ရဟန်းမင်းကြီးသည် ဆရာတော်ကြီးများဆိုင်ရာရုံးတော်၌ အမျိုးသမီးသုံးဦးကိုခန့်အပ်

ရဟန်းမင်းကြီးသည် ဆရာတော်ကြီးများဆိုင်ရာရုံးတော်၌ အမျိုးသမီးသုံးဦးကိုခန့်အပ်

ပုပ်ရဟန်းမင်းကြီးဖရန်စစ်အရှင်သူမြတ်သည် ဆရာတော်ကြီးများဆိုင်ရာရုံးတော်၌ အမျိုးသမီး (၃) ဦးကိုရွေးချယ်ခန့်အပ်ခဲ့ သည်။ ဗာတီကန်သည် ကမ္ဘာပေါ်ရှိဆရာတော်များရွေးချယ်ခန့်အပ်ရေးတာ၀န်ကိုယူရသည်။ အဆိုပါအမျိုးသမီးများမှာ ကက်သလစ်သီလရှင်များဖြစ်ပြီး ၄င်းတို့မှာ ပြင်သစ်နိုင်ငံမှ ဆလေးရှင်းသီလရှင် Yvonne Reungoat ဖြစ်သည်။ သူသည် ဆလေးရှင်းသီလရှင်အသင်း၏အမြင့်ဆုံးအမှုတော်ကိုလည်းထမ်းဆောင်ခဲ့ဖူးသူဖြစ်ပြီး၊ (၂၀၁၉) ခုနှစ်က ‘ဆက်ကပ်ရှင် သန် သူတော်စင်အ သက်တာနှင့်တမန်တော်အဖွဲ့အစည်းတို့၏အသက်တာ’ အဖွဲ့အစည်း၏ ပထမဦးဆုံးအမျိုးသမီး (၇) ဦးအနက်တစ်ဦးအ ဖြစ် ရွေးချယ်ခံခဲ့ရသူလည်းဖြစ်သည်။

နောက်တစ်ပါးမှာ အီတလီနိုင်ငံမှ ဖရန်စ္စကင်သီလရှင် Rafaella Petrini ဖြစ်သည်။ သူသည်လည်း ပြီးခဲ့သောနို၀င်ဘာလက ဗာတီကန်အတွင်း အမြင့်ဆုံးအမှုတော်ကိုထမ်းဆောင်ရသော ပထမဦးဆုံးအမျိုးသမီးအဖြစ်ခန့်အပ်ခံခဲ့ရသူ ဖြစ်သည်။ ထိုသို့ခန့်အပ်ခံရပြီး ပထမဦးဆုံးတာ၀န်ယူခဲ့ရသည်မှာ ဗာတီကန်ရင်ပြင်၌ ခရစ္စမတ်ကာတွင်နှစ်စဉ်တည် ဆောက်လေ့ရှိသော ‘သူငယ်တော်အိမ်’ ဖြစ်သည်။ ယခင်နှစ်က ‘သူငယ်တော်အိမ်’ သည် ပီရူးမှပေးပို့လှူဒါန်းခဲ့သည်။

တတိယအမျိုးသမီးမှာမူ သာမန်အမျိုးသမီးတစ်ဦးဖြစ်သူ Dr. Maria Lia Zervino ဖြစ်သည်။ သူသည် ကမ္ဘာလုံးဆိုင် ရာကက်သလစ်အမျိုးသမီးအဖွဲ့အစည်း၏ဥက္ကဌလည်းဖြစ်သည်။ အဆိုပါ ဆရာတော်များဆိုင်ရာဗာတီကန်၏ရုံးတော် သည် ကမ္ဘာတစ်၀ှမ်းမှလစ်လပ်နေသော၊ လိုအပ်နေသောဆရာတော်ကြီးများခန့်အပ်နိုင်ရေးအတွက် တောင်းခံလွှာများ ကိုစီစစ်လေ့လာသုံးသပ်ပြီး အသင့်လျှော်ဆုံးကိုရဟန်းမင်းကြီးထံတင်ပြရသည်။ ရဟန်းမင်းကြီးမှလည်း တင်ပြချက်များ ကိုပြန်လည်စီစစ်ပြီး အတည်ပြုသင့်ကအတည်ပြုပေးသည်။ ဤရုံးတော်ဆိုင်ရာအမှုတော်၌ ပထမဦးဆုံးအမျိုးသမီးများ ပါ၀င်လာခြင်းဖြစ်သည်။

အာဗီအေဘာသာပြန်- ဖာသာရ်ကလဲမင့်အားတယ်
https://bit.ly/3csjz2I

Add new comment

2 + 13 =