ရဟန်းမင်းကြီးသည် ယူကရိန်းနိုင်ငံသို့ မည်သည့်အချိန်၌မဆိုကြွရောက်နိုင်ဟုဆို

ရဟန်းမင်းကြီးသည် ယူကရိန်းနိုင်ငံသို့ မည်သည့်အချိန်၌မဆိုကြွရောက်နိုင်ဟုဆို

ရဟန်းမင်းကြီးသည် ယူကရိန်းနိုင်ငံသို့ မည်သည့်အချိန်၌မဆိုကြွရောက်နိုင်ဟုဆို

 

            ပုပ်ရဟန်းမင်းကြီးဖရန်စစ်အရှင်သူမြတ်သည် ယူကရိန်းနိုင်ငံသို့မည်သည့်အချိန်မဆို ကြွရောက်နိုင်ဖွယ်ရှိကြောင်းဖြင့် မော်လ်တာ သို့တမန်တော်ခရီးကြွရောက်ပြီး အပြန်လေယာဉ်ပေါ်၌ သတင်းထောက်တစ်ဦး၏မေးမြန်းချက်ကို ‘စစ် ပွဲရပ်တန့်ဖို့ကိစ္စ ကအဓိကပါဘဲ။ ဒါထက်အရေးကြီးတဲ့ ဦးတည် ချက်လည်းမရှိဘူး။ ကူညီပေးနိုင်တာကတော့ လူသား ချင်းစာနာတဲ့အကူ အညီပေးနိုင်တာ ဘဲလုပ်နိုင်တယ်။ တကယ်လိုအပ်ပြီး၊ လုပ်ပေးနိုင်တာရှိလို့၊ အကောင်းဆုံးဖြစ်ဖို့ ကြွရောက်ပေးပါလို့ဖိတ် ခေါ်လာရင်တော့ ဖြစ်နိုင်ကောင်းတန်ရဲ့’ ဟုဖြေကြားခဲ့သည်။

ရဟန်းမင်းကြီးဖရန်စစ်သည် ယခုလအစောပိုင်းက ယူက ရိန်းသို့ ကြွဖွယ်ရှိ မရှိနှင့်ပတ်သက်၍ ဆွေးနွေးရဦးမည့်သဘောဆောင်သောအဖြေကိုပေးခဲ့သည်။ အဆိုပါမေးမြန်းချက်၌ ပင် ရုရှားဩသိုဒေါ့စ် ဘာသာရေးခေါင်းဆောင်ဖြစ်သော Patriarch Kirill  နှင့်တွေ့ဆုံရန်အစီအစဉ်သည်ပျက်ပြယ်သွား ပြီဖြစ် ကြောင်း၊ စီစဉ်ထားသည့်အတိုင်းဖြစ်လာမည်ဆိုပါက လာမည့်ဇွန်လ၌ ဂျေရုဆလင်၌ တွေ့ဆုံရန် ဖြစ်သည်ဟုဆိုသည်။ အဘယ် ကြောင့်ဆိုသော် ရဟန်းမင်းကြီးဖရန်စစ်သည် ဇွန် (၁၂) ရက်နေ့ လေဘာနွန် သို့ကြွရောက်မည်ဖြစ်သည်။ ဗာတီကန်အနေ ဖြင့် Patriarch Kirill  နှင့်ဒုတိယအကြိမ် တွေ့ဆုံရန် ယခုကဲ့သို့ စီအစဉ်ပြီးခါမှ ဖျက်သိမ်းလိုက်ရသောကြောင့် စိတ်မကောင်းဖြစ်ရကြောင်း၊ Patriarch Kirill  နှင့်သူ၏ဆက်ဆံရေးမှာအလွန်ကောင်းကြောင်း၊ သို့သော် သံတမန် လမ်းကြောင်းအရ ယခုကဲ့သို့ ကျွန်ုပ်တို့ခေါင်းဆောင်ကြီးနှစ်ပါး၏တွေ့ဆုံမှုသည် အခြေအနေကိုပို၍ရှုပ်ထွေးသွားနိုင် သည်ဟုထင်မြင်ယူဆကြသောကြောင့်ဖြစ်ကြောင်းဖြေကြားခဲ့သည်။       

 

အာဗီအေဘာသာပြန်-ဖာသာရ်ကလဲမင့်အားတယ်

https://bit.ly/3k8c027

Add new comment

2 + 7 =