ရဟန်းမင်းကြီးသည် ဩစ တေးလျားနိုင်ငံ၏ကာဒီနယ်ပျံလွန်ခြင်းအတွက်၀မ်းနည်းဆုတောင်းသံကြိုးစာပေးပို့

ရဟန်းမင်းကြီးသည် ဩစ တေးလျားနိုင်ငံ၏ကာဒီနယ်ပျံလွန်ခြင်းအတွက်၀မ်းနည်းဆုတောင်းသံကြိုးစာပေးပို့

ရဟန်းမင်းကြီးသည် ဩစ တေးလျားနိုင်ငံ၏ကာဒီနယ်ပျံလွန်ခြင်းအတွက်၀မ်းနည်းဆုတောင်းသံကြိုးစာပေးပို့

ဩစတေးလျားနိုင်ငံ၏ ကာဒီနယ် Edward Cassidy သည် ဧပြီလ (၁၀) ရက်နေ့က ဩစတေးလျားနိုင်ငံတွင် ပျံလွန်သွားခဲ့သည်။ ကာဒီနယ်သည် လာမည့်ဇူလိုင်လတွင် သက်တော် (၉၇) နှစ်ပြည့်မည်ဖြစ် သည်။ ပုပ်ရဟန်းမင်းကြီး သည် ထိုသတင်းကိုကြား သည်နှင့်အောက်ပါသံကြိုးစာကိုဩစတေးလျားနိုင်ငံ၏ ရဟန်းမင်းကြီးကိုယ်စားလှယ်ထံပေးပို့ ခဲ့သည်။

စာထဲ၌ ကာဒီနယ်အမှုတော်ထမ်းနေစဉ်က ခရစ်ယာန်ညီ အစ်ကိုအချင်းချင်းကြား၌ ပိုမိုစည်းလုံးမူရရှိရန် ၀ါယမ စိုက် ထုတ်ဆက်ကပ်ခဲ့ကြောင်း၊ ကာဒီနယ်သည် အိန္ဒိယနိုင်ငံ၊ ဘင်္ဂလား‌ဒေ့ရှ်နိုင်ငံ၊ ထိုင်၀မ်နိုင်ငံများ၌ ဗာတီကန်၏သံအ မတ် (ရဟန်းမင်းကြီးကိုယ် စားလှယ်) အဖြစ်လည်း အမှုတော်ထမ်းခဲ့သည်။

ရဟန်း မင်းကြီးစိန့်ဂျွန်ပေါလ် (၂) က သူ့အား ဗာတီကန်၏အမူတော်များအနက် တတိယအမြင့်ဆုံးအဆင့်ရှိသောအမူတော်ကိုထမ်းဆောင်ရန် (၁၉၈၈) ခုနှစ်ကပေး အပ်ခဲ့သည်။ ထိုအမူတော်ပေးအပ်ပြီး တစ်နှစ်အကြာတွင်ရဟန်း မင်းကြီး၏လက်အောက်ရှိရုံးတော်များအနက် ခရစ် ယာန်များအချင်းချင်း စည်းလုံးညီညွှတ်မူရရှိရေးရုံးတော်၏ ဥက္ကဌအဖြစ်ထပ်မံခန့်အပ်ခဲ့သည်။ ဤအမူတော်၌ သူ၏ အား ထုတ်လုပ်ဆောင်မူကြောင့် ကက်သလစ်၊ လူသာရင်နှင့်ဩသော‌ဒေါ့ခရစ်ယာန်များကြား ပိုမိုရင်းနှီးမူရရှိလာခဲ့သည့် အမှတ်ရစရာများရှိနေပါသည်။ ဤသို့ပူးပေါင်းလုပ် ဆောင်ခြင်း၏ရလာဒ်အဖြစ် (၂၀၀၁) ခုနှစ်၌ ကက်သလစ်နှင့်ကမ္ဘာ တစ်ဝှမ်းရှိလူသာရင်အဖွဲ့စည်းမှ ‘ဖြောင့်မတ်ခြင်း ’ နှင့်ဆိုင်သောကြေညာချက်ကို ကက်သလစ်သာသနာတော်မှလက် မှတ်ရေးထိုးပြီး ပူးတွဲကြေညာနိုင်ခဲ့သည်။

သူ၏ပျံလွန်ခြင်းကြောင့်လည်း အမိကက်သလစ်သာသနာအတွင်းရှိ ကာဒီနယ် ဦးရေ (၂၂၅) ပါးသာကျန်ရှိတော့မည်ဖြစ်သည်။ ထို့အတူ သက်တော် (၈၀) အောက် ကာဒီနယ်ဦးရေမှာ (၁၂၆) ပါးဖြစ်ပြီး၊ ဤ (၁၂၆) ပါးသည် ရဟန်းမင်းကြီးအမူတော်လစ် လပ်သည့်အခါ ရဟန်းမင်း ကြီးတင်မြောက်ရာ၌လျှိုဝှက် ‘မဲ’ ပေးပိုင် ခွင့်ရှိသူများဖြစ်ကြသည်။

ဘာသာပြန်-ဖာသာရ်ကလဲမင့်အားတယ်

Photo courtesy of : The Australian

https://bit.ly/3e9yHzh

Add new comment

5 + 9 =