ရဟန်းမင်းကြီး၏ဘာစီးလီကားများကိုဘုရားဖူးများအားပြန်လည်ဖွင့်လှစ်ပြသနိုင်ရန်အပြင်ဆင်နေ

ရဟန်းမင်းကြီး၏ဘာစီးလီကားများကိုဘုရားဖူးများအားပြန်လည်ဖွင့်လှစ်ပြသနိုင်ရန်အပြင်ဆင်နေ

ရဟန်းမင်းကြီး၏ဘာစီးလီကားများကိုဘုရားဖူးများအားပြန်လည်ဖွင့်လှစ်ပြသနိုင်ရန်အပြင်ဆင်နေ

ရောမတွင်ဘာစီးလီကာဘုရားကျောင်းကြီးလေးကျောင်းရှိသည်။ ၄င်းတို့မှာစိန့်ပီတာ၊ စိန့်ပေါလ်၊ စိန့်ယောဟန်နှင့်စိန့်မေရီဘာစီးလီကာတို့ဖြစ်ကြသည်။ ထိုဘာစီးလီကာများကိုရဟန်းမင်း ကြီး၏ဘာ စီးလီကာများဟုဂုဏ်ပြုခေါ်ဆိုကြသည်။ ထိုဘာစီးလီကာများကိုဘုရားဖူးများဖူး ခွင့်ကိုပိတ်ထားခဲ့သည် မှာနှစ်လကျော်နေပြီဖြစ်သည်။

လာမည့်မေလ (၁၈) ရက်နေ့၌အီတလီအစိုးရ ၏ခွင့်ပြု ချက်ဖြင့်ကျန်းမာ ရေး၀န်ကြီးဌာနကသတ်မှတ်ညွှန်ကြားထားသည့်အတိုင်းလိုက်နာကာဘုရားကျောင်းများကိုဘုရားဖူး များ၊ ဘာသာတူများအားဖွင့်လှစ်ပေးတော့မည်ဖြစ်သည်။ ထို့ကြောင့်ဘုရားကျောင်းကြီးများ၌ပြင်ဆင် စရာရှိသည်များကိုပြင်ဆင်နေကြသည်။

ဗာတီကန်သတင်းဌာန၏ အကြီး အကဲဖြစ်သောမာတေးအိုဘရူးနီကဗာတီကန်နှင့်စပ်လျင်း၍သတင်းသမားများအားသတင်ပေးပို့လိုက်သည်။ ပြီးခဲ့သောကြာသပတေးနေ့မွန်းလွှဲပိုင်းကဗာတီကန်အ တွင်းရေးမှူးကစီစဉ်သောအစည်းအဝေးသို့တက်ရောက်ခဲ့ကြောင်း၊ ထိုအစည်းအ​ေဝေး၌အီတလီရှိဘုရားကျောင်းများသည်လာမည့်မေလ (၁၈) ရက်နေ့တွင်ပြန်လည်ဖွင့်လှစ်ခွင့်ပြုမည်ဖြစ်ကြောင်း၊ မစ္ဆားတရားများနှင့်ဘာသာရေး၀တ္တရားများပုံမှန်အတိုင်းပြန်လည်ကျင်းပခွင့်ပြုမည်ဖြစ်ကြောင်း၊ သို့ သော်ဘာသာတူများ၏ကျန်းမာရေးစောင့်ရှောက်မူကိုတင်းကြပ်စွာစီစဉ်ပေးထားရမည်ဖြစ်ကြောင်း၊ အ ထူးကြပ်မတ်လုပ်ဆောင်ရမည့်အချက်ကားဘုရားကျောင်းလာတက်ရောက် သူများ၏ကိုယ်အပူချိန်ကိုတိုင်းတာခြင်းဖြစ်ကြောင်းပြောကြားထားပါသည်။

ဘာသာပြန် ဖာသာရ်ကလဲမင့်အားတယ်

https://bit.ly/2WA9fLW

Add new comment

6 + 14 =