမူရင်းများ၊ အခြားသော ဘာသာပြန်သူတို့၏ အရေးအသားများနှင့် ကွဲပြားမှု ရှိနေပါသည်။ ကျေးဇူးတင်ပါသည်။

 

https://bit.ly/3DXXL7o

 

Add new comment

2 + 5 =