ရဟန်းမင်းကြီးသည် တရားတော်အတွက်ကွပ်မျက်ခံ (၁၂) ဦးကို ရဟန္တာတင်မြောက်နိုင်ရေး စုံစမ်းစစ်ဆေးခွင့်ပြုလိုက်

ရဟန်းမင်းကြီးသည် တရားတော်အတွက်ကွပ်မျက်ခံ (၁၂) ဦးကို ရဟန္တာတင်မြောက်နိုင်ရေး စုံစမ်းစစ်ဆေးခွင့်ပြုလိုက်

ပြီးခဲ့သော စနေနေ့က ရဟ န္တာများတင်မြောက်ခြင်းဆိုင် ရာစုံစမ်းစစ်ဆေးရေးရုံးတော် ၏ တာ၀န်ခံဖြစ်သော ကာဒီနယ် Marcello Semeraro က ရဟန်းမင်းကြီးဖရန်စစ်နှင့်တွေ့ဆုံခဲ့သည်။ ထိုသို့တွေ့ဆုံပြီးနောက် ရဟန္တာများအဖြစ်တင်မြောက်ရန် လျှောက်တင်ထားသော တရားတော်အ တွက် ကွပ်မျက်ခံခဲ့ကြရသူ (၁၂) ဦးနှင့်သူမတူသောဧဝံဂေလိတရားတော်၏စံတရားနှင့်အညီ လောက၌သက်ရှင်စဉ်က ကျင့်ကြံခဲ့ကြသော သာမန်ဘာသာတူ (၃) ဦး၊ စုစုပေါင်း (၁၅) ဦဂကို ရဟန္တာတင်မြောက်နိုင်ရေး စတင်စုံ စမ်းစစ်ဆေးရန် ပဏမအဆင့်ခွင့်ပြုခဲ့သည်။ ခွင့်ပြုခဲ့သူများမှာ

၁။ သူတော်မြတ် Blessed Margaret of Città del Castello ဖြစ်သည်။ သူသည် ဒိုမီနီကန်အသင်း၀င်သီလရှင်ဖြစ်သည်။ သူ့အား (၁၂၈၇) တွင် အီတလီနိုင်ငံ၊ Metola ၌မွေးဖွားခဲ့ပြီး၊ (၁၃၂၀၊ ဧပြီ ၁၃) ရက်နေ့ Città del Castello ၌ပျံလွန်သွားခဲ့သည်။ သူသာသ နာပြု၍ ခေါင်း ချခဲ့သည့်ဒေသကိုအစွဲ ပြု၍လူသိများကြသည်။ သူ့အားသူတော်မြတ် (Blessed) တစ်ပါးအဖြစ် အမိသာသနာတော် ကြီး၏ရဟန္တာများမှတ် တမ်းစာအုပ်၌ထည့်သွင်းမည်ဖြစ်သည်။

၂။ ဘုရား၏အစေခံ Vicente Nicasio Renuncio Toribio နှင့်အပေါင်းအဖော် (၁၁) ဦးအားလည်း သူတော်မြတ်များအဖြစ်တင် မြောက်နိုင်ရန် စတင်စုံစမ်းစစ်ဆေးခွင့်ပေးလိုက်ပြီဖြစ်သည်။ ၄င်းတို့သည် ‘အလွန်မြင့် မြတ် သောကယ်တင်ရှင်’ အမျိုး သားသူတော် စင်အသင်း၀င်များဖြစ်သည်။ ၄င်းတို့သည် (၁၉၃၆) ခုနှစ်၊ စပိန်နိုင်ငံ၊ မာဒရစ်မြို့၌ မိမိတို့၏ယုံကြည်ခြင်းအတွက် ကွပ်မျက်ခံခဲ့ရ သည်။

