Radio Veritas Asia Buick St., Fairview Park, Queszon City, Metro Manila. 1106 Philippines | + 632 9390011-15 | +6329390011-15
ရဟန်းမင်းကြီးသည် ဆွီစ်ရဲ (ဗာတီကန်ရဲ) တို့၏၀ိညာဉ်ရေးလမ်းညွှန် အဖြစ် ဘက်နက်ဒစ်တင်းရသေ့ ရဟန်းတစ်ပါးကိုခန့်အပ်
ရဟန်းမင်းကြီးသည် ဆွီစ် ရဲ (ဗာတီကန် ရဲ) တို့၏၀ိညာဉ်ရေးလမ်းညွှန် အဖြစ် ဘက်နက်ဒစ်တင်းရသေ့ ရဟန်းတစ်ပါးကိုခန့်အပ်
ဗာတီကန်ရဲများဟု အလွယ်တကူခေါ်လေ့ရှိသော ဆွီစ် ရဲများသည်ကျွန်ုပ်တို့အားလုံးသိသည့် အတိုင်း ဤသို့အမှု တော် ဆောင်ရန်သတ်မှတ်ချက်၌ကက်သလစ်ဘာသာ၀င်တစ်ဦး ဖြစ်ရမည် ဟု လည်း ပါသည်။ ထို့ကြောင့် ၄င်း၏၀ိညာဉ်ရေးလမ်းညွှန် အဖြစ် ဘက်နက်ဒစ်တင်းရသေ့ ဘုန်းကြီး တစ်ပါး အားခန့်အပ်ခဲ့သည်။
သူ၏အမည်မှာ Fr. Kolumban Reichlin ဖြစ်သည်။ သူသည် Indiana ပြည်နယ် Saint Meinrad ရဟန်းဖြစ်တက္ကသိုလ်၌ပညာသင်ကြားခဲ့ဖူးသည်။ လက်ရှိ၌သူသည် သက် တော် (၅၀) ရှိပြီး၊ စက်တင်ဘာလ (၁) ရက်နေ့ကဤအမှု တော်ကိုထမ်းဆောင်ရန် ရဟန်းမင်းကြီးက ခန့်အပ်ကြောင်းကြေညာခဲ့ သည်။ ဤသို့ကြေညာပြီးဖြစ်သော်လည်း တရား၀င်ခန့်အပ်သည့် အခမ်း အနားမှာ အောက်တိုဘာလ၌သာကျင်းပမည်ဖြစ်သည်။
ဗာတီကန်ရဲ (သို့) ဆွီစ်ရဲများကို (၁၅၀၆) ခုနှစ်၊ ရဟန်းမင်းကြီးဂျူလီအုစ့် (၂) ၏လက်ထက်၌ စတင်တည်ထောင်ခဲ့ပြီး၊ ၄င်းတို့၏တာ၀န်မှာ ရဟန်းမင်းကြီး၏အမှု တော်ကိုထမ်းရန်နှင့် ရဟန်းမင်းကြီး အားကာကွယ်စောင့်ရှောက်ရန်ဖြစ်သည်။၄င်းတို့ သည်ကမ္ဘာပေါ်ရှိအငယ်ဆုံးသောနိုင်ငံ၏အဖွဲ့၀င်များ ဖြစ်ပြီး၊ ရှေးအကျဆုံးသောစစ်တပ်အဖြစ်လည်းရပ်တည်နေသည်။ ၄င်းတို့ ၏တူညီ၀တ်စုံမှ ရောင်စုံ သွေးကြွသည့်အလယ်ခေတ်က၀တ်စုံဖြစ်၍ အမှတ်တမဲ့ကြည့်လျှင်စစ်၀တ်စုံနှင့်ပင်မတူလောက်အောင် ထင်းနေသည်။
ဗာတီကန်ရဲတို့၏၀ိညာဉ်ရေးလမ်းညွှန်အဖြစ် အသစ်ရွေးချယ်ခံရသောဘုန်းတော်ကြီးမှာ ဘက်နေဒစ်တင်းရသေ့ဘုန်းကြီးတစ်ပါးဖြစ်သည်။ သူသည် ဆွီဇီလန်နိုင်ငံရှိ Einsiedelnဘက်နက်ဒစ် တင်း ရသေ့ကျောင်းသို့ (၁၉၉၁) ခုနှစ်က ၀င်ရောက် ခဲ့သည်။ သူသည် သမိုင်းနှင့် ၀တ်ပြု ခြင်းဆိုင်ရာ ဘာသာရပ်များကို Bern၊ Freiburg နှင့်ရောမတို့၌သင်ကြားခဲ့သည်။ သူ၏ရသေ့ ကျောင်း၌ သူသည် ဘုရားဖူးများနှင့်ဆိုင်သောအပိုင်းနှင့်၀တ်ပြုခြင်းအပိုင်းကို တာ၀န်ယူထားသူ ဖြစ်သည်။
