ရဟန်းမင်းကြီးအဆက်ဆက်အတွက်မုန့်ဖုတ်ပေးခဲ့သော မုန့်တိုက် သက်တမ်း (၉၃) နှစ်အကြာ ပိတ်ရတော့မည်

ရဟန်းမင်းကြီးအဆက်ဆက်အတွက်မုန့်ဖုတ်ပေးခဲ့သော မုန့်တိုက် သက်တမ်း (၉၃) နှစ်အကြာ ပိတ်ရတော့မည်

လက်ရှိဆိုင်ပိုင်ရှင်မှာ Angelo Arrigoniဖြစ်ပြီး (၇၉) နှစ်ရှိပြီဖြစ်သည်။ သူသည်မုန့်ဖုတ်လုပ်ငန်းဖြင့် အသက်မွေး၀မ်းကျောင်းခဲ့သူဖြစ်သည်။ သူသည်အသက်ငယ်ရွယ်စဉ်ကပင် အဖွားနှင့်အဖေဖြစ်သူတို့သည် ဗာတီကန်မှအလွန်ထူးခြားသောဖောက် သည်အားရောင်းချပေးသည်ကိုသတိထားစောင့်ကြည့်နေခဲ့သည်။ သူသည်ရဟန်းမင်းကြီးအတွက်မုန့်များသွားပို့သည့်အခါရဟန်းမင်းကြီး၏ဆွမ်းကိုပြင်ဆင်ပေးရသော စစ္စတာရ်ကတံခါးကိုဖွင့်ပေးလေ့ရှိကြောင်း၊ မုန့်ပို့ပြီးပြန်လာသောအခါ တစ်ခါတစ်ရံရဟန်းမင်းကြီးကို အဝေး မှလှမ်းဖူးရကြောင်း၊ တစ်ခါက ရဟန်းမင်း ကြီးသည်သူ့အားစကားပြောလိုကြောင်း စစ္စတာရ်ကပြောပြလာသည်။

ရဟန်းမင်းကြီးနှင့်စကားပြောနေ၍ထိုနေ့၌ အိမ်ပြန်နောက်ကျသွားရာဖခင်ကမသိရှာဘဲ အိမ်ပြန်နောက်ကြ ကြောင်း၊ ကျောင်းသွားလည်းနောက်ကျတော့မည်ဖြစ်ကြောင်း၊ သွက်သွက်လက်လက်အ၀တ်အစားများလဲရန်ပြောခဲ့ကြောင်း၊ ထို့အခါဖခင်ဖြစ်သူအား သူသည်ရဟန်းမင်းကြီးနှင့်စကားပြောနေခဲ့၍နောက်ကြရကြောင်းပြန်ပြောပြခဲ့ရကြောင်း၊ မည်သည့်အကြောင်းအရာများကိုပြောခဲ့သည်ကိုမှုမမှတ်မိတော့ကြောင်း အတိတ်က အမှတ်တရကိုပြန်ပြောပြလာပါသည်။

ဤမုန့်တိုက်သည် (၁၉၃၀) ရဟန်းမင်းကြီးပီအုစ် (၁၁) လက်ထက်မှစ၍ဗာတီကန်အားမုန့်များဖုတ်၍ပို့ခဲ့ရကြောင်း၊ နေ့စဉ် မုန့်လာယူသော၀န်ထမ်းသည် မုန့်ထည့်စရာကိုယူလာ၍ ဆိုင်သို့ရောက်လာသောအခါ အဖွား (သို့) အဖေက မုန့်များကိုသေချာကျနစွာထည့်ပေးပြီး ရဟန်းမင်း ကြီး၏ ဆွမ်းစားဆောင်သို့ယူသွားလေ့ရှိကြောင်းပြောပြသည်။

