ရဟန်းမင်းကြီး၏သတင်းစာတွင် ပရိုတက်စတန် တစ်ဉီးပထမဆုံးနှင့် နှစ်ကြာရှည်စွာ ဆက်ကပ်ခဲ့

ရဟန်းမင်းကြီး၏သတင်းစာတွင် ပရိုတက်စတန် တစ်ဉီးပထမဆုံးနှင့် နှစ်ကြာရှည်စွာ ဆက်ကပ်ခဲ့

ရဟန်းမင်းကြီးတို့၏သတင်းစာဟုပြောလိုက်လျှင် အချို့ကက်သလစ်ဘာသာတူများပင် မည်သည့်သတင်းစာကိုရည်ညွှန်းသည်ကိုသိသူရှိသကဲ့သို့ မသိသူများလည်းရှိကြမည်မှာသေချာပါသည်။ ဤသတင်း စာကို ရဟန်းမင်းကြီး ပီအုစ့် (၉) မှ (၁၈၆၁) ခုနှစ်၊ ရောမမြို့၌စတင်ပုံနှိပ်ထုတ်‌ေ၀ခဲ့သည့် သတင်းစာဖြစ်သည်။

ဤသတင်းစာကိုရဟန်းမင်းကြီးတို့၏ သတင်းစာဟုအလွယ်ခေါ်ရခြင်းမှာ ဗာတီကန်မှကုန်ကျစရိတ်ထုတ်ပေးထားသော ကြောင့်ဖြစ်ပါသည်။ သို့သော်အစပိုင်း၌ ‘Roman journal’ (ရောမမြို့သတင်းစာ) ဟုအမည်ပေးခဲ့သည်။

ဗာတီကန်မှကုန်ကျစရိတ်ထုတ်ပေးလေ့ရှိသော်လည်း အစပိုင်၌မူ ဗာတီကန်၏မူပိုင်အပြည့်အ၀မဖြစ်ခဲ့ဘဲ ရဟန်းမင်းကြီး လေအို (၁၃) ၏လက်ထက်ရောက်မှ သာသနာတော်ကြီး၏လိုအပ်ချက်တစ်ခုလည်းဖြစ်သောသတင်းစာကိုဗာတီကန်မူပိုင်အဖြစ် (၁၈၉၀) တွင်အပြီး၀ယ်ယူခဲ့သည်။ ဤသတင်းစာသည် တစ်ပတ်မှတစ်ကြိမ်သာပုံနှိပ်ထုတ်‌ေ၀လေ့ရှိသည်။

ဤသတင်းစာ၌ အာဂျင်တီးနားနိုင်ငံမှ စာရေးဆရာ Marcelo Figueroa ၏ ‘Reconciled diversity’ (အသွင်မတူသောနည်းဖြင့်ရင်ကြားစေ့ခြင်း) စာအုပ်မှအပိုင်းလိုက် (၆) နှစ်တာမျှထည့်သွင်းဖော်ပြခြင်းခံခဲ့ရသည်။ အထက်ကဆိုခဲ့သောစာရေးဆရာသည် ကက်သလစ်ဘာသာတူမဟုတ်ပေ။ သူသည်အာဂျင်တီးနားနိုင်ငံသားဖြစ်သည်။ ရဟန်းမင်းကြီးဖရန်စစ် အာဂျင်တီးနား၌သီတင်းသုံးစဉ်က ဘာသာအချင်းချင်းတွေ့ဆုံ ဆွေးနွေးဖလှယ်သည့်အစီအစဉ်များစွာ၌ နှစ်ပေါင်း (၂၀) ကျော်ကြာမျှအတူတကွလုပ်ဆောင်ခဲ့သည်။ သူသည် ‘ပရိုတက်စတန်’ တစ်ဦး ဖြစ်သည်။

တီဗွီအစီအစဉ်တစ်ခုဖြစ်သည့် ‘Bible, Current Dialogue’ (သမ္မာ ကျမ်းစာနှင့်ခေတ်ရေစီးစကား၀ိုင်း) ကိုလည်း ရဟန်းမင်းကြီးဖရန်စစ် (ယခင်က ကာဒီနယ်)၊ Marcelo Figueroa၊ ဂျူးဘာသာရေးခေါင်းဆောင် Rabbi Skorka တို့နှင့်တွဲဖက်တင်ဆက်ခဲ့ဖူးသည်။

Marcelo Figueroa အတွက် ရဟန်းမင်း ကြီးဖရန်စစ်သည် ပြောင်းလဲသွားခြင်းမရှိ။ ယခင်ကာဒီနယ်အမှုတော်ထမ်းသည့်အချိန်ကကဲ့သို့ပင်ခင်မင်ရင်းစွဲရှိသကဲ့သို့လေးစားမှုလည်းရှိကြောင်း၊ သို့သော် လက်ရှိ၌ မူသူ၏အမှုတော်ကြောင့်သာယခင်ကကဲ့သို့တွေ့ဆုံလုပ်ဆောင်မှုမရှိတော့ခြင်းသာဖြစ်သည်ဟုပြောပါသည်။

ရဟန်းမင်းကြီးဖရန်စစ်သည် သူ၏ ဥယျောဇဉ်ကိုလည်းစေ့စေ့စပ်စပ်ဖတ်လေ့ရှိသည်။ မိတ်ဆွေများဖြစ်ကြသောကြောင့် ယခုလည်းမကြာခဏတွေ့ဆုံလေ့ရှိကြောင်း၊ ယခုနှစ်မတ်လက Marcelo Figueroa သည်ဗာတီကန်သို့လာရောက်လည်ပတ်ခဲ့သည်။ ထို့အတူ ယခုရက်ပိုင်းကလည်းသူ၏စာအုပ်ကိုလက်ဆောင်ပေးရန် သွားရင်းထပ်မံသွားရောက်လည်ပတ်ခဲ့သည်။

Marcelo Figueroa သည် ရဟန်းမင်းကြီးတို့၏သတင်းစာ၌ (၉) နှစ်တာစာရေးသား၍လက်တွဲလုပ်ဆောင်ခဲ့သော ပထမဦးဆုံး ပရိုတက်စတန်တစ်ဦးဖြစ်သည်။

အာဗီအေဘာသာပြန်-ဖာသာရ်ကလဲမင့်အားတယ်

http://bitly.ws/PCqC

Add new comment

6 + 0 =