ရဟန်းမင်းကြီးသည် Czestochowa ဘုရားဖူးများနှင့်စိတ်အားဖြင့်ပါ၀င်

ရဟန်းမင်းကြီးသည် Czestochowa ဘုရားဖူးများနှင့်စိတ်အားဖြင့်ပါ၀င်

ရဟန်းမင်းကြီးသည် Czestochowa  ဘုရားဖူးများနှင့်စိတ်အားဖြင့်ပါ၀င် 

ဗုဒ္ဓဟူးနေ့ကရဟန်းမင်းကြီးသည်ပိုလန်စကားပြောဘုရားဖူးများအားနှုတ်ဆက်ရာတွင် ပိုလန်နိုင်ငံ ၏မယ်တော် Czestochowa ဆီသို့ဘုရားဖူးသွားကြသောထောင်သောင်းမကသည့်ပိုလန်ဘာသာတူများ၊ ဆရာတော်များနှင့်အတူရဟန်းမင်းကြီးစိတ်အားဖြင့်ပေါင်းစည်းလျှက်ဆုတောင်းနေကြောင်း၊ ဘုရားဖူးတို့ သည်မိမိတို့ကိုယ်ကိုလည်းကောင်း၊ မသားစုကိုလည်းကောင်း၊ နိုင်ငံကိုလည်းကောင်း၊ လူသားထုတစ်ရပ် လုံးကိုလည်းကောင်း မိခင်၏ကာကွယ်စောင့်ရှောက်ပေးမူကိုခံယူကာအပ်နှံကြရန်ရောက်ရှိနေကြသည်။

ရ ဟန်းမင်းကြီးဖရန်စစ်လည်း (၂၀၁၆) ကမ္ဘာ့လူငယ်ပွဲတော်သို့ကြွရောက်စဉ် မယ်တော်ရင်ပြင်သို့ဘုရားဖူး သွားရောက်ခဲ့သည်။ မယ်တော်ထံရောက်ရှိနေသောဘုရားဖူးများအား အားလုံးအတွက်သတိရဆုတောင်းပေးရန်၊ အထူး သဖြင့်မတူညီသောရောဂါများအနက်ကိုဗစ် (၁၉) ရောဂါကူးစက်ခံနေရသူများအားသက်သာပျောက်ကင်း ခြင်းရရှိစေရေးဆုတောင်းမေတ္တာတောင်းခံခဲ့သည်။

ပိုလန်ကက်သလစ်ဆရာတော်ကြီးများအနေဖြင့်၄င်းတို့၏ (၃၈၆) ကြိမ်မြောက်အစည်းအ‌ေ၀း ကိုထိုနေရာ၌ကျင်းပမည်ဖြစ်ရာ အစည်းအ‌ေ၀းမတိုင်မီဆရာတော်ကြီးများကြိုတင်တွေ့ဆုံခဲ့သည်။ ထိုအစည်းအ‌ေ၀းကိုကြာသပတေးနေ့၌စတင်မည်ဖြစ်သည်။ ဤအစည်းအ‌ေ၀းသည် ယခုနှစ်အ တွက်တစ်ကြိမ်တည်းသာကျင်ပနိုင်သေးသည်။

ပြီးခဲ့သောမတ်လနှင့်ဇွန်လများ၌ဤပုံမှန်အစည်းအ‌ေ၀း ၌ကိုဗစ် (၁၉) ကြောင့်ဖျက်သိမ်းခဲ့ရသည်။ မဲမှောင်သည့်အချိန်၌ဘုရားသခင်၏ကျေးဇူးတော်အမှတ်သကေ်တဖြစ်သည်။ အမိမယ်တော်အားသဒ္ဓါကြည်ညိုခြင်းသည် ပိုလန်နိုင်ငံခရစ်ယာန်ဖြစ်လာသည့်သမိုင်းကြောင်းကို ပြန်သွားရမည်ဖြစ်သည်။ ကြပ်တည်းသောအချိန်ကာလ၌ ဤကြည်ညိုခြင်းသည် အလွန်အရေးကြီးသော ဘုရားသခင်၏ကောင်းကြီးတော်အမှတ်လက္ခဏာဖြစ်သည်။ တစ်မျိုးသားလုံး၏အမှောင်ထုကြီးဆိုးလွှမ်း မိုးသွားချိန်ကလည်းကျေးဇူးတော်ကာလဖြစ်စေခဲ့သည်။

