ရဟန်းမင်းကြီးအရှင်သူမြတ်မှ လူထုပရိတ်သတ်အား အထွေ ထွေဆုတောင်းခြင်းကို ရှင်းပြတော်မူခဲ့

ရဟန်းမင်းကြီးအရှင်သူမြတ်မှ လူထုပရိတ်သတ်အား အထွေ ထွေဆုတောင်းခြင်းကို ရှင်းပြတော်မူခဲ့

ရဟန်းမင်းကြီး ဖရန်စစ်အရှင်သူမြတ်သည် ဘုရားစကားသင်ကြားနေစဉ်အတွင်း အထွေထွေ ဆုတောင်းခြင်း၏ အရေးကြီးပုံကို သင်ပြခဲ့သည်။ “သခင်ယေဇူး ပြုလုပ်တော်မူခဲ့သကဲ့သို့ပင် ကက်သလစ်များသည်လည်း အခြားသူ များ၏ လိုအပ်ချက်များကို မသိကျိုးကျွံမပြုဘဲ အခြားသူ များ၏ ၀မ်းနည်းကြေကွဲမှုများ၊ ကြောက်ရွံ့မှုများအတွက် နှလုံးသားများကို ဖွင့်ထားကြရန်လိုကြောင်း” ရှင်းပြခဲ့သည်။ ဒုက္ခရောက်နေသောသူများ၊ မည်ကဲ့သို့ဆုတောင်းရမည်ကို မသိသောသူများနှင့် ဘ၀တွင် လမ်းပျောက်နေသော သူများအတွက် ပိုပြီး ဆုတောင်းပေးရန်လိုကြောင်း ထပ်လောင်းပြောကြားခဲ့သည်။

အထွေထွေဆုတောင်းခြင်းသည် ကက်သလစ်တိုင်းအ တွက် အရေးကြီးသော တာ၀န်တစ်ရပ်ဖြစ်ပြီး အမိသာသနာတော်ကြီးမှ အားလုံးအတွက်တောင်းလျှောက်ပေးရန် တာ ၀န်ရှိသော်လည်း ယခုတာ၀န်သည် အထူးသဖြင့် မိဘ၊ ဆ ရာ၊ ရဟန်းဘုန်းတော်ကြီးများကဲ့သို့သော တာ၀န်ရှိသူများအပေါ်တွင် ပို၍ ကျရောက်

လျှက်ရှိကြောင်း ရဟန်း မင်း ကြီး အရှင်သူမြတ်မှ အလေး ပေးပြောကြားခဲ့သည်။

ဘာသာပြန်-Bro.Patrick Aye Shine Aung

https://bit.ly/3nzX6Sh

Add new comment

4 + 4 =