ရဟန်းမင်းကြီးအရှင်သူမြတ်မှ ဆေးရှဲလ်နိုင်ငံအတွက် ဆရာ တော်အသစ်ခန့်အပ်

ရဟန်းမင်းကြီးအရှင်သူမြတ်မှ ဆေးရှဲလ်နိုင်ငံအတွက် ဆရာ တော်အသစ်ခန့်အပ်

ရဟန်းမင်းကြီးအရှင်သူမြတ်မှ ဆေးရှဲလ်နိုင်ငံအတွက် ဆရာ တော်အသစ်ခန့်အပ်

ရဟန်းမင်းကြီးအရှင်သူမြတ် သည် ၂၀၀၂ကတည်းက ဗစ်တိုးရီးယားသာသနာ၏ ဆရာ တော်အဖြစ် တာ၀န်ထမ်းဆောင်ခဲ့သော ဆရာတော် Denis Wiehe၏ ပင်စင်လျှောက်ခြင်းကို ရဟန်း မင်း ကြီးအရှင်သူမြတ်မှ လက်ခံခဲ့ပြီး ဆရာတော် Alian Harel အား ဆေးရှဲလ်နိုင်ငံ၏ မြို့ တော် ဗစ်တိုးရီးယားသာသ နာ၏ သိုးထိန်းဆရာတော်အဖြစ် ခန့်အပ်ခဲ့သည်။ ယခုအချိန်အထိ မော်ရီးစီးယုစ်(Mauritius)နိုင်ငံ Rodrigues ကျွန်းရှိ သာသနာတော်၏စီမံခန့်ခွဲသူဖြစ်သည်။ဆရာတော် Alian Harelသ ည် ၁၉၅၀ခုနှစ် ဇွန်လ ( ၂၄) ရက်နေ့တွင် Mauritiusနိုင်ငံ Quatre-Bornesမြို့၌ ဖွားမြင်ခဲ့သည်။ Lorrette de Quatre-Bornesတွင် မူလတန်း၊ College du Saint- Espritတွင် အလယ်တန်း သင်ယူခဲ့သည်။

အသက်(၂၀)တွင် Angersနှင့် Nantesမြို့တို့တွင် ရဟန်းဖြစ်သင်ကျောင်းသား ဖြစ်ခဲ့ပြီး ဒသနိကဗေဒနှင့် ဓမ္မသဂြိုလ်ပညာရပ်တို့ကို ဆည်းပူးခဲ့သည်။ ၁၉၇၈ခုနှစ် စက်တင် ဘာ(၃)ရက်နေ့တွင် ရဟန်းသိက္ခာခံယူခဲ့ပြီး Port-Louis သာသနာတွင် တာ၀န်ထမ်းဆောင်ခဲ့သည်။ သံတာဟယ်လင်နား ဘာစီလီကာ၏ ကျောင်း 344ŕထိုင်အဖြစ် တာ၀န်ယူခဲ့သကဲ့သို့ ရှင်ဂါဗြီအဲလ် သန့်ရှင်းစင်ကြယ်သောနှလုံးတော် သာသနာ၏ ကျောင်းထိုင်အဖြစ်လည်း တာ၀န်ယူခဲ့သည်။ Ŕ4၁၉၉၄)တွင် ဆရာတော် ဖြစ်လာခဲ့သည်။

(၂၀၀၀)ပြည့်နှစ်တွင် Forconioသာသနာအတွက်နှင့် Rodriguesကျွန်းအတွက် ဆရာတော်အဖြစ် ခန့်အပ်ခံခဲ့ရသည်။ (၂၀၀၂)ခုနှစ်၊ ဒီဇင် ဘာ(၈)ရက်နေ့တွင် Port- Louis၏ဆရာတော် Maurice Piatနှင့် သာသနာပြန့်ပွားရေးအဖွဲ့အစည်း၏ အတွင်းရေးမှူး ဆရာတော် Robert Sarah တို့ပါ၀င်ပြီး ကာဒီနယ် Jean Margeot၏ ဦးဆောင်မှုဖြင့် ဆရာတော်အဖြစ် တင်မြှောက်ခြင်း ခံခဲ့ရသည်။ ဆရာတော် Alian Harelသည် အိန္ဒယသမုဒ္ဒရာဆရာတော်ကြီးများအဖွဲ့၏ အဖွဲ့၀င်တစ်ယောက်လည်းဖြစ်သည်။

ဆေးရှဲလ်နိုင်ငံလူဦးရေ၏ (၇၆.၂)ခိုင်နှုန်းသည် ကက်သ လစ်ဘာသာ၀င်များဖြစ်ပြီး Rodriguesကျွန်းရှိ လူဦး ရေ၏ (၉၁.၃)ရာခိုင်နှုန်းမှာ ကက်သလစ်ဘာသာ၀င်များဖြစ်သည်။

ဘာသာပြန် - Bro.Patrick Aye Shine Aung
https://bit.ly/2Fghx5X

Add new comment

8 + 0 =