ရဟန်းမင်းကြီးသည် သူတော်စင်ငါးပါးကိုရဟန္တာအဖြစ်တင်မြောက်နိုင်ရန်သေချာစွာစီစစ်

နှစ် ၆၀ ကြာ အိပ်ယာထဲနေခဲ့ရသူ မာရီယား အန်တိုနီယာ ဆာမာ

ရဟန်းမင်းကြီးသည် သူတော်စင်ငါးပါးကိုရဟန္တာအဖြစ်တင်မြောက်နိုင်ရန်သေချာစွာစီစစ်

ရဟန်းမင်းကြီးသည် သောကြာနေ့က ရဟန္တာတင်မြောက်ခြင်းဆိုင်ရာစီစစ်လေ့လာသောရုံးတော်တာ၀န်ခံ ဖြစ်သောကာဒီနယ် Angelo Becciu နှင့်လက်ခံတွေ့ဆုံပြီးစကားပြောခဲ့သည်။ သူတော်စင်ငါးပါးကိုရဟန္တာအဖြစ် တင်မြောက်နိုင်ရန်ကြေငြာချက်ကိုထုတ်ပြန်ရန်မိန့်ကြားခဲ့သည်။ ထိုသူတော်စင်ငါးပါးအနက်တစ်ပါးသည် သူ၏ထပ်ဆင့် ဆုတောင်းခြင်းဖြင့်ဆုတောင်းခဲ့ရာတန်ခိုးလက္ခဏာရရှိထားသည်။ ထိုတစ်ပါးမှာဘုရားသခင်၏အစေခံ Maria Antonia Sama ဖြစ်သည်။

Maria Antonia Sama (သို့) ‘the nun of San Bruno’
သူသည်အီတလီလူမျိုးဖြစ်ပြီး၊ သာမန်ဘာသာတူဖြစ်သည်။ သူ့အား (၁၈၇၅၊ မတ်လ၊ ၂) ရက်နေ့၊ Sant’Andrea Jonio ၌မွေးဖွားခဲ့ပြီး၊ (၁၉၅၃၊ မေလ၊ ၂၇) ရက်နေ့၌ပျံလွန်သွားခဲ့သည်။ သူသည်များမကြာမီ သူတော်စင် (Blessed) အဖြစ်ကြေငြာခံရတော့မည်ဖြစ်သည်။ ကလေးဘ၀၌သူသည်အလွန်ဆိုးရွားသောရောဂါကိုခံစား ခဲ့ရပြီး၊ သူ၏ဒူးများ ကွေးသွားခဲ့သည်။ ဤသို့ဖြင့်ကုတင်၌သာကြာမြင့်စွာလျောင်းနေခဲ့ရ၍ကျော၌အနာများပေါက်လာခဲ့ သည်။ မသက်မသာ ဖြင့်သူ၏ ဘ၀ကိုဖြတ်သန်းခဲ့သည်။ သို့သော်မငြီးမငြူဘဲလေးလံသောကားတိုင်ကိုဘုရားသခင်အား အကောင်းဆုံးပူ ဇော်ခံထမ်းခဲ့သည်။ (၁၉၁၅) ၌သူသည်မိမိကိုယ်ကိုဆက်ကပ်ပြီး၊ ကတိသစ္စာကိုခံယူကာသီလရှင်တစ်ပါးကဲ့သို့ခေါင်း ဆောင်းအနက်ဆောင်းကာကျင့်ကြံနေထိုင်ခဲ့သည်။ သို့သော်သူပြုသောကတိသစ္စာသည်လူသိရှင်ကြားမပြုခဲ့ပေ။ သူ၏ ရွာသားများကသူ့အား ‘the nun of San Bruno’ (စိန့်ဘရူးနိုသီလရှင်) ဟုခေါ်လေ့ရှိသည်။ သူ့ထံမှအကြံ ကောင်းဉာဏ် ကောင်းများလာရောက်တောင်းခံကြ၊ တိုင်ပင်ကြ၊ ဆုတောင်းမေတ္တာများတောင်းခံ၍ သူ၏လန်းညွှန် ချက်ကိုလိုက်၍ဘ၀ ကိုအေးချမ်းတည်ငြိမ်စွာဖြတ်သန်းခဲ့သူများလည်းရှိကြသည်။ သူပျံလွန်ချိန်၌ သက်တော် (၇၈) နှစ်ရှိ ပြီဖြစ်ပြီး၊ နှစ်ပေါင်း (၆၀) ကျော်အိပ်ယာပေါ်၌သာလျောင်းစက်နေခဲ့ရသည်။

