ရဟန်းမင်းကြီး၏ဥယောဇဉ်နှင့်ထွက်ရှိလာတော့မည်စာအုပ်

ရဟန်းမင်းကြီး၏ဥယောဇဉ်နှင့်ထွက်ရှိလာတော့မည်စာအုပ်

ရဟန်းမင်းကြီး၏ဥယောဇဉ်နှင့်ထွက်ရှိလာတော့မည်စာအုပ်

အင်္ဂါနေ့ကဖြန့်ချီလိုက်သောစာအုပ်တစ်အုပ်၌ ရဟန်းမင်းကြီးဖရန်စစ်သည် ဥယောဇဉ်ရေးသား ထား သည်။ ထိုဥယောဇဉ်အား ကိုဗစ် (၁၉) ကာလ၌ခရစ်ယာန်များသင်ယူသင့်သောသင်ခန်းစာကိုအခြေ ခံ၍ထောက်ရူထားသည်။

ဤစာအုပ်ကိုရေးသားသူမှာကာဒီနယ် Walter Kasper၊ George Augustin နှင့်ကလောင်စုံတို့၏ ဘာသာရေးဆောင်းပါးများဖြစ်ကြသည်။ အကြောင်းအရာများမှာ ကိုဗစ် (၁၉) ရောဂါကပ်ဆိုးကာလ၌မိ မိတို့၏ယုံကြည်ခြင်းကိုသက်သေခံရန်လိုအပ်ကြောင်းနိုးဆော်ထားသောဆောင်းပါးများဖြစ်သည်။ စာ အုပ်၏အမည်ကိုမူ ‘ပေါင်းစည်းခြင်းနှင့်မျှော်လင့်ခြင်း’ ဟုဖြစ်ပါသည်။ ကိုဗစ် (၁၉) ကူးစက် ရောဂါဆိုး သည်ကျွန်ုပ်တို့၏အငိုက်တွင်အရှိုက်ကိုထိုးသွားခဲ့သည်။ ထို့ကြောင့်ကမ္ဘာနှင့်ယှဉ်၍ကျွန်ုပ်တို့၏ကိုယ်ရေး ကိုယ်တာ၊ လူထုနှင့်ဆိုင်ရာ၊ မိသားစု၊ အလုပ်အကိုင်များအားလုံးသည်ရုတ်ချည်းပြောင်း လဲသွားခဲ့ရသည်။ လူပေါင်းများစွာမကျေမချမ်းမြည်တွန်တောက်တီးခဲ့ကြသည်။ ချစ်သူခင်သူများနှင့်သေကွဲကွဲခဲ့ကြရ သည်။ မိသားစု၀င်ငွေများလည်းပုံမှန်မဟုတ်တော့ဘဲတောက်တဲ့လှည်းနင်းဘ၀မျိုးဖြင့်အတော်ရုန်းကန် ခဲ့ကြရသည်။

ဘာသာရေးဝတ္တရားကြီးဖြစ်သောပါစကားမစ္ဆားတရားသည်လည်းပုံမှန်အခြေအနေမျိုး ဖြင့်မကျင်းပနိုင်ခဲ့ရသည်။ ဘာသာတူများသည်လည်းစက္ကရာမင်းတူများ၏နှစ်သိမ့်ခြင်းကောင်းကြီးကို လည်းမခံယူနိုင်သည်အထိငတ်ပြတ်ခဲ့ရသည်။

ပျော်ရွှင်ခြင်း၏ဇစ်မြစ်ကိုဖွေရှာခြင်း

ဤအလွန်ယူကျုံးမရအခြေအနေမျိုး၌ ရဟန်းမင်းကြီးသည်လူသားတို့၏အထိအရှ၊ အပွန်းအပဲ့ လွယ်ပြီး၊ ကြိုတင်တွက်ဆမရသောအ ခြေအနေ၌ပိတ်လှောင်နေရသည့် လူ့သဘာ၀ကိုမီးမောင်းထိုးပြ ထား သည်။ ရောဂါကပ်ဆိုးသည် ကျွန်ုပ်တို့ပျော်ရွှင်မူ၏ဇစ်မြစ်ကိုပြန်လည်ဆန်းစစ်ရန်၊ ရတနာတစ်ပါး ဖြစ်သော ခရစ်ယာန်ယုံကြည်ခြင်းကိုပြန်လည်ဖွေရှာရမည်။

