ရဟန်းမင်းကြီးသည် ရောမ၏ (၂၀၂၀) ငြိမ်းချမ်းရေးတောင်းဆိုချက်ကိုလက်မှတ်ရေးထိုးလိုက်

ရဟန်းမင်းကြီးသည် ရောမ၏ (၂၀၂၀) ငြိမ်းချမ်းရေးတောင်းဆိုချက်ကိုလက်မှတ်ရေးထိုးလိုက်

ရဟန်းမင်းကြီးသည် ရောမ၏ (၂၀၂၀) ငြိမ်းချမ်းရေးတောင်းဆိုချက်ကိုလက်မှတ်ရေးထိုးလိုက်

အောက်တိုဘာလ (၂၀) ရက်နေ့ကရက်နေ့၊ အဂ်ါနေ့၌ရဟန်းမင်းကြီးနှင့်အတူအခြားသောဘာသာရေးခေါင်း ဆောင်များစု‌ပေါင်း၍ ကမ္ဘာ့ငြိမ်းချမ်းရေးအတွက်ဆုတောင်းခဲ့ကြသည်။ ဆုတောင်းခြင်းအစီအစဉ်၏ထောက်ရူချက်အနေဖြင့် ‘အဘယ်သူမျှတစ်ဦးတစ်ယောက်သည်ကယ်တင်ခြင်းမခံရ။ ငြိမ်းချမ်း ခြင်းနှင့်ညီအစ်ကိုမောင်နှမ’ ဟုဖြစ်သည်။

ဤအစီအစဉ်ကိုရောမရှိစိန့်အီဂျီးဒီအိုအဖွဲ့ကစီစဉ်ခြင်းဖြစ်သည်။ ဤဆုတောင်း ခြင်းအစီအစဉ်ကို ရောမမြို့ရှိ Capitoline ရင်၌ကျင်းပခဲ့သည်။ ထိုအစီအစဉ်၌နိုင်ငံရေးပုဂ္ဂိုလ်များလည်းလာရောက်ခဲ့ကြ ပြီး၊ (၂၀၂၀) ငြိမ်းချမ်းရေးအတွက်တောင်းဆိုချက်ကိုကြေငြာစာတမ်းကိုကမ်းပေးခဲ့သည်။ (၂၀၂၀) ငြိမ်းချမ်းရေးတောင်းဆိုချက် အာစီးစီစိတ်ဓာတ်ကိုမွေးမြူ၍ ရောမမြို့၌စုရုံးခဲ့ကြသည်။ လူကိုယ်တိုင်မရောက်ရှိနိုင်သော်လည်းစိတ်အားဖြင့်က မ္ဘာတစ်၀မ်းမှစိတ်ကောင်းနှလုံးကောင်းရှိသောဘာသာတူများနှင့်တစ်စိတ်တစ်၀မ်းတည်းထားပြီး၊ အတူတကွကမ္ဘာ့ငြိမ် ချမ်းရေးအတွက် ဘာသာအသီးသီး၏ဘာသာရေးခေါင်းဆောင်များစုပေါင်းဆုတောင်းခဲ့ကြသည်။ လူသားထုတစ်ရပ်လုံး၏ ဒဏ်ရာတော်ကိုထောက်ရူဆင်ခြင်ခဲ့ကြသည်။

