ရဟန်းမင်းကြီး၏အလျှူတော်ငါးရပ်ကိုကောက်ခံရန်ရွေ့ဆိုင်းလိုက်

ရဟန်းမင်းကြီး၏အလျှူတော်ငါးရပ်ကိုကောက်ခံရန်ရွေ့ဆိုင်းလိုက်

ရဟန်းမင်းကြီး၏အလျှူတော်ငါးရပ်ကိုကောက်ခံရန်ရွေ့ဆိုင်းလိုက်

ကက်သလစ်ဘာသာ၀င်တိုင်းရဟန်းမင်းကြီး၏သာသနာပျံ့ပွားရေးလုပ်ငန်းစဉ်၌ကူညီရန်အတွက်အလျှူတော်ငွေများနည်းများမဟူထည့်လျှူနေခဲ့သည်ကိုသိကြပေမည်။ ထိုအလှူကိုရဟန်းမင်းကြီး အလျှူဟုခေါ်ပါသည်။ ထိုအလျှူကိုနှစ်စဉ်ကောက်ခံ၍ရဟန်းမင်းကြီးရုံးတော်သို့ပေးပိုလျှက်ရှိသည်။

သို့ သော်ယခုနှစ်၌မူတစ်ကမ္ဘာလုံးကလက်ရှိကြုံတွေနေရသောအခြေအနေကြောင့်ရဟန်းမင်းကြီးက (၂၀၂၀) ခုနှစ်၏ရဟန်းမင်းကြီးအလျှူကိုစိန့်ပီတာနှင့်ပေါလ်တို့၏ပွဲနေ့ကြီးတွင် ယခင်လို ကောက်ခံမည့်အစား ယခု နှစ်၌မူဇွန်လ (၂၉) ရက်နေ့၌မကောက်ခံတော့ဘဲ (၂၀၂၀၊ အောက်တိုဘာလ၊ ၄) အာစီးစီမြို့မှစိန့်ဖရန် စစ်၏ပွဲနေ့သို့ပြောင်းရွေ့ကောက်ခံမည်ဖြစ်ကြောင်းပြောင်းလဲကြေငြာလိုက်ပါသည်။

ကက်သလစ်ဘာ သာတူများလည်းရဟန်းမင်းကြီး၏သာသနာပြုလုပ်ငန်းများယခုထက်ပိုမိုထိရောက်အောင်မြင်စေရန် နှင့်မိမိတို့၏အလျှူဖြင့်ရဟန်းမင်းကြီးနှင့်အတူသာသနာပြုနိုင်ရန်ပိုမိုရက်ရောစွာထည့်၀င်လျှူဒါန်းကြပါစို့။ Vatican News

ဘာသာပြန် ဖာသာရ် ကလဲမင့်အားတယ်

https://bit.ly/2ymnzhM

Add new comment

10 + 2 =