ဘ၀၌အဘယ်သို့မျှလစ်လျူရူမရသည့်ဘ၀ သော့ချက်များကိုမေ့ လျော့ထားသောကြောင့်သတိပြန် လည်လာစေသည်။ ဘ၀၌မည်သည့်အရာသည်အ ရေးကြီးပြီး၊ မရှိမဖြစ်လိုအပ်သည်။ မည်သည့်အရာသည်အဓိက၊ မည်သည့်အရာသည်သာ မည ကိုဓမ္မဓိဌာန်ကျကျပြန်လည်ဆင်ခြင်သုံးသပ်စေသည်။

ခက်ခဲမှုများနှင့်ကြုံရသောအခါပေါင်းစည်းကြပါ။

ယခုကပ်ရောဂါဆိုးကာလကို ခက်ခဲသောအချိန်ကာလဟုရဟန်းမင်း ကြီးကခိုင်းနှိုင်းထားပြီး၊ ကျွန်ုပ်တို့ကိုဘုရားသခင်ထံပြန်လည်ဦးတည်သွားစေရန်အခြေအနေဖန်တီးပေးနေသည်။ ဤအကြပ်အ တည်းကကာလ၌ကျွန်ုပ်တို့သည်အချင်း ချင်း ၏စည်းစည်းလုံးလုံးဖြင့်လုပ် ဆောင် မှုကိုအထူးမှီခိုအားထား ကြရသည်ကိုဖော်ပြနေသည်။ ကျွန်ုပ်တို့အားသူတစ်ပါး၏အစေကိုခံရန်အတွက် ပုံစံအသစ်ဖြင့်ဖိတ်ခေါ် နေသည်။ ကမ္ဘာကြီး၏မတရားမူနှင့်ချို့တဲ့နွမ်းပါးသူတို့၏အော်မြည်ငိုငြီးသံကိုကြားရန်ကျွန်ုပ်တို့အားလှုပ် နိုးနေသည်။ ဤအခြေအနေသည်ကျွန်ုပ်တို့ကမ္ဘာဂြိုလ်အားမချည်းမဆန့်ခံစားမူကိုဖြစ်ပေါ်စေသည်။

သေခြင်းကိုအနိုင်ရခဲ့သော ပါစကား၏အောင်မြင်မူခြင်း

ရဟန်းမင်းကြီးကဆက်လက်၍ ထောက်ရူသွားသည်မှာ ပါစကား ၏သူမတူသောအဓိပ္ပါယ်ပြည့်၀ လေးနက်ခြင်းကိုယခုနှစ်၌တိတ် ဆိတ်ခြောက်ကပ်စွာဖြင့်ကျင်းပခဲ့ရသည်။ ပါစကားသတင်းမှာယေဇူး ခရစ္စတူးသခင်သည် သေခြင်းကိုအောင်မြင်ခဲ့သည်။ ထို့အတူခရစ်ယာန်များသည် ဤကပ်ဆိုးကြီး၌ဘာမျှ မစွမ်းသောသူများကဲ့သို့ခြေသေ၊ လက်သေသေနေရမည့်သူများမဟုတ်။ ပါစကားပွဲ တော်သည်ကျွန်ုပ်တို့ အားမျှော်လင့်ခြင်း၊ ယုံကြည်ခြင်းနှင့်အားပေးအားမြောက်ပြုခြင်းကောင်းကြီးကိုဆောင်ယူလာပေးသည်။ ပါစကားပွဲတော်သည်ကျွန်ုပ်တို့၏စိတ်တစ် လုံးတစ်၀တည်းရှိခြင်းကိုပို၍ကျစ်လှစ်မြဲမြံစေသည်။ ဤကျစ် လှစ်မြဲမြံခြင်းသည် စိန်ခေါ်မူ၊ အခက် အခဲများအားလုံကျော်လွှားပြီး၊ မိသားစုကြီးတစ်ခုနှယ်တစ်ဦး၏အ ခက်အခဲကိုတစ်ဦးက၀င်ရောက်ဖြန်ဖြေခြင်း၊ အချင်းချင်း ၏လိုလား ချက်များကိုဖြည့်ဆည်းဆောင်ရွက် ပေးခြင်းဖြင့်တစ်ဦး၏၀န်ထုတ်ကိုတစ်ဦးက၀င်ရောက်ကူထမ်းကာအတိတ်ကထားရှိခဲ့သောအတ္တများ၊ တုပပြိုင်ဆိုင်လိုစိတ်များကိုချိုးနှိမ်အောင်မြင်ကျော်လွှားကြပါရန်အသိပေးနေသည်။

