ရဟန်းမင်းကြီးသည် တောင်အာဖရိကအတွက်စိုးရိမ်ကြောင်းမိန့်ကြား

ရဟန်းမင်းကြီးသည် တောင်အာဖရိကအတွက်စိုးရိမ်ကြောင်းမိန့်ကြား

ရဟန်းမင်းကြီးသည် တောင်အာဖရိကအတွက်စိုးရိမ်ကြောင်းမိန့်ကြား

             (၂၅) နှစ်တာကာလအတွင်း အလွန်ပြင်းထန်သောဆန္ဒပြမှုဖြစ်ပွားခဲ့သည့် အာဖရိကတောင်ပိုင်းအ တွက် ရဟန်းမင်းကြီးသည် ဆုတောင်းပေးခဲ့သည်။ ဤဆန္ဒပြမှုကြီးသည် လွန်ခဲ့သောအပတ်ကဖြစ်ပွားခဲ့သည်။ မမျှော်လင့်ဘဲ တောင်အာဖရိကတိုက်မှ ကျွန်ုပ်တို့၏ညီအစ်ကိုမောင်နှမများ၏ အသက်ဆုံးရှုံးရသည့်သတင်းကိုကြားသိလိုက်ရပါသည်။ နိုင်ငံသည် စီးပွားရေးနှင့်ကပ်ရောဂါကြောင့်လည်း အတော်အကြပ်အတည်းနှင့်ရင်ဆိုင်နေရပြီဖြစ်သည်။ ဤဆန္ဒပြပွဲ၌ လူပေါင်း (၂၁၅) ဦးခန့် အသက်ဆုံးရှုံးခဲ့သည်။ ဆန္ဒပြမူကို (ဇူလိုင် ၈) ရက်နေ့၊ ကြာသပတေးနေ့ကစတင်ခဲ့သည်။ ဆန္ဒပြသူများက လမ်းများကိုလည်း ပိတ် ဆို့ကာ ဖမ်းဆီးခံထားရသောသမ္မတ Jacob Zuma အားလွှတ်ပေးရန်တောင်းဆိုကြသည်။ သမ္မတသည် အကျင့်ပျက်ခြစားမူဖြင့်စွပ် စွဲခံထားရသော်လည်း သူသည်မဟုတ်မမှန်လုပ်ကြံဖမ်းဆီးခံရကြောင်းဆက်လျက်ငြင်းဆန်နေသည်။ ဆန္ဒပြပွဲကိုဦးဆောင်သူ များမှာသမ္မတ Jacob Zuma ကိုထောက်ခံသူများဖြစ်သည်။ ဆန္ဒပြပွဲသည် အခြားသောမြို့များသို့လည်းကူးစက်ပျံ့နှံ့သွားကာ ပိုမိုကြီး ကျယ်လာပြီး အကြမ်းဖက်သည့်အသွင်ဆောင်လာသည်။ ဆန္ဒထုတ်ဖော်သူများသည် တရားမျှတမှုမရှိခြင်းနှင့်ကပ်ရောဂါဆိုးကြောင့် လူမူရေး၊ စီးပွားရေးကြပ်တည်းနေမူများကိုလည်းထုတ်ဖော်ပြောကြားခဲ့သည်။   

            ရဟန်းမင်းကြီးဖရန်စစ်သည် နိုင်ငံမှကက်သလစ်ဆရာတော်ကြီးများအဖွဲ့ချုပ်နှင့်အတူပေါင်းစည်းလျှက် နိုင်ငံ့ခေါင်းဆောင် များအား ရင်တွင်းမှလှိုက်လှိုက်လှဲလှဲအသနားခံပန်ကြားလိုသည်မှာ ဒေသန္တရအာဏာပိုင်များနှင့်ပူးပေါင်း၍ အကူအညီလိုအပ်သူ များအားကူညီရင်း ငြိမ်းချမ်းရေးနှင့်အတူ တကွလုပ်ဆောင်ခြင်းကိုတည်ဆောက်ကြရန်ဖြစ်သည်။  

            ဒေသန္တရကက်သလစ်ဆရာတော်ကြီးများကလည်း အလွန်သိသာထင်ရှားသောရာဇ၀တ်မှုကိုဖုံးဖိလို၍ ဤသို့မတည်မငြိမ် ဖြစ်မူကိုအခွင့်ကောင်းယူခြင်းကိုပြစ်တင်ရှုပ်ချပြီး၊ ပြည်သူများအားလည်း နိုင်ငံရေးဦးတည်ချက်တစ်ခုတည်းအတွက်သာဦးထိပ်မ ထားဘဲ ပြည်သူတို့၏အသက်အိုးအိမ်စည်းစိမ်စောင့်ရှောက်ကာကွယ်ရေးကိုလည်းထည့်သွင်းစဉ်းစားကြရန်တိုက်တွန်းခဲ့သည်။ ထို့ အတူ အစိုးရ၏စွမ်းဆောင်ရည်နိမ့်ပါးမှုနှင့်စီးပွားရေးလုပ်ငန်းများ၌ ကျင့်၀တ်သိက္ခာနှင့်မညီဘဲလုပ်ဆောင်ခဲ့မူများကိုလည်းထုတ် ဖော်ခဲ့ကြသည်။ မည်သို့ပင်ဆိုစေ ဇူလိုင် (၈) ရက်နေ့ကစတင်ခဲ့သော ဆန္ဒပြအကြမ်းဖက်မှုများသည် ဆက်လက်ဖြစ်ပွားနေသော် လည်းဆိုး၀ါးစွာဖြစ်ပွားမှုမှာအားနည်းလာနေသည်။ တောင်အာဖရိကတိုက်ပြည်သူများ၏တောင်းတချက်သည် ကလေးများကြား သဟဇာတပြန်လည်မွေးဖွားစေရေးကိုမမေ့မလျော့ဦးတည်သွားရမည်ဖြစ်ကြောင်းတိုက်တွန်းထားသည်။  

 
ဘာသာပြန်-ဖာသာရ်ကလဲမင့်အားတယ်
 
Photo courtesy of Agenzia Fides
 
 
 
 

Add new comment

10 + 9 =