ရဟန်းမင်းကြီးအရှင်သူမြတ် သည် အမိမယ်တော်မာရီယား ၏ ခြေတော်ရင်း၌ ရောမမြို့ နှင့် တစ်ကမ္ဘာလုံးအတွက် ဆုတောင်းတော်မူခဲ့

ရဟန်းမင်းကြီးအရှင်သူမြတ် သည် အမိမယ်တော်မာရီယား ၏ ခြေတော်ရင်း၌ ရောမမြို့ နှင့် တစ်ကမ္ဘာလုံးအတွက် ဆုတောင်းတော်မူခဲ့

ပြီးခဲ့သော အင်္ဂါနေ့က ပုပ်ရဟန်း မင်းကြီးဖရန်စစ်အရှင်သူမြတ်သည် မိုးရွာနေသည်ကိုပင် အမှုမထားဘဲ Piazza di Spangna ရှိ အမိမယ် တော်မာရီယား၏ ဆင်းတုတော်ရှေ့တွင် သဒ္ဓါကြည်ညိုမှု ပြုခဲ့ကာ အမိမယ်တော်မာရီယားကို ဂုဏ်ပြုသောအားဖြင့် စိန့်မေရီမေဂျာ ဘာစီလီကာရှိ မြေ အောက်သချိုင်းဂူတွင် မစ္ဆားတရားပူဇော်ခဲ့သည်။

ရဟန်းမင်းကြီးရုံးတော်မှ သတင်းထုတ်ပြန်ရေးဒါရိုက် တာ Matteo Bruni၏ ပြော ဆိုချက်အရ ရဟန်း မင်းကြီးအရှင်သူမြတ်သည် အာ ရုဏ်တက်ချိန် မိုးရွာထဲတွင် အမိမယ်တော်မာရီယား၏ ဆင်း တု တော် ခြေရင်း၌ နှင်းဆီပန်းစည်းကိုထားပြီး ရောမမြို့နှင့် ထိုနေရာတွင် အခြေချနေထိုင်သူများအား ချစ်ခြင်းမေတ္တာဖြင့် ကြည့်ရှုစောင့်ရှောက်ပေးရန် ဆုတောင်းတော်မူခဲ့ပြီး တစ်ကမ္ဘာလုံးတွင်ရှိနေကြသောသူများ အထူးသဖြင့် နေမကောင်းဖြစ်နေသူများနှင့် စိတ်ဓာတ်ကျနေသူများအား အမိမယ်တော် ၏လက် တွင် အပ်နှံခဲ့သည်။

ဘာသာပြန်-Bro.Patrick Aye Shine Aung

https://bit.ly/37RYxok

Add new comment

11 + 9 =