ဒုက္ခ‌ဝေဒနာခံစားနေကြုံကြိုက်နေသောညီအစ်ကိုမောင်နှမများ၊ အမျိုးအ မည်တပ်မရသောဒုက္ခ‌ေ၀ဒနာများ၊ လူမသိသူမသိပြီးဆုံးသွားသော‌ဒုက္ခ‌ေ၀ဒနာများကိုခံစားရသောဘုရားသခင်၏သား သမီးများအတွက်ဆုတောင်းပေးခဲ့သည်။ ယခုကမ္ဘာ့ခေါင်းဆောင်များနှင့်ကမ္ဘာတစ်၀မ်းလုံးမှနိုင်ငံသားများအားငြိမ်းချမ်း ရေးအတွက်လုပ်ဆောင်ရန်‌တောင်းဆိုလိုက်ပါသည်။ ဆုတောင်းခြင်းအခမ်းအနားကျင်းပနေသောဤ Capitoline တောင်ကုန်းမှမှစစ်မက်ဖြစ်ပွားနေသောတိုင်းနိုင်ငံအ သီးသီးအတွက်နှင့်ပူးပေါင်း၍ယခုချက်ချင်းမဟုတ်သော်လည်း နောက်ပိုင်း၌ဤအသီးအပွင့်ကိုခံစားဆွတ်ခူးနိုင်ရန်မှာ ဥရောပသမ္မဂ၏မှော်မှန်းချက်ဖြစ်သည်။

လက်ရှိအခြေအနေ၌ကိုဗစ်ကြောင့်ထို့အတူငြိမ်းချမ်းရေးခြိမ်းခြောက်ခံနေရသည်။ အဘယ်ကြောင့်နည်းဟုမူတန်းတူညီမျှမူမရှိခြင်းနှင့်ကြောက်ရွံ့ခြင်းတို့သည်တို့ကြောင့်ဖြစ်သည်။ ‌ထို့ကြောင့် ‘တစ်ဦးတစ် ယောက်တည်းကယ်တင်လွှတ်မြောက်နိုင်မည်မဟုတ်’ ဟုယတိပြတ်အတည်ပြုပြောဆိုနိုင်သည်။ စစ်များနှင့်ငြိမ်းချမ်း၊ ကပ်ရောဂါဆိုးနှင့်ကျန်းမာရေးစောင့်ရှောက်မူ၊ ငတ်မွတ်ခြင်းနှင့်အစားအစာရရှိနိုင်မူ၊ ကမ္ဘာ ကြီးပူနွေးလာမူနှင့်အဓွန့်ရှည်သောဖွံ့ဖြိုးတိုးတက်မူ၊ ပြောင်းရွေ့နေထိုင်ကြသောလူဦးရေးကိစ္စ၊ နူးကလီးယားလက်နက် ဖျက်သိမ်းရေး၊ ဆင်းရဲချမ်းသာကွာဟမူလျော့ချရေးစသည့်အရေးများသည်တစ်နိုင်ငံချင်းစီအတွက်အ‌ရေးပါကောင်းပါမည် မဟုတ်ပေ။

လက်ရှိအခြေအနေသည်ဤအချက်ကိုကောင်းစွာနားလည်သဘောပေါက်လာပြီ။ အဘယ်ကြောင့်ဆိုသော်နီး ကပ်စွာထိစပ်နေသောကမ္ဘာကြီးအတွင်း၌အတူတကွနေထိုင်ကြသော်လည်း ညီအစ်ကိုရင်းစိတ်ဓာတ်ကင်းမဲ့နေကြသည်။ ကျွန်ုပ်တို့အားလုံးသည်ညီအစ်ကိုမောင်နှမများဖြစ်ကြသည်။ ဘုရားသခင်ထံကျွန်ုပ်တို့ဆုတောင်းကြစို့။ လက်ရှိကြုံတွေ့နေ ရသောအကြပ်အတည်းလွန်မြောက်သောအခါ ‘အခြားသူ’ ဟုသတ်မှတ်ချက်များပပျောက်သွားစေပြီး၊ ‘ကျွန်ုပ်တို့’ ဟူသည့် အားလုံးပါ၀င်သည့်အများကိန်းကိုသုံးကြစို့။ ဤသို့ဖြင့်ကျွန်ုပ်တို့သည် ညီအစ်ကိုရင်းစိတ်ဓာတ်အခြေခံသောကွဲပြားမူများ ဖြင့်တိုးပွားလာမည်။ ငြိမ်းချမ်းရေးသည်ဖြစ်ကိုဖြစ်နိုင်ကြောင်းရဲ၀ံ့ စွာမျှော်လင့်နိုင်ပါသည်။ ထိုသို့မျှော်လင့်လုပ်ဆောင်ရန် လည်းလိုသည်။ စစ်မရှိတော့မည့်ကမ္ဘာသည်စံဖြစ်လာမည်။ ထို့ကြောင့် ‘စစ်ကိုအလိုမရှိ’ ဟုကျွန်ုပ်တို့ပြောကြပါစို့။ စစ်သည် အပြည်ပြည်ဆိုင်ရာအငြင်းပွားသည့်ကိစ္စကိုဖြေရှင်းသောအကောင်းဆုံးနည်းလမ်းသဖွယ်ယခုတစ်ကျော့ပြန်အသက်သွင်း နေကြသည်။