ချစ်ခြင်း၏ကူးစက်ခြင်းကိုခံကြစို့။

ရောဂါပိုးသည် ဗိုင်းရပ်စ်ပိုးမှကူးစက်လာသောကြောင့်ကြောက်ကြရသည်။ ထို့အတူချစ်ခြင်းပိုး သည်လည်း တစ်ဦးထံမှတစ်ဦးဆီသို့ကူးလူးပျံ့နှံ့သွားသည်ကိုလည်းဆင်ခြင်သင့်သည်။ အရေးပေါ်လိုအပ် လာသောမိမိတို့၏အသက်ကိုပင်မငဲ့ကွက်ဘဲချက်ချင်းကူညီစောင့် ရှောက်မူများကိုလုပ်ဆောင်ပေးခဲ့ကြ သောဆရာ၀န်များ၊ ဘုန်းတော်ကြီးများကိုအလွန်ကျေးဇူးတင်မိပါသည်။ ကုန်ဆုံးခဲ့သောရက် သတ္တပတ် များ၌ယုံကြည်ခြင်းမှစီးထွက်လာသောအင်အားများကိုထိတွေ့ခံစားခဲ့ရသည်။

ကိုယ်တော်မြတ်မပင့်ယူနိုင်သောမပင့်ယူဘဲရှောင်ခြင်း

ကူးစက်ရောဂါစတင်ဖြစ်ပွားသော အခါ နိုင်ငံအသီးသီးမှခေါင်းဆောင်များသည် လူစုလူဝေး ဖြစ်ကျင်းပ သောလူမူရေး၊ ဘာသာရေးအရေးပေါင်းအားလုံးကိုရှောင်ရှားရန်ကြေငြာချက်ထုတ်ပြန်ခဲ့ကြသည်။ ထို့အတူကက်သလစ်ဘာသာ၀င်များအားလည်းမစ္ဆားပူဇော်၀တ်ပြုခြင်းမပြုရန်လည်းမြစ်တားခဲ့ ကြသည်။ ဤမြစ်တားချက်သည်အလွန်ခံရခက်လှသည်။ အဘယ် ကြောင့်ဆိုသော်ကိုယ်တော်မြတ်ကိုပင့် ယူခွင့်မရတော့၍ဖြစ်သည်။ သို့သော်နှစ်ဦးသုံးဦးတို့သည် ယေဇူးသခင်၏နာမတော်၌ အတူတကွရှိနေ သည့်နေရာ၌ကိုယ်တော်ရှိနေသည်ကိုထိတွေ့ခံစားလာရသည်။ လူမူကွန်ရက်မှထုတ်လွှင့်ပေးသောမစ္ဆား တရားသည်အရေးပေါ်လိုအပ် ချက်ကိုဖြည့်ဆည်းပေးနိုင်သောအထိရောက်ဆုံးနည်းဖြစ်၍ဘာသာတူများသည်ကိုယ်တိုင်ကိုယ်ကျမစ္ဆားမပါ၀င်ရသော်လည်းရသေ့ စိတ်ဖြေနိုင်၍ကျေးဇူးတင်နေကြသည်။ သို့သော် ကိုယ်တိုင်ကိုယ်ကျပါ၀င်ခြင်းလောက်မထိရောက်၊ အ ကျိုးမများလှသောကြောင့်အခွင့် အခါသာသည်နှင့် ကိုယ်တော်မြတ်စက္ကရာမင်းတူထဲ၌ယေဇူးသခင်အမှန်တကယ်စံပ္ပါယ်နေသောကိုယ်တော်မြတ်ကိုပင့်ယူရ မည်။ ကမ္ဘာ့နိုင်ငံအတော်များများ၌ ကက်သလစ်ဘာသာတူများသည်မစ္ဆားတရားပူဇော်ခြင်း၌ပုံမှန်အ တိုင်းကိုယ် တိုင်ကိုယ်ကျပါ၀င်နိုင်ပြီဖြစ်၍ ရဟန်းမင်းကြီးသည်၀မ်းသာကျေ နပ်ကြောင်း၊ သေခြင်းမှရှင် ပြန်ထမြောက်သောသခင်သည်သူ၏လနှုတ်တော်ထွက်စကား၌ သော် လည်းကောင်း၊ မစ္ဆားပူဇော်ခြင်းအား ဖြင့်သော်လည်းကောင်း ကိုဗစ် (၁၉) ကြောင့်ကြုံတွေ့နေရသောအခက်အခဲများ၊ စိန်ခေါ်မူများကိုကိုင် တွယ်ဖြေရှင်းရန်လိုအပ်သောအင်အားများကိုပေးသနားတော်မူမည်ဖြစ်သည်။

