ရဟန်းမင်းကြီးသည် မသန်စွမ်းအိုလံပစ်အားကစားသမားများအားတွေ့ဆုံနှုတ်ဆက်

ရဟန်းမင်းကြီးသည် မသန်စွမ်းအိုလံပစ်အားကစားသမားများအားတွေ့ဆုံနှုတ်ဆက်

ရဟန်းမင်းကြီးသည် မသန်စွမ်းအိုလံပစ်အားကစားသမားများအားတွေ့ဆုံနှုတ်ဆက်

ရဟန်းမင်းကြီးသည် ပြီးခဲ့သောဗုဒ္ဓဟူးနေ့ ဘုရားဖူးများနှင့်တွေ့ဆုံနေကြအတိုင်းတွေ့ဆုံစဉ်က မသန်စွမ်းအိုလံပစ် အားကစားသမားများနှင့်တွေ့ဆုံကာ အားပေးစကားအနည်းငယ်မိန့်ကြားခဲ့သည်။ ‘အားကစားသမားများကိုကျွန်ုပ် နှုတ်ဆက်ပါသည်။ ၄င်းတို့၏မျှော်လင့်ခြင်းနှင့်သတ္တိကိုသက်သေခံသည့်အတွက်လည်းကျေးဇူးလည်းတင်ပါသည်။ အားကစား၌စိတ်နစ်၍ ကြိုးစားခြင်းသည် ကျော်လွန်ရန်ခက်ခဲသည်ဟုထင်မှတ်ရသော အခက်အခဲအတားအဆီးများကိုကျော်လွန်နိုင်ကြောင်းကိုပြသ ခဲ့ကြသည်’ ဟုအားပေးစကားမြွတ်ကြားခဲ့သည်။ ဘုရားဖူးများအား သွန်သင်ချက်များပြုလုပ်ပြီးနောက် ထိုဘုရားဖူးအစီအစဉ်၌ပါ ၀င်ကြသော အားကစားသမားတစ်ဖွဲ့နှင့်ရင်းရင်းနှီးနှီးတွေ့ဆုံနှုတ်ဆက်ခဲ့သည်။ ၄င်းတို့အနက် ဘီးတပ်လှည်းစီးဘတ်စကက်ဘောကစားသမားဖြစ်သော Gianluca Palazzi လည်းပါသည်။ သူသည် ဗာတီကန်အားကစားအဖွဲ့၏ ပထမဦးဆုံးမသန်စွမ်းအား ကစားသမားဖြစ်သည်။ သူတို့သည် ‘ဗာတီကန်၏မသန်စွမ်းအားကစားသမားအသင်း၀င်များ’ ဖြစ်ကြကြောင်းသူကမိတ်ဆက်ခဲ့ပါသည်။ သူက ရဟန်းမင်းကြီးအား ‘တီရှပ်စွပ်ကျယ်’ တစ်ထည်လက်ဆောင်ပေးခဲ့သည်။ ဤ ‘ဗာတီကန်အားကစားသမား များအဖွဲ့’ ကို (၂၀၁၉) ခုနှစ်ကတရား၀င်ဖွဲ့စည်းခဲ့သည်။ သူတို့သည် ဗာတီကန်အမည်ခံ၍ပြိုင်ပွဲ၀င်ကြရသူများဖြစ်သည်။
Ref:Rome Reports
ဘာသာပြန်: ဖာသာရ်ကလေးမင့်အားတယ်
#rvamyanmar #rvapastoralcare #PopeFrancis #rvanews

Add new comment

7 + 6 =