ရဟန်းမင်းကြီးသည် ဗာတီကန်အတွက်တာ၀န်ခံအသစ်များကြေငြာ

ရဟန်းမင်းကြီးသည် ဗာတီကန်အတွက်တာ၀န်ခံအသစ်များကြေငြာ

ရဟန်းမင်းကြီးသည် ဗာတီကန်အတွက်တာ၀န်ခံအသစ်များကြေငြာ

ရဟန်းမင်းကြီးသည် ပြီးခဲ့သောကြာသပတေးနေ့ကမွန်ဆီညှော် Alejandro W. Bunge အားဗာတီကန်၏အလုပ်သ မားရေးရာ၏ဥက္ကဌအဖြစ်ကြေငြာလိုက်သည်။ သူသည်ဤအမူတော်ကိုပေးအပ်မခံရမီက Roman Rota ခုရုံး၏စီစစ်လေ့လာ သူအဖြစ်အမူထမ်းခဲ့သည်။ သူသည် (၁၉၅၁၊ နို၀င်ဘာလ၊ ၂၁) ရက်နေ့က အာဂျင်တီးနားနိုင်ငံ၌မွေးဖွားခဲ့သည်။

သူသည် San Isidro သာသနာပိုင်ဘုန်းတော်ကြီးဖြစ်ပြီး၊ (၁၉၇၈၊ ဒီဇင်ဘာလ၊ ၂၃) ရက်နေ့ကထာရရဟန်းသိက္ခာကိုခံယူခဲ့သည်။ ကက်သလစ်သာသနာမှဖွင့်လစ်ထားသော အာဂျင်တီးနားတက္ကသိုလ်မှသီဩလိုဂျီဘာသာရပ်၌လိုင်စင်ရရှိခဲ့သည်။ ထို့ နောက်အမိသာသနာ၏ကာနွန်ဥပဒေဖြင့်ဒေါက်တာဘွဲ့ကိုရဟန်းမင်းကြီးအသိအမှတ်ပြုထားသောစိန့်သောမတ်တက္က သိုလ်မှဆွတ်ခူးရရှိခဲ့သည်။

မွန်ဆီညှော်သည်အာဂျင်တီးနာကက်သလစ်တက္ကသိုလ်၌စာချအဖြစ်လည်းကောင်း၊ ကာနွန်ဥပ ဒေဌာန၏ဌာနမှူးအဖြစ်လည်းကောင်း၊ (၁၉၉၆-၂၀၁၃) အထိအမူထမ်းခဲ့သည်။ သူသည်အခြားသောရဟန်းဖြစ်တက္ကသိုလ် ၌လည်းစာချဘုန်းတော်ကြီးဖြစ်ခဲ့သည်။ သူသည် Buenos Aires ၏ဂိုဏ်းချုပ်၊ ဂိုဏ်းအုပ်သာသနာများစုပေါင်းဖွဲ့စည်းထား သည့်ဥပဒေဆိုင်ရာအဖွဲ့၏ဥက္ကဌအဖြစ်လည်းကောင်း၊ အာဂျင်တီးနာနိုင်ငံ၏ကာနွန်ဥပဒေဆိုငရာအဖွဲ့အစည်း၏ဥက္ကဌအ ဖြစ်လည်းကောင်းထမ်းဆောင်နေရင်း၊ (၂၀၁၃၊ ဧပြီလ၊ ၇) ရက်၌ရဟန်းမင်းကြီးဖရန်စစ်ကသူ့အား Roman Rota ၏ခုံရုံး၌ စီစစ်ကြားနာသူအဖြစ်ခန့်အပ်လိုက်သည်။

သူသည်စာအုပ်များစွာကိုလည်းရေးသားခဲ့သူဖြစ်သည်။ အလုပ်သမားရေးရာညွှန်ကြားရေးမှူး ရဟန်းမင်းကြီးသည် ပရောဖက်ဆာ Pasquale Passalacqua အားလည်းအလုပ်သမားရေးရာညွှန်ကြားရေးမှူးအဖြစ် လည်းကောင်း၊ ပရောဖက်ဆာသည် Cassino တက္ကသိုလ်နှင့်လားဇီယိုမြောက်ပိုင်း၏အလုပ်သမားဆိုင်ရာဥပဒေများကိုပို့ချ သူလည်းဖြစ်သည်။ သူ့အား (၁၉၆၈၊ ဇူလိုင်လ၊ ၁၅) ရက်နေ့၊ နေပယ်တွင်မွေးဖွားခဲ့သည်။ သူသည်ဥပဒေဘာသာရပ်ဖြင့် ရောမ၌ဘွဲ့ရခဲ့ပြီး၊ စီးပွားရေးနှင့်အလုပ်သမားဥပဒေဘာသာရပ်ဖြင့်ဒေါက်တာဘွဲ့ရခဲ့သည်။

သူသည် Lateran တက္ကသိုလ်၌ အလုပ်သမားဥပဒေကိုသင်ပြပြီး၊ Cassino နှင့်မြောက်ပိုင်းလားဇီယိုတက္ကသိုလ်များ၌စီးပွားရေးဘာသာရပ်ကိုသင်ကြားပေး သည်။ သူသည်အီတလီနိုင်ငံ၏အလုပ်သမားဥပဒေနှင့်လူမူလုံခြုံမူအဖွဲ့၏အဖွဲ့၀င်လည်းဖြစ်သည်။ အကြောင်းအရာများစွာ ကိုရေးသား၍စာအုပ်များစွာရေးသားထုတ်‌ေ၀ထားသူလည်းဖြစ်သည်။ ရုံးမန်နေဂျာကိုခန့်အပ်ခြင်း ဆက်လက်၍ရဟန်းမင်းကြီးကမွန်ဆီညှော် Giulio Sembeni အားအရှေ့တိုင်းအသင်းတော်၏တာ၀န်ခံအဖြစ်ခန့် အပ်ခဲ့သည်။ ယခုအချိန်ထိမွန်ဆီညှော်သည် ဗာတီကန်အတွင်းရေးမှူး၏လက်ထောက်တာ၀န်ကိုထမ်းဆောင်လျှက်ရှိသည်။

 

ဘာသာပြန် - ဖာသာရ်ကလဲမင့်အားတယ်

https://bit.ly/3lbO500

Add new comment

2 + 4 =