ရဟန်းမင်းကြီး၏ကိုယ်စားအဖြစ် ကာဒီနယ်ပါရိုလင်းကာမဲရွန်သို့သွားရောက်

ရဟန်းမင်းကြီး၏ကိုယ်စားအဖြစ် ကာဒီနယ်ပါရိုလင်းကာမဲရွန်သို့သွားရောက်

          ဗာတီကန်၏အတွင်းရေးမှူးဖြစ်သောကာဒီနယ်ပါရိုလင်းသည် ဖေဖော်၀ါရီလ (၂၈) ရက်နေ့ကကာမဲရွန်နိုင်ငံသို့ ရောက်ရှိသွားခဲ့သည်။ သူသည်ဖေဖော်၀ါရီလ (၃) ရက်နေ့အထိသီတင်းသုံးမည်ဖြစ်သည်။ သူနှင့်အတူမွန်ဆီညှော်အီဗန် ဆန်းတုစ့် (Msgr. Ivan Santus) လည်းပါသွားပါသည်။  

          ယခုကဲ့သို့ကြွရောက်ခြင်းသည် အမိသာသနာတော်ကြီးနှင့်ရဟန်းမင်းကြီး၏အာဖရိကအားဂရုစိုက်ကြောင်းပြသ ရန်ဖြစ်သည်။ အဘယ်ကြောင့် ဆိုသော်ကူးစက်မြန်ကိုးဗစ်ရောဂါကပ်ဆိုးကြီးကျရောက်နေချိန်၌ သိုးထိန်းတစ်ဦးအဖြစ်လူ သားချင်းစာနာသည့်အနေဖြင့်စေလွှတ်ခြင်းဖြစ်သည်။  အာဖရိကတိုက်သည်လူအရင်းအမြစ်အလွန်ကြွယ်၀သော်လည်းဒုက္ခ ပေါင်းစုံကြုံတွေ့နေရသည့်တိုက်လည်းဖြစ်သည်။ ယခုကဲ့သို့စေလွှတ်၍ကြည့်ရူစေခြင်းသည် ‘လူ့သားထုကိုကာကွယ်ရန်၊ လူ့ဂုဏ်သိက္ခာကိုထိန်းသိမ်းမြှင့်တင်ရန်၊ အများကောင်းကျိုးကိုပြုရန်မှာအားလုံးနှင့်ဆိုင်သည်။ အားလုံးအားပေး ထောက်ခံ ရမည်။ အဘယ်သူကိုမျှချန်လှပ်ထား၍မရသည်ကိုပြသရန်ဖြစ်သည်။ ထို့အတူစာနာတတ်ရန်၊ အချင်းချင်းကြား၌ကြေအေး ပြီးကုစားကြရန်၊ အချင်းချင်းလေးစားကြရန်၊ အချင်းချင်း၏အခြေအနေကိုလက်ခံတတ်ရန် ကိုမီးမောင်းထိုးပြရန်ဖြစ်သည်။  ရဟန်းမင်းကြီးသည် ဤထောက်ရူချက်ကို (၂၀၂၁၊ ဇန္န၀ါရီလ၊ ၁) ရက်နေ့က (၅၄) ကြိမ်မြောက်ကမ္ဘာ့ငြိမ်းချမ်းရေးနေ့သ တင်းစကား၌ ‘ဂရုစိုက်တတ်ခြင်းသည်ငြိမ်းချမ်းရေးဆီသို့ဦးတည်သောလမ်းကြောင်း’ ဖြစ်သည်ဟုမိန့်ကြားခဲ့သည်။   

          ကာဒီနယ်သည်ယခုခရီးစဉ်၌ အာဏာပိုင်အသီးသီးနှင့်လည်းတွေ့ဆုံရန်နှင့်ဘာသာရေးအဖွဲ့အစည်းများနှင့်လည်း တွေ့ဆုံရန်စီစဉ်ထားသည်။ ကာဒီနယ်သည် Bamenda ဘုရားကျောင်းတော်ကြီး၌မစ္ဆားတရားပူဇော်မည်ဖြစ်သည်။ ထို မစ္ဆားတရားပူဇော်စဉ်၌ ဂိုဏ်းချုပ်ဆရာတော် Andrew Nkea Fuanya အားဂိုဏ်းချုပ်ဆရာတော်၏စလွယ်ကိုပေးအပ် မည်ဖြစ်သည်။ ကာဒီနယ်သည Yaoundé ၌ဖွင့်လှစ်ထားသော “Household of Hope” (ငြိမ်းချမ်းရေး၏အိမ်တော်) အမည်ပေးထားသောနေရာသို့လည်းကြွရောက်မည်ဖြစ်သည်။ ဤနေရာကို လွန်ခဲ့သော နှစ် (၄၀) ကဂျက်ဆွီစ်ဘုန်းတော် ကြီး Yves Lescanne မှဖွင့်လှစ်ထားပေးခဲ့ပြီး၊ လေလွှင့်လူငယ်များ၊ အိမ်ယာမဲ့ကလေးများကိုစောင့်ရှောက်ပေးသောနေရာ ဖြစ်သည်။ 

Add new comment

8 + 12 =