ရဟန်းမင်းကြီးသည် ယူကရိန်းသို့ လူနာတင်ယာဉ်လှူဒါန်း

ရဟန်းမင်းကြီးသည် ယူကရိန်းသို့ လူနာတင်ယာဉ်လှူဒါန်း

ရဟန်းမင်းကြီးသည် ယူကရိန်းသို့ လူနာတင်ယာဉ်လှူဒါန်း

 

            ယူကရိန်း၌ဖြစ်ပွားနေသောစစ်ကြောင့် ဒုက္ခပင်လယ်ဝေနေကြရသော ယူကရိန်းပြည် သူများနှင့်အတူရှိနေ ကြောင်းပြသရန် ပုပ်ရဟန်းမင်းကြီးဖရန်စစ်အရှင်သူမြတ်က ယူကရိန်းသို့သွားမည့် ကာဒီနယ် Konrad Krajewski နှင့်အတူ အသင့်အသုံးပြု နိုင်သော လူနာတင်ယာဉ်တစ်စီးကိုလည်း Lviv သို့ပေးပို့လှူဒါန်းခဲ့သည်။ ယူကရိန်းအစိုးရအနေဖြင့်လည်း စစ်ဖြစ်ပွားနေ သောဒေသမှစစ်ရှောင် (၂၅၀၀၀၀) ကိုလည်း ဘေးလွှတ်ရာသို့ရွေ့ပြောင်းပေးလျှက်ရှိရာ ယခုရဟန်းမင်းကြီးကိုယ်တိုင် ကောင်းကြီးပေး၍ လှူဒါန်းသောလူနာတင်ယာဉ်ကိုလည်းလက်ခံရရှိလိုက်သည်။ 

            ရဟန်းမင်းကြီးကိုယ်စား ဤလူနာတင်ယာဉ်ကို တာ၀န်ခံ၍ လွဲအပ်ပေးရသည့်အတွက်လည်း ကြီးမားသောအ ခွင့်အရေးဖြစ်ကြောင်း၊ အလွန်ဓိပ္ပါယ်ရှိပြီး၊ တန်ဖိုးကြီးသော ပေးကမ်းလှူဒါန်းမှု ဖြစ်ကြောင်း၊ အဘယ်ကြောင့်ဆိုသော် လူ နာတင်ယာဉ်သည် လူ့အသက်ကိုကယ်ရာ၌ အသုံးပြုခြင်း ဖြစ်ကြောင်း၊ ရဟန်းမင်းကြီးသည် ပေါင်းကူးတံတာတည် ဆောက်သူ၊ ငြိမ်းချမ်းရေးကိုဆောင်ယူ လာပေး သူဖြစ်ကြောင်း၊ ဤလူနာတင်ယာဉ်သည် လူနာများအတွက်အဓိကဖြစ် သကဲ့သို့ ဤယာဉ်ကို ပေးလှူ လိုက်ခြင်းအားဖြင့် ရဟန်းမင်းကြီးသည် အဆိုပါလူနာများကိုကြင်နာစွာထွေးပွေ့ကြောင်းဆိုလို ခြင်း ဖြစ်ကြောင်း၊ ‘ကျွန်ုပ် သင်တို့၏အနီးအပါး၌ရှိနေသည်။ သင်တို့နှင့်အတူခံထမ်းနေသည်။ အလွန် ခက်ခဲ ဒုက္ခရောက် နေသော ဤနိုင်ငံ၏ငြိမ်းချမ်းရေးအတွက်ဆုတောင်းပါသည်’ ဟုပြောနေသည့် နှယ်ဖြစ် ပါသည်။      

            ဤလူနာတင်ယာဉ်ကိုလက်ခံရရှိခြင်းအတွက် တာ၀န်ခံ၍ ယူလာပေးသော ကာဒီနယ် အားလည်းကောင်း၊ လှူဒါန်း ပေးသော ရဟန်းမင်းကြီးအားလည်းကျေးဇူးတင်ကြောင်း၊ ဤယာဉ်ကို ကလေးလူနာများအားသယ်ယူပို့ဆောင်၌အသုံး ပြုသွားမည်ဖြစ်ကြောင်းပြောကြားခဲ့သည်။ ယူကရိန်း နိုင်ငံ၏တာ၀န်တစ်ယောက်ကလည်း ယခုအချိန်၌ ဤကဲ့သို့သော လက်ဆောင်ရရှိခြင်းသည် အလွန် အဓိပ္ပါယ်ရှိကြောင်း အဘယ်ကြောင့်ဆိုသော် Lviv ၌စစ်ရှောင်များနေ့စဉ်နှင့်အမျှတိုး လျှက်ရှိသည်။ ထို့ကြောင့် ကာဒီနယ်အားလည်းကောင်း၊ ရဟန်းမင်းကြီးအားလည်းကောင်း ဤလက်ဆောင်နှင့်ယူက ရိန်းနိုင်အားသတိရဆုတောင်းပေးသောကြောင့် ကျေးဇူးတင်ကြောင်း၊ ကျွန်ုပ်တို့အား အင်အားတက် လာစေကြောင်း၊ ကျွန်ုပ်တို့၏ နောင်မျိုးဆက်တို့အားစစ်ဘေးမကြုံစေလိုတော့ကြောင်း၊ ကျန်းမာ ပျော်ရွှင်စွာနဲ့ဘဲဖြတ်သန်းစေလိုကြောင်း၊ ကျူးကျော်စစ်ဖြစ်ပွားပြီးနောက် ယူကရိန်းသို့ ယခုတစ်ကြိမ်ရောက်ရှိလာခြင်းသည် ကာဒီနယ်၏ဒုတိယအကြိမ်ဖြစ်သည်ဟုဆိုသည်။          

 

 

အာဗီအေဘာသာပြန်-ဖာသာရ်ကလဲမင့်အားတယ်

https://bit.ly/3ua265M

Add new comment

4 + 0 =