ရဟန်းမင်းကြီးသည် ‘လာဇရူး’ အသင်း၏ (၁၀) ပြည့်နှစ်ပတ်လည်နေ့၌အားပေးဂုဏ်ပြုစကားမိန့်ကြားခဲ့

ရဟန်းမင်းကြီးသည် ‘လာဇရူး’ အသင်း၏ (၁၀) ပြည့်နှစ်ပတ်လည်နေ့၌အားပေးဂုဏ်ပြုစကားမိန့်ကြားခဲ့

ရဟန်းမင်းကြီးသည် ‘လာဇရူး’ အသင်း၏ (၁၀) ပြည့်နှစ်ပတ်လည်နေ့၌အားပေးဂုဏ်ပြုစကားမိန့်ကြားခဲ့

ဧဝံဂေလိကျမ်းစာတော်မြတ်၌ ‘လာဇရူး’ အမည်ဖြင့်နှစ်ဦးဖော်ပြထားသည်။ တစ်ဦးမှာယေဇူးသ ခင်နှင့်အလွန်ရင်းနှီးသောမာရ်းသာ၊ မာရိယာတို့၏မောင်၊ သေပြီးလေးရက်မြောက်မှယေဇူးသခင်ပြန် လည်ရှင်ပြန်စေခဲ့သူဖြစ်သည်။ ကျန်တစ်ဦးမှာယေဇူးသခင်၏မိုက် မဲသောသူ ဌေးတစ်ဦး၏ပုံဥပမာ၌ပါ လာသော ‘သူဖုန်းစားလာဇရူး’ ဖြစ်သည်။ (ရှင်လုကာ ၁၂း၁၆-၂၀) ထိုသူဖုန်းစား ‘လာဇရူး’ ကိုအစွဲပြု ၍ ‘လာဇရူး’ ဟုအသင်းအဖွဲ့တစ်ဖွဲ့ဖွဲ့စည်းထားသည်။

လူတစ်ဦး၏စစ်မှန်သောဂုဏ်သိက္ခာဖြစ်သည့်ခွင့်လွှတ်ခြင်းအကြောင်းကိုရဟန်းမင်းကြီးသည်ဤ အဖွဲ့နှင့်ဆွေးနွေးပြောဆိုဖြစ်သော အကြောင်းအရာများဖြစ်သည်။ ဤအဖွဲ့အစည်းပြင်သစ်နိုင်ငံ၌အခြေ စိုက်သောအဖွဲ့ဖြစ်သည်။ ၄င်းအဖွဲ့အစည်းကို ‘Lazare or Lazarus’ ဟုခေါ် ကြသည်။ ကိုဗစ် (၁၉) ကပ် ရောဂါဆိုးကိုကာကွယ်သည့်အနေဖြင့်အဖွဲ့၀င် (၉) ဦးကိုသာ မေလ (၂၉) ရက်နေ့ ရဟန်းမင်းကြီးသီ တင်းသုံးသော ဗာတီကန်၀င်းအတွင်းရှိ Casa Santa Marta ၌လက်ခံတွေ့ဆုံနိုင်ခဲ့သည်။ အဘယ် ကြောင့်ဆိုသော်ယခုနှစ်ဤအသင်းတည်ထောင်ခြင်း (၁၀) ပြည့်နှစ်ပတ်လည်ဖြစ်သည်။ ဤတွေ့ဆုံ ခြင်း၌ကိုယ်တိုင်ကိုယ်ကျ
မပါ၀င်နိုင်သောသူများမှာလေလှိုင်းမှတိုက်ရိုက်ထုတ်လွှင့်မှုကိုစောင့်ကြည့်ပါ ၀င်ခဲ့ရသည်။ တွေ့ဆုံချိန်သည်တစ်နာရီကျော်ကြာမြင့်ခဲ့သည်။ ထိုတွေ့ဆုံခဲ့သည့်မှတ်တမ်းကိုအဖွဲ့သား များမှသောကြာနေ့ကလိုင်းပေါ်တင် ပေး ခဲ့သည်။

