ရဟန်းမင်းကြီး၏ ကျန်းမာရေးနှင့်ပတ်သက်ပြီး ကောလဟာလသတင်းများလွှင့်ခဲ့ကြ

ရဟန်းမင်းကြီး၏ ကျန်းမာရေးနှင့်ပတ်သက်ပြီး ကောလဟာလသတင်းများလွှင့်ခဲ့ကြ

            ရဟန်းမင်းကြီးသည် ပြီးခဲ့သောစက်တင်ဘာလ (၁၂) ရက်မှသည် (၁၅)ရက်နေ့အထိ ဆလိုဗက်ကီးယားနိုင် ငံသို့တမန်တော်ခရီးကြွရောက်ခဲ့သည်။ထိုသို့ကြွရောက်စဉ် နိုင်ငံတော်အာဏာပိုင်များ၊ အရပ်ဖက်အဖွဲ့အစည်းမှအာဏာပိုင်များ၊ ခရစ်ယာန်အသင်းတော်များမှခေါင်းဆောင်များ၊ဂျူးအဖွဲ့အစည်းများနှင့်တွေ့ဆုံခဲ့သည်။ ထို့အတူ ကက် သလစ်ဆရာတော်ကြီးများ၊ဘုန်းတော်ကြီးများ၊ သီလရှင်များ၊ ဓမ္မအမှုတော်ဆောင်များနှင့်လည်းတွေ့ဆုံခဲ့သည့် အ ပြင်ရဟန်းမင်းကြီး၏မိခင်အဖွဲ့အစည်းဖြစ်သော ဆလိုဗက်ကီးယားနိုင်ငံ၌သာသနာပြုနေကြသော ဂျက်ဇွစ်မိသား စုနှင့်လည်းသီးသန့်တွေ့ဆုံခဲ့သည်။

            ထိုသို့ ဂျက်ဇွစ်မိသားစုနှင့် သီးသန့်တွေ့ဆုံခဲ့ချိန်၌ရဟန်းမင်းကြီးက ပြီးခဲ့သောဇူလိုင်က အူမကြီး၌ခွဲစိတ်မှု ပြုစဉ်ကအချို့သောသူများသည် သူ့အားသေစေရန်ဆန္ဒရှိကြကြောင်း၊ မည်သို့ပင်
ဆန္ဒရှိနေစေကာမူ ယခုအချိန်ထိ ကျန်းမာအသက်ရှင်လျှက်ရှိကြောင်း၊ အချို့သည် ရဟန်းမင်းကြီး၏ ကျန်းမာရေးအခြေအနေမှာ  မှန်းထားသည်ထက်ပင်ဆိုးဝါးကြောင်းများ  သတင်းလွှင့်ခဲ့ကြသည်၊ သို့သော် သူ့အားကျန်းမာချင်ကိုဆက်လက်ပေးသနားသော ကြောင့်
ဘုရားသခင်ကိုကျေးဇူးတင်ပါကြောင်းသူ၏ကျန်းမာရေးနှင့်စပ်လျဉ်း၍ဖြေကြားခဲ့သည်။

            သူ၏အကြီးစားခွဲစိပ်မှုနှင့်ပတ်သက်၍ ရဟန်းမင်းကြီးသည် ပြန်လည်ကျန်းမာလာနိုင်ခြေနည်းသော ကြောင့်လည်ကောင်း၊ ရဟန်းမင်းကြီး၏ ရောဂါသည်  နာတာရှည်ရောဂါဖြစ်ပြီး၊ အခြေအနေပိုမိုဆိုးဝါးလာရန်သာရှိသည် အထင်နှင့် မကြာမီအနားယူတော့မည်ဟုကောလဟာလသတင်းများလွှင့်နေခဲ့သည်။ အဘယ်ကြောင့်ဆိုသော် သူ၏ ဇူလိုင်လ (၄) ရက်နေ့၏ခွဲစိတ်မူသည် (၃) နာရီကြာခဲ့သည်။

            ဆလိုဗက်ကီးယား၌ ရဟန်းမင်းကြီးဖရန်စစ် ဂျက်ဇွစ်မိသားစုနှင့်တွေ့ဆုံမိန့်ကြားခဲ့သည့်အကြောင်းအရာ များကို ဂျက်ဇွစ်အသင်းမှကြီးမှူးထုတ်‌ဝေ လေ့ရှိသော La Civiltà Cattolica မဂ္ဂဇင်း၏စက်တင်ဘာ (၂၁) ရက် နေ့ထုတ်သည့်အမှတ်စဉ်၌ထည့်သွင်းဖော်ပြထားသည်။

