ရဟန်းမင်းကြီးသည် လစ်ဗျားနိုင်ငံ၏တည်ငြိမ်အေးချမ်းမူအတွက်ဆုတောင်းပေးနေ

ရဟန်းမင်းကြီးသည် လစ်ဗျားနိုင်ငံ၏တည်ငြိမ်အေးချမ်းမူအတွက်ဆုတောင်းပေးနေ

ရဟန်းမင်းကြီးသည် လစ်ဗျားနိုင်ငံ၏တည်ငြိမ်အေးချမ်းမူအတွက်ဆုတောင်းပေးနေ

ရဟန်းမင်းကြီးသည် ယမန် နေ့ (၂၉) ကြိမ်မြောက်သာမန်ကာလတနင်္ဂနွေနေ့မွန်းတည်းအန်ဂျေလူးဆုတောင်းမေတ္တာမရွတ်ဆိုမှီ လစ်ဗျားနိုင်ငံ ၏ တည်ငြိမ်အေးချမ်းမူရရှိရန်နှင့်နိုင်ငံတကာအဆင့်ငြိမ်းချမ်းရေးဆွေးနွေးပွဲမှရလာဘ် ကောင်းထွက်ပေါ်လာစေရန်ဆုတောင်းပေးခဲ့သည်။

လစ်ဗျားနိုင်ငံသည်ပြည် တွင်းစစ်ခင်းနေခဲ့ သည်မှာနှစ်များစွာကြာလာနေပြီ ဖြစ်သည်။

ပုပ်ရဟန်းမင်းကြီးသည် ပြီးခဲ့သောစက်တင်ဘာလ (၁) ရက်နေ့က ကမ်းခြေလုံခြုံရေးအဖွဲ့ ၏ဖမ်းဆီးခြင်းခံခဲ့ရသော အီတလီနှင့်တူနီးရှားငါးဖမ်းလုပ် သားများအတွက်လည်းဆု တောင်းပေးခဲ့သည်။

အီတလီငါးဖမ်းသမားများ သည်ရေပြင်ပိုင် နက်ကိုကျူး ကျော်သည်ဟုစွပ်စွဲ၍ဖမ်းဆီးခံခဲ့ရပြီး၊ Benghazi ၌ချုပ်နှောင်ထားသည်။ လစ်ဗျားနိုင်ငံနှင့်ပတ်သက်၍အပြည် ပြည်ဆိုင်အဖွဲ့အစည်းမှကြား ၀င်စေ့စပ်ရန်ကြိုးစားမူသည် လစ်ဗျားနိုင်ငံ ၏အနာဂါတ်အတွက်ရလာလ်ကောင်းပေါ် ထွက် လာစေရန်ဆု တောင်းပေးပါကြောင်း၊ အချင်းချင်းရန်ဆောင်တိုက်ခိုက်ခြင်းအဆုံးတ်ရန်အချိန်ကျရောက် လာပြီဖြစ်ကြောင်း၊ အချင်း ချင်းတွေ့ဆုံဆွေးနွေး ၍နိုင်ငံ ၏တည်ငြိမ်အေးချမ်းရေးကိုရှေ့ရူကြရန်တိုက်တွန်းကြောင်း၊ ဖမ်းဆီးခံထားရ သောပင် လယ်ငါဖမ်းလုပ် သားများ၊ ထိုလုပ်သား များ၏ မိသားစုများနှင့်လည်းထပ်တူ ရှိနေပြီး၊ စိန့်ပီတာရင်ပြင်၌ ရောက်ရှိနေသောဘု ရားဖူးများလည်း ထိုဖမ်းဆီးခံထားရသောငါးဖမ်းလုပ်သားများအတွက်နှင့်လစ်ဗျား နိုင်ငံ ၏ ငြိမ်းချမ်းရေးအတွက်တိတ် ဆိတ် စွာဆုတောင်းပေးကြရန်မေတ္တာတောင်းခံကြောင်း၊ တစ်လကျော်ကြာဖမ်းဆီးခံ ထားရသောငါးဖမ်းလုပ်သားကြီးများနှင့်၄င်း တို့၏မိသားစုများကိုလည်းအားပေးစကား တစ်ခွန်းပြောကြားလိုပါကြောင်း၊ ၄င်းတို့အားလုံးအတွက်ပင်လယ်ကြယ်ဖြစ် သောမယ်တော်ထံဆုတောင်းပေးမည်ဖြစ်ကြောင်း၊ သို့ဖြစ်၍တံငါသည်များဘေးကင်းရန်ခွာ၍အမြန်ဆုံးပြန် လည်လွတ် မြောက်လာကာမိမိတို့၏မိသားစု၀င်များနှင့်ချစ်ခင်နွေးထွေးစွာပြန်လည်ဆုံဆည်းနိုင်ပါစေဟုဆု တောင်း ပေးပါကြောင်းမိန့် ကြား၍မွန်းတည်ဆုတောင်းခြင်းကိုအဆုံးသတ်ခဲ့သည်။

ဘာသာပြန်-ဖာသာရ်ကလဲမင့်အားတယ်

https://bit.ly/2FGsFJk

Add new comment

7 + 6 =