ရဟန်းမင်းကြီးနှင့်တွေ့ဆုံခဲ့သောအဖွဲ့၏ကိုယ်စားလှယ်များက ‘လမ်းဘေးလုပ်သားနှင့်လူငယ် အလုပ်သမားများတို့၊ ကျွန်ုပ်တို့သည်ရိုး ရှင်းစွာနေထိုင်ရန်မှတပါးအခြားမည်သည့်ရည်မှန်းချက်မျှမရှိ။ ဤအသင်းအဖွဲ့ကို (၂၀၁၁) ခုနှစ်၌ပါရီမြို့သားနှစ်ဦးဖြစ်သော Etienne Villemain နှင့် Martin Choutet တို့မှစတင်တည်ထောင်ခဲ့သည်။ ၄င်းတို့နှစ်ဦးသည်လမ်းဘေး၌နေထိုင်သူများနှင့်နေထိုင်ရန် ဆုံးဖြတ်ခဲ့ကြသည်။ ထိုအချိန်မှစ၍ဤအဖွဲ့၏အဖွဲ့၀င်များသည်မိမိတို့နေအိမ်များကိုအိမ်ယာမဲ့၊ အခြေ အနေမဲ့သူများအားတည်းခိုနေထိုင်စေခဲ့သည်။ တိုက်ခန်းတစ်ခု၌ လူ ခြောက်ဦးမှသည်ဆယ်ဦးအထိလုပ် အားပေးအပါအ၀င်နေထိုင်ကြသည်။ ယခုအခါဤအဖွဲ့၏အဖွဲ့၀င် (၂၀၀) ရှိလာပြီဖြစ်ပြီး၊ ပါရီမြို့၌အိမ် ပေါင်း (၁၂) လုံးခန့်ရှိနေပြီဖြစ်သည်။ ဤအဖွဲ့သည်လူမူအတန်းအစားခွဲခြားခြင်းကိုအဓိကထားတိုက် ခိုက်လျော့ချနေခြင်းဖြစ်ပြီး၊ အိုးအိမ်မဲ့သူများသည် ပို၍ပင်အကူအညီများလိုအပ်ကြောင်း၊ ၄င်းတို့သည် လူလူချင်းပတ်သက်ဆက်နွယ်မူများလိုအပ်ကြောင်း လူ့အသိုင်းအဝိုင်းကနားလည်လက်ခံ လာအောင် ရှင်းပြရကြောင်းရဟန်းမင်းကြီးအားတင်ပြခဲ့သည်။

လူ့ဂုဏ်သိက္ခာ

ရဟန်းမင်းကြီးကအဆိုပါကိုယ်စားလှယ်များအားသိလိုသည်များကိုမေးမြန်း၍ ကိုယ်တော်များ ကလည်းပြန်လည်ဖြေကြားခဲ့သည်။ လူ့ ဂုဏ်သိက္ခာနှင့်ပတ်သက် ၍ရဟန်းမင်းကြီးမိန့်ကြားသည်ကား ‘သင်တို့သည်အကောင်းဆုံးအားကစားသမားဖြစ်နိုင်သည်။ သင်တို့၏ကျန်း မာရေး သည်ဒေါင်ဒေါင်မြည် ကောင်းမြည်ပေမည်။ သို့သော်ဂုဏ်သိက္ခာမရှိလျှင် သင်သည်မည်သည့်တန်ဖိုးမျှမရှိ။ လူ့ဂုဏ်သိက္ခာ သည်တင့်တင့်တယ် တယ်နေထိုင်နိုင်ရန်ဖြစ်သည်။ ချမ်းသာသည်ဖြစ်စေ၊ နွမ်းပါးသည်ဖြစ်စေ၊ ကျန်း မာသည်ဖြစ်စေ၊ ချူချာသည်ဖြစ်စေဂုဏ်သိက္ခာသည်ဘုရားရှေ့၊ လူရှေ့၌ဘ၀ရှင်သန်နည်းဖြစ်သည်။ ဂုဏ်သိက္ခာရှိခြင်းသည်အတွင်းစိတ်စွမ်းအားကိုတိုးပွားလာစေသည်။ ထိုစွမ်းအားသည်ဘုရားသခင်၏ သားသမီးဖြစ်ခြင်းမှလည်းကောင်း၊ သင်သည်ခမည်းတော်ဘုရားမဟုတ်ကြောင်းကိုနှိမ့်ချစွာ၀န်ခံခြင်းမှ မွေးဖွားလာသည်။