မျှော်လင့်ခြင်းနှင့်တစ်စိတ်တစ်၀မ်းတည်းသောစိတ်ထားကိုပြန်လည်ဆန်းသစ်ကြစို။

ဤစာအုပ်သည် လူတို့အားမျှော် လင့်ချက်နှင့်စိတ်တစ်စိတ်တစ်၀မ်းတည်းထားတတ်သောခံစားချက်အသစ်ကိုပြန်လည်လှုပ်နိုးရှင်သန်လာစေလိမ့်မည်ဟုရဟန်းမင်းကြီးကယုံကြည်သည်။ ယေဇူးသခင် ၏ရှင်ပြန်ထမြောက်ခြင်းကိုဇဝေ ဇဝါ ဖြစ်နေခဲ့သော ဧမာအုစ်ရွာသို့ပြန်သွားတပည့်တော်ကြီးနှစ်ပါးကဲ့ သို့ ၄င်းတို့၏မယုံကြည်နိုင်သောစိတ်ကိုယေဇူးသခင်သည်စိတ်ရှည်လက်ရှည်ရှင်းပြ၍ယုံကြည်လာစေခဲ့ သကဲ့သို့ကျွန်ုပ်တို့အားလည်းအဖော် ပြု၍ခရီးဆုံးရောက်အောင်ခေါ်ဆောင်ကာပြောင်းလဲမူကိုဖြစ်စေမည်။ ထို့နောက်ယေဇူးက ‘မကြောက်နှင့်။ အဘယ်ကြောင့်ဆိုသော်ငါသည်သေခြင်းကိုအောင်မြင်ခဲ့ပြီ’ ဟုမိန့် ကြားလိမ့်မည်။

စာအုပ်ပါအကြောင်းအရာ

‘စုစည်းခြင်းနှင့်မျှော်လင့်ခြင်း’ အမည်ရသောစာအုပ်ကို ဗာတီကန်ပုံနှိပ်တိုက်မှထုတ်ဝေမည်ဖြစ် သည်။ ဤစာအုပ်၏မူရင်းကိုဂျာမန်ဘာ သာ စကားဖြင့် ဇွန်လကရေးသားထုတ်‌ေ၀ခဲ့သည်။ အီတလီဘာ သာစကားဖြင့်မူယခင်အပတ်ကထုတ်ဝေခဲ့သည်။ ဤစာအုပ်၏အဓိကစာရေးသူဖြစ်သောကာဒီနယ် Walter Kasper ခရစ်ယာန်များစည်းလုံးညီညွှတ်ရေးကောင်စီ ၏အငြိမ်းစားဥက္ကဌဖြစ်သည်။ (၂၀၀၅) ခု နှစ်၌ ဖာသာရ် Augustin က ကာဒီနယ်အားကြည်ညိုလေးစားသောကြောင့် Walter Kasper အဖွဲ့ကိုဖွဲ့ စည်းတည်ထောင်ခဲ့သည်။ ထိုအဖွဲ့သည်ဖီလိုဆိုဖီ-သီဩလိုဂျီနှင့်ဆိုင်သော Vallendar ၌ဖွင့်လှစ်ထား သည့် Pallottines တက္ကသိုလ် ၏အစိတ် အပိုင်းလည်းဖြစ်သည်။ ဖာသာကိုယ်တိုင်သည်လည်းထိုကျောင်း တော်ကြီး၏ခရစ်ယာန်များစည်း လုံးညီညွှတ်ရေးကောင်စီ၌အကြံပေးအဖြစ်လည်းအမှုထမ်းဆောင်လျှက် ရှိသည်။

ဘာသာပြန် - ဖာသာရ်ကလဲမင့်အားတယ်

https://bit.ly/3gwb2cu

Add new comment

1 + 0 =