            ဆလိုဗက်ကီးယား၌လည်း အချို့သောသူများသည်ရဟန်းမင်းကြီးဖရန်စစ်အား ‘အမှန်တရားနှင့်သွေဖီနေ သူ’ဟုသတ်မှတ်ကြသူများရှိသကဲ့သို့၊ အချို့ကမူ ရဟန်းမင်းကြီးဖရန်စစ်အား ‘စံ’ပြုကြသည်။ ရဟန်းမင်းကြီးဖရန် စစ်အနေဖြင့် သူ့အပေါ် အမြင်ကွဲ၊ သဘောထားကွဲနေမှုနှင့်ပတ်သက်၍ ဥပမာပေးမိန့်ကြားခဲ့သည်မှာ ကက်သလစ် ရုပ်သံဟုတံဆိပ်ကြီးကြီးမားမားခန့်ခန့်ညားညားတပ်ထားပြီး၊ကက်သလစ်သာသနာတော်ကြီး၏ ဥသျှောင်ရဟန်းမင်း ကြီးအားပစ်ပစ်နစ်နစ်‌‌ဝေဖန်ပြောဆိုတိုက်ခိုက်နေကြသည်များလည်းရှိသည်။
ရဟန်းမင်းကြီးဖရန်စစ်အနေဖြင့် ခြောက်ပြစ်ကင်း၊ သဲလည်းစင်သောသူမဟုတ်၍
တိုက်ခိုက်‌ဝေဖန်မူကိုခံသင့်ပါကြောင်း၊ သို့သော် သာသနာတော် ကြီးသည်ထိုသို့မခံထိုက်ပေ။ ဤသို့သာသနာတော်ကြီးကို တိုက်ခိုက်‌‌ဝေဖန်နေခြင်းသည်‘နတ်ဆိုး’ ၏လုပ်ရပ်ဖြစ် သည်။ အချို့သော သံဃာတော်များပင်လျင်ရဟန်းမင်းကြီးဖရန်စစ်နှင့်ပတ်သက်၍ သူတို့ပါးစပ်မှထွက်ကျလာသည်
ဟုပင်မယုံကြည်နိုင်သော သွားပုပ်လေလွှင့်ပြောဆိုမှုများလည်းရှိသည်။တစ်ခါတစ်ရံ၌ စိတ်မရှည်နိုင်ဖြစ်ရသည်။ အ ထူးသဖြင့်အကြောင်းအရာကိုစေ့စေ့စပ်စပ်မလေ့လာမသုံးသပ်ဘဲ‌ဝေ ဖန်သည့်အခါမျိုးနှင့်ကြုံရလေ့ရှိသည်။ဘာမှ ၀င်မစွတ်ဖက်။ ၄င်းတို့၏အတွေးအခေါ်သက်သက်၊
စိတ်ကူးသက်သက်သို့မ၀င်ဘဲဘေးရှောင်နေလိုက်သည်။ အဘယ် ကြောင့်ဆိုသော်အချိန်ကုန်မခံချင်ပါ။ ရဟန်းမင်းကြီးအနေဖြင့် ဟောကြားစရာရှိသည်များကိုသာအချိန်ရသလောက် ဟောကြားလိုသည်။

          အချို့သောသူများသည် ရဟန်းမင်းကြီးအားသန့်ရှင်းခြင်းအကြောင်းမဟောပြောဘဲ လူမှုရေးကိစ္စများကိုသာ ပြောသည်။ကွန်မြူနစ်တစ်ဦးဖြစ်သည်ဟုစွပ်စွဲကြသည်။ သန့်ရှင်းခြင်းနှင့်ပတ်သက်၍Gaudete et exsultate စာချွန်တော်ကိုရေးသားထုတ်‌ဝေလိုက်ပြီးဖြစ်သည်။