ခွင့်လွှတ်ခြင်း

ခွင့်လွှတ်ခြင်းနှင့်ပတ်သက် ၍ အမျိုးသမီးငယ်မှမေးမြန်းသည်ကိုရဟန်းမင်းကြီးကခွင့်လွှတ်ရန်နှင့်ခွင့်လွှတ်ခြင်းခံရရန်မှာအသွား အပြန်လက်မှတ်နှင့်တူကြောင်း၊ ခွင့်လွှတ်နိုင်စွမ်းရှိရန်မှာဘ၀ တစ်သက် လုံးဖြစ်နိုင်ကြောင်း၊ အေးဆေးတည်ငြိမ်စွာ၊ နှိမ့်ချစွာဖြင့်ဒဏ်ရာဒဏ်ချက် နှင့် ဖြစ်နေသောနှလုံးသားလုံး ၀ပျောက်ကင်းသွားသည်အထိခွင့်လွှတ်ခြင်းလမ်းပေါ် ၌လျှောက်လှမ်းရန်မှာအရေးကြီးကြောင်း၊ ဤအချက်နှင့်ဆန့် ကျင်သောခံပြင်းနာကျည်းခြင်းသည်အမွေဆိုးဖြစ်သည်။ အဘယ်ကြောင့်ဆိုသော်လူ့ဘ၀ ကိုမည်သည့်ကောင်းကျိုးမျှမပေး၊ မတိုးစေပါ ကြောင်း ရှင်းပြခဲ့သည်။

သက်သေခံခြင်း၊

အဖွဲ့၏ကိုယ်စားလှယ်များနှင့်အ ပြန် အလှန်မေးမြန်းပြောဆိုရာ တွင်ရဟန်းမင်းကြီးအနေဖြင့်သက်သေခံခြင်းသည်လည်းအရေးကြီးကြောင်း၊ သက်သေခံခြင်းသည်ဧဝံဂေလိတရားတော်၏လမ်းစဉ် ကိုလက်တွေ့ဖော်သကဲ့သို့၊ စိတ်အားဖြင့်လည်းရှင်သန်ခြင်းဖြစ် သည်။ အမိသာ သနာတော်ကြီးသည်ဘာ သာထဲသို့အတင်းအကြပ်သိမ်းသွင်း၍ယနေ့တိုးပွားနေခြင်းမဟုတ်။ တရားတော်ကိုရှင်သန်သက်သေခံ ခြင်းဖြင့်တိုးပွားနေခြင်းဖြစ်သည်။ ဘုရားမသိသောသူများအနေဖြင့်ကက်သလစ်ဘာသာ၀င်များဧဝံဂေလိတရားတော်အတိုင်းကျင့်ကြံအသက်ရှင်နေသည် ကို မြင်တွေ့သိရှိလာလျှင် ဘာသာရေးနှင့်ပတ်သက် ၍မေးခွန်းများမေးမြန်းလာကြပေမည်။ ဤအကြောင်း အရာနှင့်ပတ်သက် ၍ရဟန်း မင်း ကြီးက ပြင်သစ် ဘုန်းတော်ကြီးတစ်ပါးဖြစ်သော Charles de Foucauld ၏ဘဝကိုဥပမာပေးခဲ့သည်။ သူသည် Algeria ၌ (၁၉၁၆) ခုနှစ်ကတရားတော် အတွက်ကွပ်မျက်ခံခဲ့ရသည်။ သူသည်မကြာမီရဟန္တာအဖြစ်တင် မြောက်ခြင်းကိုခံရတော့မည်ဖြစ် သည်။