(၂၀၀၉) မှ (၂၀၂၀) အထိ သူသည် ဩစတီယာရှိ အလယ်ခေတ်ကဆောက်လုပ်ခဲ့သော
St. Gerold ရသေ့ကျောင်း၏တာ၀န်ခံအဖြစ်ထမ်း ဆောင်ခဲ့သည်။ အဆိုပါရသေ့ကျောင်း၌ St. Gerold သည် (၁၁) ရာစုကရသေ့တစ်ပါးအဖြစ်သီတင်းသုံးခဲ့သည်ဟုယုံကြည် ရသည်။ (၁၉၅၈) ခုနှစ်မှစ၍ ထိုရသေ့ ကျောင်းကို ဘုရားအကျောင်း၏အစီအစဉ်ဖြင့်ကျင်းပသော အစည်းအေ၀းများကျင်းပ ရာနေရာ၊ ပညာပေးပြပွဲများ၊ တေးဂီတ တင်ဆက်သည့်ပွဲများနှင့်ဟောပြောပွဲများကျင်းပရာနေရာအဖြစ် ပြောင်းလဲ အသုံးပြုလာခဲ့ သည်။
ဗာတီကန်ရဲများသည် ဗာတီကန်၀င်းအတွင်း၌ ၄င်းတို့၏ဘုရားကျောင်းဆောင်ငယ်ရှိသည်။ ၄င်းတို့သည်မစ္ဆားပုံမှန်ပါ၀င်ပူဇော်ရသည်။ ၄င်းတို့ဘုရားကျောင်း၌ မင်္ဂလာဆောင်အခမ်းအနားများ၊
ဆေးကြောခြင်းမင်္ဂလာအခမ်းအနားများကျင်းပလေ့ ရှိသည်။ ၄င်းတို့၏ဘုရားကျောင်းအမည်မှာ စိန့်မာတင်းနှင့်စိန့်ဆေဘက်စတီယန်ဖြစ်ပြီး၊ ၄င်းကို (၁၅၆၈) ခုနှစ်၊ ရဟန်းမင်းကြီး ပီအုစ် (၅) က ဆွီစ် ရဲများအတွက်သီးသန့်တည်ဆောက်ပေးခဲ့ခြင်းဖြစ်သည်။ ဤဘုရားကျောင်းသည် စိန့်ပီတာ ရင်ပြင် ၏မြောက် ဘက်၊ ဆွီစ်ရဲတန်းလျားနှင့်ရဟန်းမင်းကြီး၏ရုံးတော်နှ င့်ကပ်လျှက် တွင်ရှိသည်။ရဟန်းမင်း ကြီးသည် ဆွီစ်ရဲများအား ဗာတီကန် ၏အမှု တော်ကိုထမ်းဆောင်နေချိန်၌ ယုံကြည်ခြင်း၌ခို င်မြဲကြရန် မကြာခဏတိုက်တွန်းလေ့ရှိသည်။
‘သင်တို့ဤနေရာ၌ဖြတ် သန်းကုန်ဆုံးမည့်အချိန်သည် သင်တို့ဘ၀၌မည်သည့်အရာနှင့်မျှ မလဲ နိုင်ပေ။ ထို့ကြောင့် အတူနေရချိန်၌ ညီအစ်ကိုရင်းစိတ်ဖြင့် နေထိုင်ကြရန်၊ ပျော်ရွှင်မူနှင့်ပြည့်သော၊ အနှစ် သာရနှင့်ပြည့်သောခရစ်ယာန်တို့ဘ၀ကိုရှင်သန်ကြပါ’ ဟု (၂၀၂၀၊ အောက်တိုဘာလ ၂) ရက်နေ့
ရဲတပ်သားသစ်များလက်ခံကြိုဆိုသည့်အခမ်းအနား၌မိန့်ကြားခဲ့သည်။
ဘာသာပြန် - ဖာသာရ်ကလေးမင့်အားတယ်
Add new comment