ကျွန်ုပ်တို့နိုင်ငံသားတစ်ဦးစီ၏မဲမှောင်ပြီး၊ မျှော် လင့်ချက်ပင်မရှိတော့သည့်ကာလများ၌အမိမယ်တော်သည်ကျွန်ုပ်တို့နှင့်အတူရှိနေပြီး၊ ကျွန်ုပ်တို့အတွက် မျှော်လင့်ချက်နှင့်ယုံကြည်ချက်ဖြစ်စေကြောင်း၊ သူသည်ယေဇူးသခင်ထံအရောက်သွားရန်အခရာကျသော လမ်းဖြစ်ကြောင်း၊ လမ်းတော်ကိုလည်းညွှန်ပြကြောင်းမယ်တော့်ဗိမာန်တော်၏တာ၀န်ခံ၊ ပြောရေးဆိုခွင့် ရှိသူဖာသာရ် Michal Legan ကရှင်ပြခဲ့သည်။ Czestochowa တော်အားအပ်နှံထားကြပါစို့။ တာ၀န်ခံဖာသာရ်ကဆက်လက်၍ ယခုဖြစ်ပွားနေသောရောဂါကပ်ဆိုးကြီးကာလ၌ ပိုလန်ပြည်သူ များသည် Czestochowa မယ်တော့်ကိုသာယုံကြည်အားကိုးပြီး၊ မယ်တော်၏ထပ်ဆင့်ဆုတောင်းပေးသည့် အကူအညီကိုမျှော်လင့်ခဲ့ကြသည်။

ထို့ကြောင့်နှစ်စဉ်ပိုလန်ကက်သလစ်ဆရာတော်ကြီးများသည်ပွဲတော် ရက်ဤနေရာ၌လာရောက်စုရုံးပြီး၊ ကြည်ညိုခြင်းကိုချစ်ခြင်း၊ မျှော်လင့်ခြင်းကိုဖော်ပြကာပိုလန်သည်အ မိမယ်တော်၏သားသမီးများဖြစ်ကြသည်။ သူ့အားကျွန်ုပ်တို့နိုင်ငံ၏ဘုရင်အဖြစ်ခံယူသည်။ လွန်ခဲ့သော လေးနှစ်ကရဟန်းမင်းကြီးဤနေရာသို့ဘုရားဖူးကြွစဉ်က ‘ပိုလန်နိုင်ငံသည်အလွန်ကျေးဇူးထူးကြောင်း၊ အဘယ်ကြောင့်ဆိုသော်ကျွန်ုပ်တို့မိခင်ကိုဘုရင်မအဖြစ်လည်းကောင်း၊ ကျွန်ုပ်တို့၏ဘုရင်မကိုမိခင်အဖြစ် လည်းကောင်း ဖြစ်ခွင့်ရကြသောကြောင့်ဖြစ်သည်ဟုမြွတ်ကြားခဲ့သည်။

ကိုဗစ် (၁၉) ရောဂါကပ်ဆိုးကာလ၌အမိမယ်တော်၏ထပ်ဆင့်ဆုတောင်းခြင်းကိုသာတောင်းခံခဲ့ရ ကိုဗစ် (၁၉) အရေးပေါ်ကာလ၌ ပိုလန်နိုင်ငံသားများသည်ဘာမျှမတတ်နိုင်။ အမိမယ်တော်၏ကူ ညီကာကွယ်မူကိုခံရသည်ယုံကြည်ကြသည်။ သူ၏ထပ်ဆင့်ဆုတောင်းခြင်းကိုလည်းတောင်းခံခဲ့ကြသည်။ ဤရောဂါစတင်ဖြစ်ပွားချိန်မှစ၍ဘုရားဖူးများကြဲပါးသွားခဲ့သည်။ ဘာသာတူများအနေဖြင့်စုစုရုံးရုံးဖြင့်ဘု ရား၀တ်ပြုခြင်းမပြုလုပ်နိုင်သော်လည်း မယ်တော်ကိုလည်းကောင်း၊ မယ်တော်၏ပုံတော်ကိုလည်းကောင်း ကြည်ညိုရင်းစွဲစိတ်ရှိသည်။ ဤသို့ချစ်ကြောင်းကိုကျန်ုပ်တို့၏နှလုံးသားထဲ၌သိနေသည်။ ထို့ကြောင့်ကိုဗစ် (၁၉) ကူးစက်ရောဂါခံစားနေရသူများ၊ လူနာများကိုပြုစုစောင့်ရှောက်ကုသပေးရသောကျန်းမာရေး၀န် ထမ်းများအတွက်နေ့စဉ်မယ်တော့်ထံပန်ကြားဆုတောင်းပေးလျှက်ရှိပါသည်ဟုတာ၀န်ခံဖာသာရ်မှရှင်းပြခဲ့ သည်။

 

ဘာသာပြန် - ဖာသာရ်ကလဲမင့်အားတယ်

https://bit.ly/3hGr9EM

 

Add new comment

2 + 5 =