အမိသာသနာတော်ကြီး၏ဥစွာရတနာ

အခန်းဖော်တစ်ဦးက ‘လူ့အသိုင်းအဝိုင်းသည်မွှဲတေနေစဉ် အဘယ်ကြောင့်အမိသာသနာတော် ကြီးသည်ပြည်စုံနေရသနည်း’ ဟု မေးမြန်းသည်ကိုမူ ‘Church’ သည် အလွန်ယေဘုယျကျ (အပြော ကျယ်) လွန်းသည်။ ထို့နောက်ကြွယ်၀ခြင်းနှင့်နွမ်းပါးခြင်းကိုရဟန်း မင်းကြီး ကရှင်းပြသည်။ အထွေထွေ ဥပဒေအနေဖြင့်အတိုင်း အတာတစ်ခုအထိလူတစ်ဦးတစ်ယောက်သည်ဥစ္စာရှိ၏။ ငွေကြေးရှိ၏။ ထို့ ကြောင့်ဘုရား သခင်နှင့်ဝေးကွာသွား၏။ ဤသို့ဖြစ်ရခြင်းမှာသူ၌စိတ်စွဲလန်းတပ်မက်ခင် တွယ်စရာရှိ နေသည်။ ထို့ကြောင့်ဘုရားသခင်နှင့်အနေနီးလေလေ၊ သူသည်မဲ့လာလေလေဖြစ်သည်။ ထို့အတူကုံလုံ ပြည့်စုံသူအချို့သည်ချမ်းသာသော်လည်း ထိုချမ်းသာခြင်းကိုဧဝံဂေလိတရားတော်၏ အလင်း တော်အတိုင်းမိမိတို့၏ဥစွာ၊ ကြေးငွေများကိုကိုင်တွယ်၏။ သို့ သော်ရဟန်းမင်းကြီးတစ်ပါး၊ ဆရာတော်၊ ဘုန်း တော်ကြီး၊ သစ္စာသုံးပါးခံသီလရှင် များချမ်းသာလာလျင် ဤသို့ဖြစ်ရခြင်းမှာဘာသာတူများအတွက်မကောင်းသောပုံ သက်သေအကြီးအစားဖြစ်လာသည်။ ယေဇူးသခင်နောက် သို့ အနီးကပ် လိုက်ရန်ဖိတ် ခေါ်ခံရသူတိုင်းသည် ဥစ္စာ၊ ကြေးငွေများနှင့်ဝေးဝေးမှနေ၍နွမ်းပါးသောစိတ်ကိုမွေးမြူထားရ မည်။ အကယ်၍ လို အပ်ချက်ကြောင့်တစ်ဦးတစ်ယောက်သည်ငွေကြေးကိုကိုင်တွယ်စီမံရပါကကိုယ်ကျိုး အတွက်လုံး၀မဖြစ်စေရ။ အများအားအစေခံခြင်းသက် သက်သာဖြစ်ရမည်။ လိုရိုလာမြို့မှစိန့်အီညှားရှို ၏အဆို အမိန့်ကိုကိုးကား၍ ‘နွမ်းပါးခြင်းသည် အသက်တာ၏မိခင်ဖြစ် သည်’ အဘယ်ကြောင့်ဆိုသော် ရက်ရောခြင်းစိတ်ကိုမွေးဖွားပေးသည်။ ဤပါရမီသည်မိမိကိုယ်ကိုတစ်ပါးသူအတွက် ပေးအပ်ခြင်းဖြစ်သည်။ ဤအသင်းကိုဗာတီကန်၌ဖွင့်နိုင်ခွင့်ရှိမရှိကိုမေးမြန်းရာရဟန်းမင်းကြီးက ယခု လိုအပ်နေသည်မှာနေရာမဟုတ်။ ရဟန်းမင်းကြီး၏ပြတ်သားစွာဆုံးဖြတ်လုပ်လိုသည့်သတ္တိနည်းပါးနေ ခြင်းဖြစ်သည်။ တွေ့ဆုံခြင်း၏အဆုံးပိုင်း၌ ‘ကျွန်ုပ်တို့လက်ခံရရှိသောရက်ရောခြင်းနှင့်ချစ်ခြင်းကိုအ ဘယ်သို့တုန့်ပြန်မည်နည်းဟူသည့် ’ ဆင်ခြင်စရာပေး၍တွေ့ဆုံခြင်းကိုရပ်နားခဲ့သည်။

ဘာသာပြန်ဆိုသူ -ဖာသာရ်ကလဲမင့်အားတယ်

https://bit.ly/2UDmVEq

Add new comment

2 + 2 =