            မကြာသေးခင်က လာတင်းမစ္ဆားနှင့်ပတ်သက်၍ တင်းကြပ်မှု၌လည်း သဘောထားကွဲလွဲမှုအမျိုးမျိုးပေါ် ထွက်လာခဲ့သည်။ သို့သော်လက်ရှိ၌မူငြိမ်သွားပြီး ရဟန်းမင်းကြီး (ငြိမ်း) ဘေနေဒစ် (၁၆) နှင့်စိန့်ဂျွန်ပေါလ် (၂) တို့ ၏ရည်ရွယ်ချက်အတိုင်းပြန်လည်တည့်မတ် သွားပြီဖြစ်သည်။ဤကြေညာချက်ထွက်ပေါ်လာသည့်အချိန်မှစ၍ လာတင်ဝိနည်းဟောင်း (Vetus Ordo [Traditional Latin Mass) ဖြင့်မစ္ဆားပူဇော်လိုပါက ရောမသို့ခွင့်ပြုချက်
တောင်းရမည်။ အဘယ်ကြောင့်ဆိုသော် အချို့သောရဟန်းပျိုများတွေ့ကြုံရသောအနေအထားမှာ ရဟန်းသိက္ခာထပ်ပြီး နောက် အချို့သော၄င်းတို့၏ဆရာတော်များကလာတင်းဖြင့်မစ္ဆားပူဇော်ရန် ညွှန်ကြားကြောင်းသတင်းပေးပို့မှုများလက်ခံရရှိသည်။ နောက်ပြန်ဆွဲသည့်ပုံစံမျိုးဖြစ်နေသည်။
အစောပိုင်အစည်းအဝေးများ၌ ဤအကြောင်းအရာ များနှင့်ပတ်သက်၍တစ်ကမ္ဘာလုံးနှင့်ဆိုင် သော ပြဿနာ မဟုတ်သော်လည်း အချို့သောနိုင်ငံများအားရိုက်ခတ်မှုရှိနေ သည်။ နောက်ပြန်ဆွဲသောစိတ်သည်ယခုသာသနာအတွင်းရုန်းကန်ရမှုတစ်ခုဖြစ်နေသည်။

            တစ်ခါက ကာဒီနယ်တစ်ပါးထံ ရဟန်းပျိုနှစ်ပါးကလာရောက်ပြီး၊လာတင်းဖြင့်မစ္ဆားကိုကျွမ်းကျွမ်းကျင်ကျင် ပူဇော်နိုင်ရန်
လာတင်းကိုသင်ကြားခွင့်ပြုရန်ခွင့်ပန်ဖူးကြောင်းရဟန်းမင်းကြီးအားပြောပြခဲ့ဖူးသည်။ ကာဒီနယ်က အဆိုပါရဟန်းပျိုနှစ်ပါးအား ‘သာသနာထဲမှာ စပိန်နွယ်ဖွားတွေအမြားကြီးပါ။ စပိန်စကားကိုသင်ကြပါ။
ဒါမှဩဝါဒ ကောင်းကောင်းပေးနိုင်မယ်။ စပိန်သင်ပြီးတတ်ကြွမ်းသွားတဲ့အခါ
ကျွန်တော့ဆီပြန်လာခဲ့အုံး။ သာသနာထဲမှာ ဗီယက်နမ်နွယ်ဖွား လည်းအမြားကြီးရှိသေးတယ်။
ဗီယက်နမ်စကားလည်းသင်ခိုင်းအုံးမယ်။ ပြီးတော့မှ လာတင်းကို သင်ဖို့အခွင့်ပေးမယ်’ ဟုအရွန်းဖောက်ရင်ပြန်လည်ဖြေကြားခဲ့သည်ဟုဆိုပါသည်။
ကာဒီနယ်က မိုးပေါ်ပျံနေသော ရဟန်းပျိုနှစ်ပါးအား မြေပေါ်ပြန်ခစေခဲ့သည်ဟုရဟန်းမင်းကြီးကမှတ်ချက်ပြုခဲ့သည်။ ရဟန်းမင်းကြီးဖရန်စစ်အနေ ဖြင့်ပြုပြင်ပြောင်းလဲလိုချင်၍ ရှေ့ပြေးလွန်းခြင်းမဟုတ်။ လုပ်သင့်သည်ဟုထင်သည်ကိုလုပ်ခြင်းဖြစ်သည်။ လွန်စိတ် ရှည်ရန်လိုသည်။ ဆုတောင်းခြင်းလည်းအလွန်လိုအပ်သည်။ချစ်ခြင်းလည်းအလွန်လိုအပ်ကြောင်းရင်ဖွင့်မိန့်ကြားခဲ့ သည်။

ဘာသာပြန် - ဖာသာရ်ကလေးမင့်အားတယ်  

https://bit.ly/2XLR75g

Add new comment

6 + 12 =