ရဟန်းမင်းကြီးသည် ‘တုံဂါကျွန်း’ မှဆူနာမီဒဏ်ခံရသောဖိလစ်ပိုင်နိုင်ငံသားများအတွက် ဆုတောင်းပေးရန်မေတ္တာ ရပ်ခံ

ရဟန်းမင်းကြီးသည် ‘တုံဂါကျွန်း’ မှဆူနာမီဒဏ်ခံရသောဖိလစ်ပိုင်နိုင်ငံသားများအတွက် ဆုတောင်းပေးရန်မေတ္တာ ရပ်ခံ

ရဟန်းမင်းကြီးသည် ‘တုံဂါကျွန်း’ မှဆူနာမီဒဏ်ခံရသောဖိလစ်ပိုင်နိုင်ငံသားများအတွက် ဆုတောင်းပေးရန်မေတ္တာ ရပ်ခံ

ပုပ်ရဟန်းမင်းကြီးဖရန်စစ်အရှင်သူမြတ်သည် ပြီးခဲ့သောတနဂ်နွေနေ့မွန်းတည့်ဆုတောင်းခြင်း၌ ‘တုံဂါ’ ကျွန်း၌နေသောပြည်သူများ အတွက်ဆု‌တောင်းပေးရန် မေတ္တာရပ်ခံခဲ့သည်။ ထိုကျွန်းသူကျွန်းသားတို့သည် ‘Hunga Tonga-Hunga Ha'apai’ မီး တောင်ပေါက်ကွဲမှုပြင်းအားကြောင့်ဆူနာမီလှိုင်းလုံးများရိုက်ခတ်မှုကိုခံခဲ့ရသည်။

ဆုတောင်းခြင်းများနှင့်နီးကပ်စွာရှိနေခြင်း၊

ရဟန်းမင်းကြီးသည် ပစီးဖိတ်သမုဒ္ဒရာဒေသနိုင်ငံများအတွက် ဘုရားသခင်သနား၍ ၄င်းတို့၏ဒုက္ခများကို ပေါ့ပါးလွတ်မြောက်နိုင်ရန်ဆုတောင်းပေးခဲ့သည်။ သူနှင့်အတူ ညီအစ်ကိုမောင်နှမများအားလုံးအတွက် ၀ိုင်း၀န်းဆု တောင်းကြရန်လည်းဖိတ်ခေါ်ခဲ့သည်။

ပျက်ဆီးဆုံးရှုံးမှုကြီးမား၊

မြေအောက်ရှိ မီးတောင်ကြီးသည် ယခုလ (၁၅) ရက်နေ့၌ အင်အားပြင်းထန်စွာဖြင့် ပေါက်ကွဲခဲ့သည်။ ထို့ ကြောင့် ဆူနာမီလှိုင်းများဖြစ်ပေါ်စေခဲ့သည်။ ထိုလှိုင်းကြီး၏ပြင်းအားသည် အမေရိကန်ကမ်းခြေအထိပင်ရိုက်ခတ် သွားခဲ့သည်။ ဤအဖြစ်အပျက်ကြောင့် လူ (၃) ဉီးသေဆုံးပြီး၊ လူနေအိမ်များစွာပျက်ဆီးသွားခဲ့သည်။ လူပေါင်း (၁၀၅၀၀၀) တို့ ၏နေအိမ်များသည် ရွံ့ချောရည်တို့ဖြင့်လွှမ်းသွားခဲ့သည်။ လျှပ်စစ်မီးနှင့်လူမှုဆက်သွယ်ရေးလမ်းကြောင်းများအားလုံး လည်းပြတ်တောက်သွားခဲ့သည်။ အချို့နေရာများမှ ရေချိုများသည်လည်း ရွံ့ရည်များကြောင့် သောက်သုံးရန်မသင့် ကြောင်း၊ ထိုရေထဲ၌ arsenic နှင့် cadmium ဓာတ်တို့ပါ၀င်နိုင်ကြောင်း အာဏာပိုင်များကထုတ်ပြန်ထားသည်။

အာဗီအေဘာသာပြန်- ဖာသာရ်ကလဲမင့်အားတယ်

https://bit.ly/3FO0Wzk

Add new comment

2 + 2 =