ဤမုန့်တိုက်သည် သက်တမ်အားဖြင့် (၉၇) နှစ်ရှိပြီဖြစ်ပြီး ဗာတီကန်နှင့်ကပ်လျှက်တည်ရှိသည်။ ရဟန်းမင်းကြီးတို့၏အကြိုက်သည်မတူကြဘဲ တစ်ပါးစီသည်အကြိုက်တစ်မျိုးဆီရှိကြသည်။ သူသည် ရဟန်းမင်းကြီးပီအုစ့် (၁၂) လက်ထက်မှသာမွေးဖွားခဲ့သည်။

ရဟန်းမင်းကြီးပီအုစ့် (၁၂) သည်ဆီဆမ်းသောပေါင်မုန့်ကိုနှစ်ခြိုက်သည်။ ရဟန်းမင်းကြီးဂျွန် (၂၃) မှာမူဘီစကွက်နှင့်ဆန်း၀ှီချ်ကိုနှစ် ခြိုက်သည်ဟုဆိုပါသည်။ သူဆုံ၍စကားပြောခဲ့ရသောရဟန်းမင်းကြီးမှာ ရဟန်းမင်းကြီးဂျွန် (၂၃) ဖြစ်သည်။ သူ့အနေဖြင့် ရဟန်းမင်းကြီးဘေးနေဒစ် (၁၆) ကိုမှုကောင်းစွာမှတ်မိသည်။ အဘယ် ကြောင့်ဆိုသော် ကာဒီနယ်ဘ၀ကတည်းကပင် သူ၏ဆိုင်သို့လာ၍ ပေါင်မုန့်ကို၀ယ်လေ့ရှိသောကြောင့်ဖြစ်သည်။ အစပိုင်း၌ သူ့အားကာဒီနယ်ဖြစ်သည်ဟုမသိခဲ့ကြောင်း အဘယ်ကြောင့်ဆိုသော် သူသည်အရပ်၀တ်ဖြင့်သာလာသောကြောင့်ဖြစ် သည်။

ရဟန်းမင်းကြီးဘေးနေဒစ် (၁၆) သည် တစ်ပတ်တစ်ကြိမ်ပုံမှန်လာ၍ တစ်ပတ်စာမုန့်ကို၀ယ်သွားလေ့ရှိသည်ဟုဆိုပါသည်။ ရဟန်းမင်းကြီးဖရန်စစ်ရဟန်းမင်းကြီးအဖြစ်ရွေးချယ်ခံရကြောင်း၊ သူသည်အာဂျင်တီးနားမှဖြစ် ကြောင်းကြားသိရသည်နှင့်အာဂျင်တီးနားနိုင်ငံ၌စားသောအရသာရှိသည့်ပေါင်မုန့်ကိုပြင်ဆင်၍အိမ်အလွမ်း ပြေပို့ပေးခဲ့ကြောင်း၊ နောက်ပိုင်း၌ ရဟန်းမင်းကြီးအနေဖြင့် သူ့အတွက်သီးသန့်အရသာကိုပြင်ဆင်ပေးခြင်းမျိုးကိုမပြုလုပ်ဘဲ ပုံမှန်ပေါင်မုန့်ကိုသာသုံးဆောင်မည်ဖြစ်ကြောင်းပြန်လည်အကြောင်းကြားလာ၍ ပုံမှန်သာ ပြင်ဆင်ပေးလျှက်ရှိကြောင်းပြောပါသည်။

ယခုအခါ အဆိုပါဆိုင်သည် စီးပွားရေးကျဆင်းလာသောကြောင့် ဆက်လက်ထိန်းသိမ်းထားရန်မဖြစ်နိုင်တော့၍ပိတ်ရတော့မည်ဖြစ်သည်။ ဗာတီကန်ရုံးတော်၀န်ထမ်းများသာမဟုတ်။ Borgo Pio လမ်း၌နေထိုင်ကြသော ရောမမြို့သားတို့လည်း အဆိုပါမုန့်တိုက်၏လက်ရာအရသာကိုတောင်းတကြရတော့မည်ဖြစ်သည်။

အာဗီအေဘာသာပြန်-ဖာသာရ်ကလဲမင့်အားတယ်

https://bit.ly/43sznYl

Add new comment

1 + 0 =