ရဟန်းမင်းကြီးအရှင်သူမြတ်၏ အားကစားနှင့်ပတ်သက်သော မှတ်သားဖွယ်ရာစကားများကို စုစည်းကာ ဗာတီကန်မှ စာအုပ်ထုတ်ဝေ

ရဟန်းမင်းကြီးအရှင်သူမြတ်၏ အားကစားနှင့်ပတ်သက်သော မှတ်သားဖွယ်ရာစကားများကို စုစည်းကာ ဗာတီကန်မှ စာအုပ်ထုတ်ဝေ

ရဟန်းမင်းကြီးအရှင်သူမြတ်၏ အားကစားနှင့်ပတ်သက်သော မှတ်သားဖွယ်ရာစကားများကို စုစည်းကာ ဗာတီကန်မှ စာအုပ်ထုတ်ဝေ

အားကစားသမားများအတွက် ရဟန်းမင်းကြီးအရှင်သူမြတ် မြွက်ကြားခဲ့သော မှတ်သားဖွယ်စကားများကို စုစည်းကာ “အားကစားသမားများအတွက် ရဟန်းမင်းကြီးအရှင်သူမြတ်၏ အရေးကြီးဆုံး မ်ိန့်ခွန်းများ”အမည်ဖြင့် ဗာတီကန်မှ စာအုပ်ထုတ်ဝေလိုက်ပြီဖြစ်သည်။

ထိုစာအုပ်တွင် အီတလီဘောလုံးကစားသမား Francesco Totti၊ ကင်ညာမာရသွန်အပြေးသမား Taegla Loroupe နှင့် အောက်ပိုင်းမသန်သော ဖော်မြူလာဝမ်းကားမောင်းသမား Alex Zanardiတို့၏ သာဓကများလည်း ပါဝင်သည်။ ဇွန်လ(၁၉)ရက်နေ့တွင် ကျင်းပသော အောက်ပိုင်းမသန်သူများ၏ handcyclingပြိုင်ပွဲတွင် အသက် (၅၃)နှစ်ရှိပြီဖြစ်သော Zanardiသည် ပြင်းထန်သော မတော်တဆမှုတစ်ခု ကြုံတွေ့ခဲ့ရသည်။ ရဟန်းမင်းကြီးအရှင်သူမြတ်မှ “သင်၏ဖြစ်ရပ်သည် ရုတ်တရက် ရပ်သွားရာကနေ ဘယ်လိုပြန်စရမလဲဆိုတာအတွက် နမူနာဖြစ်တယ်။

သင့်ရဲ့ မသန်စွမ်းဖြစ်ခြင်းကို လူ့လောကအတွက် သင်ခန်းစာအဖြစ်နဲ့ အားကစားအားဖြင့် ဘ၀ကို အဓိပ္ပါယ်ရှိရှိ ဘယ်လိုအသက်ရှင်ရမလဲဆိုတာကို သင် ပြသခဲ့တယ်”ဟူသော စကားများအားဖြင့် သူ့ထံ ကျေးဇူးတင်ကြောင်း စာလွှာပါးခဲ့သည်။

၂၀၁၆ခုနှစ် ဗာတီကန်အားကစားညီလာခံဖွင့်ပွဲတွင် ရဟန်းမင်းကြီး အရှင်သူမြတ်မှ “အားကစားသည် လူ့ဘ၀ကိုမြှင့်တင်စေနိုင်သည့် တန်ဖိုးရှိသော လူသားတို့၏ လုပ်ဆောင်မှုဖြစ်ပြီး သာသနာတော်ကြီးအနေဖြင့် ကမ္ဘာ့အားကစားများထဲတွင် ၀မ်းမြောက်ဖွယ်ရာသတင်းကောင်းနှင့် လူသားအားလုံးအပေါ်ထားသော ဘုရားရှင်၏ အကြွင်းမဲ့ချစ်ခြင်းကို သယ်ဆောင်ရန် ကြိုးပမ်းလျှက်ရှိကြောင်း” မိန့်မြွက်ခဲ့ဖူးသည်။

 

ဘာသာပြန် - Bro.Patrick Aye Shine Aung

https://bit.ly/2YT2SUx

 

 

 

Add new comment

7 + 1 =