ရဟန်းမင်းကြီးသည် တောင်ဆူဒန်မှရေဘေးနှင့်ဂရိနိုင်ငံမှမီးဘေးဒုက္ခသည်များကို အကူအညီပေးပို့

ရဟန်းမင်းကြီးသည် တောင်ဆူဒန်မှရေဘေးနှင့်ဂရိနိုင်ငံမှမီးဘေးဒုက္ခသည်များကို အကူအညီပေးပို့

ပုပ်ရဟန်းမင်းကြီးဖရန်စစ်အရှင်သူမြတ်သည် သူ၏၀ိညာဉ်ရေးနှင့်ကာယဆိုင်ရာ ကရုဏာရေးလုပ်ငန်းများကို ရေဘေးနှင့်မီးဘေးကြောင့် သောကဗျာ ဘ ‌ေ၀နေကြရသော ဒုက္ခသည်များထံသို့ပေးပို့ခဲ့သည်။ ပြီးခဲ့သောတနင်္လာနေ့က လူ့အရင်းအမြစ်ဖွံ့ဖြိုးတိုး တက်ရေးဌာနမှကြေညာချက်တစ်စောင်ထုတ်ပြန်ခဲ့သည်။ ထိုကြေညာချက်ကား ရဟန်းမင်းကြီးဖရန်စစ်သည် တောင်ဆူဒန်၌ ရေဘေးနှင့် ဂရိ၌မီးဘေးသင့်ပြည်သူများအား သူ၏ဂရုစိုက်မှု အလေးထားမှု၊ ‌၄င်းတို့နှင့်ထပ်တူေ၀မျှခံစားမှုကိုပြသရန်အတွက် တောင်ဆူဒန်သို့ အမေရိကန်ဒေါ်လာ (၇၅၀၀၀) ပေးပို့ကူညီခဲ့သည်။

ရေလွှမ်းမိုးမှုကြောင့် အိမ် (၆၀၀၀) ကျော်ပျက်ဆီးသွားခဲ့ သည်။ ကုလ၏ ခန့်မှန်းချက်အရ ယခုတစ်ကြိမ်ရေလွှမ်းမိုးခြင်းကြောင့်ပြည်နယ် (၆) ခုမှလူ (၄၀၀၀၀၀) ခန့်သည် အိုးမဲ့အိမ်မဲ့ ဖြစ်သွားကြသည်ဟုထုတ်ပြန်ထားသည်။ ထို့အတူရဟန်းမင်းကြီးသည် ဩဂုတ်လက ဂရိနိုင်ငံမြောက်ပိုင်း Evia၊ Peloponnese Region နှင့်ကျွန်းဟောင်းများတစ်ဝိုက်၌ အပူလှိုင်းဖြတ်သောကြောင့် ဆိုး၀ါးစွာမီးလောင်ကျွမ်းခဲ့သည်။ တော (၁၀၀၀၀၀) ဟက်တာခန့်လောင်းကျွမ်းပျက်စီးခဲ့သည်။ မီးကြောင့် လူ (၃) ဦးသေဆုံးခဲ့သည်။ ထိုမီးဘေးသင့်ပြည်သူများထံသို့လည်း ရဟန်းမင်းကြီးက ယူရိုငွေ (၅၀၀၀၀) ကိုပေးပို့၍ ၄င်းတို့၏ဆိုးရွားသောအခြေအနေ၌ ရဟန်းမင်းကြီးလည်းမျှ ‌ေ၀ခံစားနေ ကြောင်းပြသခဲ့သည်။

ယခုကဲ့သိုအလှူငွေလှူဒါန်းပေးခြင်းသည် ရဟန်းမင်းကြီး ၏ဂရုစိုက်မူ၊ ဖခင်မေတ္တာကိုဖော်ပြခြင်း၊ ဒုက္ခ ရောက်နေသူများအား ၀ိညာဉ်ရေးအရနီးစပ်သကဲ့သို့ ကာယပိုင်း၏လိုအပ်ချက်ကိုလည်း အတတ်နိုင်ဆုံးကူညီပေးနေကြောင်း ပြသရန်ဖြစ်သည်။

ဘာသာပြန်ဆိုသူ။ ။

ဖာသာရ်ကလဲမင့်အားတယ်

Photo courtesy of: AFP or Lucensors

https://bit.ly/3FrXj30

Add new comment

1 + 9 =