၃။ ဘုရားသခင်၏အစေခံ Pietro Marcellino Corradini မှာ Frascati သာသနာ၏ဆရာတော်ဖြစ်သည်။ သူသည် ‘Collegine မှသန့်ရှင်းသောအိမ်ထောင်စု’ သီလရှင်အ သင်းကိုတည်ထောင်ခဲ့သူလည်းဖြစ်သည်။ သူ့အား (၁၆၅၈၊ ဇွန်လ ၂) ရက်နေ့၊ အီတလီနိုင် ငံ၊ Sezze မြို့၌မွေးဖွားသန့်စင်ခဲ့ပြီး၊ (၁၇၄၃၊ ဖေဖော်၀ါရီလ ၁၀) ရက်နေ့၌ ရောမမြို့တွင်ပျံလွန်သွားခဲ့သည်။ လောက၌ သက်ရှိ ထင် ရှားရှိနေစဉ်က သူ၏ ပါရ မီကျင့်ကြံမူများသည် အလွန်ထူးခြားပေါလွင့်သူဖြစ်ခဲ့သည်။

၄။ ဘုရားသခင်၏အစေခံ Emanuele Stablum သည် သူတော်စင်အမျိုးသားတစ်ပါးဖြစ်ပြီး၊ ဘုရားသခင်အား ရာ သက်ပန်ဆက်ကပ် အပ်နှံထားသောသူတော်စင်လည်းဖြစ် သည်။ သူသည် ‘အပြစ်မဲ့သန္ဓေယူတော်မူသော မယ် တော်၏သားများ’ အသင်း ၀င်တစ်ပါးဖြစ် သည်။ သူ့အား အီတလီနိုင်ငံ၊ Terzolas မြို့၌ (၁၈၉၅၊ ဇွန်လ ၁၀) ရက်နေ့တွင်မွေးဖွားခဲ့ပြီး၊ (၁၉၅၀၊ မတ်လ ၁၆) ရက်နေ့အီတလီ နိုင်ငံ၊ ရောမ၌ပင်ပျံလွန်ခဲ့သည်။ သူသည်လည်း လော က၌သက်ရှိထင်ရှားရှိနေစဉ် သူ၏ပါရမီကျင့်ကြံအားထုတ်မူသည် အလွန်တရာ ထူးခြားပေါ်လွင်ခဲ့သူဖြစ်သည်။

၅။ ဘုရားသခင်၏အစေခံ María de los Desamparados Portilla Crespo သည် သာမန်ကက် သလစ်ဘာသာတူမိခင်တစ်ဦးဖြစ် သည်။ သူ့အား (၁၉၂၅၊ မေလ ၂၆) ရက်နေ့က‌ စပိန်နိုင်ငံ၊ Valencia ၌မွေးဖွားကာ၊ (၁၉၉၆၊ မေလ ၁၀) ရက်နေ့၌ စပိန်နိုင်ငံ၊ မာဒရစ် မြို့တွင်ပျံလွန်သွားခဲ့သည်။ သူသည် သာမန်ဘာသာတူဖြစ်ရုံမက၊ အိမ်ထောင်သည် မိခင်ဖြစ်သော်လည်း ဘာသာရေးနှင့်ပါရမီကျင့် ကြံအားထုတ်ရာတွင် အများ၏လေးစားအားကျခြင်းကိုခံခဲ့ရသူဖြစ် သည်။

၆။ ဘုရားသခင်၏အစေခံ Anfrosina Berardi သည်လည်း သာမန်ခရစ်ယာန်ဘာသာတူတစ်ဦးဖြစ်သည်။ သူ့ကို (၁၉၂၀၊ ဒီဇင်ဘာလ ၆) ရက်နေ့၊ အီတလီနိုင်ငံ၊ Preturo ၌မွေးဖွားခဲ့ပြီး၊ (၁၉၃၃၊ မတ်လ ၁၃) ရက်နေ့တွင်ပျံလွန်သွားခဲ့သည်။ သူသည်လည်း သာမန် ကက်သ လစ်ဘာသာတူတစ်ဦးသာဖြစ်သော်လည်း ပါရမီကျင့်ကြံရာ၌ အလွန်ခြားစွာရှင်သန်ခဲ့သူဖြစ်သည်။

https://bit.ly/3sQ5gry

ဘာသာပြန်-ဖာသာရ်ကလဲမင့်အားတယ်

Add new comment

12 + 8 =