အလွန်လွှဲမှားသောနည်းလမ်းဖြစ်သည်။ အခြေအနေမလွန်မီအားလုံးကိုသတိပေးလိုသည်မှာအခြေအနေ သည်စစ်မဖြစ်မီကထက်စစ်ဖြစ်ပြီးနောက်အခြေအနေသည်ကမ္ဘာကြီးအားဆိုး၀ါးစေသည်။ စစ်သည်နိုင်ငံရေးနှင့်လူသား ထု၏ဆုံးရှုံးမူကြီးဖြစ်သည်။ ထို့ကြောင့်နိုင်ငံကိုအုပ်ချုပ်နေသောခေါင်းဆောင်များအနေဖြင့ခွဲခြားသောစကားရပ်များကို လက်သင့်မခံရန်၊ တစ်ခါတစ်ရံဤကြောက်စိတ်နှင့်မယုံကြည်မူအပေါ်အခြေခံ၍ပြောဆိုခြင်းကိမပြုလုပ်ရန်ပန်ကြားလို ပါသည်။ ထိုသို့ခွဲခြားငြင်းပယ်ခံရသောသားကောင်များကိုကျွန်ုပ်တို့အတူတကွကြည်ရူကြပါစို့။ ပြသာနာပေါင်းသောင်း ခြောက်ထောင်သည်ချိပ်ဆက်လျှက်ရှိနေသည်။

ကမ္ဘာ့ခေါင်းဆောင်ကြီးများအားလည်းပန်ကြားလိုသည်မှာ ငြိမ်းချမ်းရေးအဆောက်အဦးအသစ်ကိုအသစ်ကိုတည် ဆောက်နိုင်ရန် ကျွန်ုပ်တို့အတူတကွလက်တွဲလုပ်ဆောင်ကြပါစို့။ အားများစုစည်း၍အသက်၊ ကျန်းမာရေး၊ ပညာရေးနှင့် ငြိမ်းချမ်းရေးကိုကယ်တင်ရန်ကြိုးစားကြပါစို့။ အဖျက်သဘောကိုဖြစ်ပေါ်စေသောထုတ်လုပ်မူအရင်းအမြစ်များ၊ သေစေ လောက်သောလက်နက်များကိုထုတ်လုပ်မည့်အစား လူ့အသက်ကိုကယ်တင်မည့်လုပ်ရပ်များ၊ ပြုစုပျိုးထောင်သည်လုပ် ငန်းများ၊ ကျွန်ုပ်တို့၏ဘုံစံအိမ်ကိုကာကွယ်သည့်လုပ်ငန်းများကိုဆီသို့ဘက်ပြောင်းလုပ်ဆောင်ရန်အချိန်တန်ပြီ။ အချိန်ဖြုန်း မနေကြပါတော့နှင့်။ ရယူပိုင်ဆိုင်နိုင်သောဦးတည်ချက်များကိုဖြင့်အစပြုကြစို့။ ကိုဗစ်ရောဂါပိုးကူးစက်ပျံ့နှံ့နေခြင်းမှဟန့် တားနိုင်ရန်အတွက်ကာကွယ်ဆေးကိုဖော်စပ်တီထွင်၍တစ်ကမ္ဘာလုံးကလိုအပ်နေ၍ဖြန့်ဖြူးပေးကြပါစို့။ ‘ကျွန်ုပ်တို့သည် သွေးတော်သားစပ်သောညီအစ်ကိုမောများဖြစ်ကြသည်’ ဟုဤကပ်ရောဂါဆိုးကြီးကသတိပေးနေသည်။ 

