ရဟန်းမင်းကြီးအရှင်သူမြတ်လှူဒါန်းသော ဆေးရုံသုံးပစ္စည်းများ ဘရာဇီးလ်နိုင်ငံ Sao Lucasဆေးရုံသို့ ရောက်ရှိ

COVID-19 ကပ်ဘေးဖြစ်ပွားနေသည့်တစ်လျှောက် ရဟန်းမင်းကြီး ဖရန်စစ်အရှင်သူမြတ်သည် ရောဂါဖြစ်ပွားနေသော နယ်နိမိတ်တွင်နေထိုင်သူများနှင့် အထူးလိုအပ်နေသူများအား သူ၏ဂရုဏာတရားကို ပြသလျှက်ရှိသည်။ လွန်ခဲ့သောလအနည်းငယ်ကလည်း ရဟန်းမင်းကြီးအရှင်သူမြတ်သည် ဆေးပစ္စည်းများကို ဘရာဇီးလ်နိုင်ငံ နယ်စွန်နယ်ဖျားဒေသများတွင် ဂရုဏာလုပ်ငန်းလုပ်ကိုင်နေကြသော အဖွဲ့အစည်းများသို့ ပေးပို့လှူဒါန်းခဲ့သေးသည်။

ဤပစ္စည်းများကို အထူးလိုအပ်နေသော နေရာများတွင် အသုံးပြုသွားမည်ဖြစ်ပြီး ယခုအခြေအနေတွင်မူ COVID-19ဝေဒနာရှင်များအတွက်သာ အသုံးပြုသွားမည်ဖြစ်သည်။ ဆေးပစ္စည်းများကို လက်ခံရယူပေးသော Bro. Evilazio Teixeiraမှ “သာသနာတော်အနေဖြင့် လူ့ဘ၀ကိုမြှင့်တင်ခြင်းနှင့် ဂရုဏတရားအားဖြင့် သာသနာပြုခြင်း လုပ်ဆောင်သူများကို ယခုကဲ့သို့ စည်းလုံးခြင်း၏ ပြယုဂ်ဖြင့် အားပေးရန် အရေးကြီးကြောင်း” ပြောဆိုခဲ့သည်။

ဘရာဇီးလ်နိုင်ငံသည် COVID-19ကပ်ရောဂါ၏ ရိုက်ချက်ကို အပြင်းအထန်ခံခဲ့ရသည်။ Rio Grande do Sulပြည်နယ်တွင် COVID-19ရောဂါ ကူးစက်မှု ၁၁၅,၀၀၀ ကျော်ရှိခဲ့ပြီး ရောဂါကူးစက်မှုကြောင့် လူပေါင်း(၃၀၀၀)ကျော် သေဆုံးခဲ့ရသည်။

ဘာသာပြန် - Bro.Patrick Aye Shine Aung

https://bit.ly/2QOgcFu

Add new comment

1 + 0 =