ရဟန်းမင်းကြီး၏ခရစ္စမတ်နှုတ်ဆက်ဆုတောင်းနှင့်လက် ဆောင်များကိုကလေးဆေးရုံသို့သွားရောက်လှူဒါန်းပေးခဲ့

ရဟန်းမင်းကြီး၏ခရစ္စမတ်နှုတ်ဆက်ဆုတောင်းနှင့်လက် ဆောင်များကိုကလေးဆေးရုံသို့သွားရောက်လှူဒါန်းပေးခဲ့

‘ဆုတောင်းခြင်းသည်ဗိုင်းရပ်စ်ပိုးထက်သန်စွမ်းသည်’ ဟု ကာဒီနယ် Pietro Parolin က Bambino Gesù က လေးဆေးရုံမှလူနာများနှင့်ဆေးရုံ ၀န်ထမ်းများကိုအားပေးစကား ပြောကြားခဲ့သည်။

အမှန်မှာဤစကားသည် သူ၏စကား မဟုတ်ဘဲ ဆေးရုံသို့တက်ရောက်ခဲ့သောလူနာလူငယ်တစ်ဦးမှပုံရေးဆွဲ၍ ရေးသားခဲ့ခြင်းကိုပြန်လည်ကိုးကားခြင်းဖြစ်သည်။ ဤဆေးရုံသည်ဗာတီကန်နှင့်မ‌ေ၀းလှပေ။ ကာဒီနယ်အားဆေးရုံအုပ် Mariella Enoc မှကြိုဆိုခဲ့ပြီး၊ ၀န်ထမ်းများအား ကိုး ဗစ်ရောဂါမပျံ့ပွားရေး ‘စံ’ သတ်မှတ်ချက်အတိုင်းသာတွေ့ဆုံနိုင်ခဲ့သည်။

‘လူကိုယ်တိုင်နီးကပ်စွာနှုတ်ဆက်ခွင့်မရသော်လည်း နည်းပညာအကူအညီဖြင့်ယခုကဲ့သို့ တွေ့ဆုံခွင့်ရသည့်အ တွက်လည်းဘုရားသခင်ကိုကျေးဇူးတင်ကြောင်း၊ သို့သော်ကူးစက်ရောဂါကြောင့်မျက်နှာချင်း ဆိုင်မတွေ့နိုင်သည်ကိုစိတ်မ ကောင်းဖြစ်ရကြောင်း၊ သင်တို့အားလုံးကိုလှိုက်လှဲနွေးထွေးစွာနှုတ်ဆက်ပါကြောင်း၊ သင်တို့၏နှုတ်ဆက်ဆုတောင်းကို လည်းရဟန်း မင်းကြီးထံသို့အရောက်ပို့ပေးမည်ဖြစ်ကြောင်း၊ သင်တို့ ၏ရက်ရောသော၊ အထူးသတိရှိသော၊ စွမ်းရည်ပြည့်၀ သော၊ ထင်သာမြင်သာသော၊ လူမသိသူမသိအောင်လုပ်ရသောအလုပ်များအားလုံဂအတွက်ကျေးဇူးတင်ပါကြောင်း၊ ကူး စက်ရောဂါဖြစ်ပွားမူနှုန်းမြှင့်တက်နေစဉ်ကလည်း သင်တို့၏အလွန်မြန်ဆန်ပြီး၊ ထိရောက်သော၀န်ဆောင်မူများအတွက် ကျေးဇူးတင်ပါကြောင်း၊ ဆေးရုံသည်ကာယပိုင်းဆိုင်ရာသည်သာမဟုတ်ဘဲ ၀ိညာဉ်ရေးရာလည်းနွယ်ဆက်နေ သည်။ အ ဘယ်ကြောင့်ဆိုသော် ကလေးသူငယ်တို့၏ အသက်ကိုခြိမ်းခြောက်နေသော ကိုးဗစ်နှင့်အခြားသောရောဂါဆိုးများကဲ့သို့ သော်မကောင်းဆိုး၀ါးကိုတိုက်ထုတ်နေရသည်။ ကာဒီနယ်သည်ဆေးရုံ၏ဌာနအသီးသီမှကိုယ်စားလှယ်များနှင့်တွေ့ဆုံ နှုတ်ဆက်ပြီး၊ ဂုဏ်ပြုစကားဆိုကာအားပေးခဲ့သည်။

ဘာသာပြန်-ဖာသာရ်ကလဲမင့်အားတယ်

https://bit.ly/3mLBhxH

Add new comment

2 + 10 =