စိတ်ကောင်းနှလုံး ကောင်းရှိသော ယုံကြည်သူအမျိုးသား၊ အမျိုးသမီးများအားလုံးကိုလည်းတိုက်တွန်းလိုသည်မှာ ‘ကျွန်ုပ်တို့အားလုံးလည်း ငြိမ်းချမ်းရေးကိုရေးဆွဲဖန်တီးသောဗိသုကာဆရာများဖြစ်ကြစို့။ ကျွန်ုပ်တို့အချင်းချင်းကြား၌လူမူ ရေးခင်မင်ကျွမ်း၀င်မူကိုတည်ဆေက်ကြစို့။ ဆွေးနွေညှိနှိုင်းဖလှယ်တတ်ခြင်းကိုယဉ်ကျေးမူတစ်ရပ်အဖြစ်ပျိုးထောင်ကြစို့။ ရိုးသားခြင်း၊ ဇွဲကြီးခြင်း၊ ရဲရင့်ခြင်းတို့သည်ယုံကြည်မူကိုကြည်မူ၊ ကွဲပြားခြားနားမူ၊ အကြမ်းဖက်မူစသည်တို့ကိုကုသပေး သောနည်းလမ်းဖြစ်သည်။ ညီအစ်ကိုမောင်နှမအရင်းစိတ်ဓာတ်ကိုဖျက်ဆီးသောစစ်ပွဲဖြစ်ပွားခြင်းကိုရပ်တန်ပေးသည်။ အဘယ်သူမျှညီအစ်ကိုမောင်နှမများနှင့်ကင်းရှင်းနေ၍မရ။ ထို့ကြောင့်စစ်မဖြစ်စေရန်နှင့်ညီအစ်ကိုမောင်နှမစိတ်ဓာတ်ပိုမို ခိုင်မြဲစေရန်လပ်ဆောင်ရမည့်တာ၀န်ကျွန်ုပ်တို့အားလုံးရှိကြသည်။

ကျွန်ုပ်တို့အားလုံးခွင့်လွှတ်တတ်ရမည်ဖြစ်သကဲ့သို့၊ ခွင့် လွှတ်ခြင်းကိုလည်းခံယူရမည်ဖြစ်သည်။ ကမ္ဘာကြီးနှင့်သမိုင်း၏မတရားမူများသည် တွေ့ဆုံဆွေးနွေးခြင်းနှင့်ခွင့်လွှတ်ခြင်း မှလွှဲ၍အမုန်းတရားများဖြင့်လည်းကောင်း၊ ပြန်လည်လက်စားချေခြင်းဖြင့်လည်းကောင်းမကုစား၊ မကျေအေးနိုင်ကြပါ။ ဤစံထားအပ်သောတာ၀န်များနှင့်ခရီးရှည်ကြီးကိုအတူတကွကျေပြွန်စွာထမ်းဆောင်နိုင်ရန် ဘုရားသခင်သည်သင်တို့အား အလင်းတရားထွန်းလင်းပေးပါစေ။ ဘုရားသခင်သည်ကျွန်ုပ်တို့တစ်ဦးစီ၏နှလုံးသားကိုထိတွေ့ပြီးနောက်၊ ကျွန်ုပ်တို့သည်ငြိမ်းချမ်းခြင်းကိုကြေငြာသောသတင်းကောင်းဆောင်သူများဖြစ်နိုင်ကြပါစေ။

 

ဘာသာပြန်-ဖာသာရ်ကလဲမင့်အားတယ်

https://bit.ly/37Jbbrc

 

Add new comment

2 + 2 =