သူ၏ထပ်ဆင့်ဆုတောင်းခြင်းမှရရှိခဲ့သော တန်ခိုးမှာအမျိုးသမီး တစ်ဦးသည်အလွန်ဆိုးရွားသောအဆစ်အမြစ်ကိုက် (လေးဖက်နာ) ရောဂါကိုခံစားနေခဲ့ရသည်။ ထို ဝေဒနာပြင်းထန် လွန်းသောကြောင့်မတ်တပ်မရပ်နိုင်။ (၂၀၀၄၊ ဒီဇင်ဘာလ၊ ၁) ရက်နေ့ညနေပိုင်း၌ဝေဒနာကိုမခံစား နိုင်၍အဆိုပါဘုရား သခင်၏ အစေခံမအားတိုင်တည် ၍သူ ၏ ထပ်ဆင့်ဆုတောင်းပေးခြင်းကိုတောင်းခံဆုတောင်းခဲ့သည်။ ထို့နောက်အိပ်မော ကျသွားခဲ့သည်။ နောက်တစ်နေ့မနက်အိပ်ယာမှနိုးလာသောအခါ သူခံစားနေရသောပြင်းထန်လှသည့် နာကျင်မူ သည် ပျောက်ချင်းမလှပျောက်ကင်းသွားသည်ကိုခံစားလိုက်ရသည်။ သူ၏ပုံမှန်အလုပ်ကိုပြန်လည်လုပ်ကိုင်နိုင်ခဲ့ သည်။

သူမတူသောပါရမီကိုကျင့်ကြံနိုင်ခဲ့ကြသူများ

ကျန်လေးပါးမှာသူမတူသောပါရမီကိုကျင့်ကြံအားထုတ်ထားသူများအဖြစ်သတ်မှတ်သည်။ ရဟန်းမင်းကြီးသည် အောက်ဖော်ပြပါဘုရား၏အစေခံလေးပါးကိုလည်း ၄င်းတို့၏သူမတူသောပါရမီကိုကျင့်ကြံပြသ၍ဧဝံဂေလိတရားကို သက်သေပြနိုင်ခဲ့သည့်အတွက် ရဟန္တာများအဖြစ်ကြေငြာရန်စာထုတ်ပြန်ထားသည်။ ၄င်းတို့မှာ

၁။ ဘုရား၏အစေခံ Eusebio Francesco Chini ဖြစ်ပြီး၊ သူ့အား Kino ဟုလည်းလူသိများကြသည်။ သူ့အား (၁၆၄၅၊ ဩဂုတ်လ၊ ၁၀) နေ့က အီတလီနိုင်ငံ၊ Segno တွင်မွေးဖွားခဲ့ပြီး၊ (၁၇၁၁၊ မတ်လ၊ ၁၅) ရက်နေ့တွင်ပျံလွန်ခဲ့သည်။

၂။ ဘုရားသခင်၏အစေခံနောက်တစ်ပါးမှာ Mariano José de Ibargüengoitia y Zuloaga of Spain ဖြစ်ပြီး၊ သာသနာပိုင်ရဟန်း တစ်ပါးဖြစ်သည်။ သူသည်ယေဇူးသခင်၏ကရုဏာရေးလုပ်ငန်း ၏အစေခံများအသင်းကိုတည် ထောင်ခဲ့သည်။ သူ့အား (၁၈၈၇၊ စက်တင်ဘာလ၊ ၈) ရက်နေ့ကမွေးဖွားခဲ့ပြီး၊ (၁၈၈၈၊ ဇန်နာ၀ါရီလ၊ ၃၁) ရက်နေ့တွင်ပျံလွန်တော်မူသွားခဲ့ သည်။

၃။ ဘုရားသခင်၏အစေခံနောက်တစ်ပါးမှာ Maria Félix Torres of Spain ဖြစ်သည်။ သူလည်း ‘ကယ်တင်ရှင်၏မိတ်ဆွေများ’ အသင်းကိုတည်ထောင်ခဲ့သူဖြစ်သည်။ သူ့အား (၁၉၀၇၊ ဩဂုတ်လ၊ ၂၅) ရက်နေ့က‌ Albelda ၌မွေးဖွားခဲ့ပြီး၊ (၂၀၀၁၊ ဇန် န၀ါရီလ၊ ၁၂) ရက်နေ့၊ မာဒရစ်မြို့၌ပျံလွန်သွားခဲ့သည်။

၄။ ဘုရားသခင်၏အစေခံနောက်ဆုံးတစ်ပါးမှာ Angiolino Bonetta of Italy ဖြစ်သည်။ သူသည်ဆယ်ကျော်သက်လူငယ်ဖြစ် ပြီး၊ သူသည် ‘ကားတိုင်တော်အတွက်တိတ်ဆိတ်စွာလုပ်ကိုင်းနေကြသူများ’ အသင်း၏အသင်း၀င်ဖြစ်သည်။ သူ့အား (၁၉၄၈၊ စက်တင် ဘာလ၊ ၁၈) ရက်နေ့၊ အီတလီနိုင်ငံ၊ Cigole ၌မွေးဖွားခဲ့ပြီး၊ (၁၉၆၃၊ ဇန်နဝါရီလ၊ ၂၈) ရက်နေ့၌ပျံ လွန်သွားခဲ့သည်။

ဘာသာပြန်-ဖာသာရ်ကလဲမင့်အားတယ်

https://bit.ly/3iX1WHj

Add new comment

7 + 10 =