ရဟန်းမင်းကြီးသည် သူတော်မြတ်အသစ် McGivney ၏ဘ၀ကိုထောက်ရူ

ရဟန်းမင်းကြီးသည် သူတော်မြတ်အသစ် McGivney ၏ဘ၀ကိုထောက်ရူ

ရဟန်းမင်းကြီးသည် သူတော်မြတ်အသစ် McGivney ၏ဘ၀ကိုထောက်ရူ

ရဟန်းမင်းကြီးသည် ပြီးခဲ့သောတနဂ်နွေနေ့ အန်ဂျေလူးဆုတောင်းမေတ္တာမရွတ်ဆိုမည်၌ ဘုရားဖူးဘာသာတူများ အားဖာသာရ် McGivney အကြောင်းမိန့်ကြားခဲ့သည်။

ဖာသာရ် McGivney ကိုပြီးခဲ့သောစနေနေ့ကသူတော်မြတ်အဖြစ် တင်မြောက်ခဲ့သည်။ သူသည် Knights of Columbus (ကိုလံဘန်သူရဲကောင်းများ) အသင်းကိုတည်ထောင်ခဲ့သော သာသ နာပိုင်ဘုန်းတော်ကြီးတစ်ပါးဖြစ်သည်။

သူ သည်ဧ၀ဂေလိသတင်းကောင်းကိုကြေငြာဟောပြောသူအမှန်ဖြစ်ကြောင်း၊ သူ သည်အကူအညီလိုအပ်နေသောချို့တဲ့၊ နွမ်း ပါးသူများထံသို့ ခရီးအနီးအ‌ေ၀းမတွက်သွားရောက်၍ကူညီပေးခဲ့သည်။

ကရုဏာရေးလုပ်ငန်းကိုလည်းတိုးမြှင့်လုပ် ဆောင်တတ်ရန်နိုးဆော်ခဲ့သည်။ သူ၏ကောင်းသောပုံသက်သေသည် ကျွန်ုပ်တို့ အားလုံးအတွက်ချစ်ခြင်း၏သတင်းကောင်း ကိုကြေငြာရန်အင်အားဖြစ်ပါစေဟုဂုဏ်ပြုစကားမိန့်ကြားခဲ့သည်။

ရဟန်းမင်းကြီးသည်တူရကီနှင့်ဂရိ၌ငလျင်ဒဏ်ခံပြည်သူများအတွက်ဆုတောင်းမေတ္တာပိုသ ရဟန်းမင်းကြီးကဆက်လက်၍ အာဂျီယန်ပင်လယ်တ၀ိုက်ရှိနိုင်ငံများအတွက်ဆုတောင်းပေးခဲ့သည်။ အဘယ်ကြောင့်ဆို သော် တနဂ်နွေနေ့မတိုင်မီနှစ်ရက်အလိုမွန်းလွှဲပိုင်း၌ အလွန်အင်အားပြင်းသောငလျင်ဒဏ်ကိုခံခဲ့ရသည်။

ထိုငလျင်လှုပ်ခတ်မူ ကြောင့်တူရကီနှင့်ဂရိနိုင်ငံ၌အနည်းဆုံးလူ (၂၇) ဦးသေဆုံးခဲ့သည်။ ထို့အတူတိုက်တာအဆောက်အဦးများပြိုလဲပျက်စီးခဲ့သည်။ အ သေးစားဆူနာမီလည်းဖြစ်ပေါ်စေခဲ့သည်။ လူပေါင်း (၈၀၀) ကျော်ခန့်ထိခိုက်ဒဏ်ရာခဲ့သည်။

 

ဘာသာပြန်- ဖာသာရ်ကလဲမင့်အားတယ်

https://bit.ly/32cAVss

Add new comment

11 + 5 =