ရဟန်းမင်းကြီးသည် စက်တင်ဘာ (၁) ရက်နေ့ မှ အောက်တိုဘာလ (၄) ရက်ထိ ‘ဖန်ဆင်းခြင်း’ အတွက်ဆုတောင်းရာလ ကိုစတင်ဖွင့်လှစ်

ရဟန်းမင်းကြီးသည် စက်တင်ဘာ (၁) ရက်နေ့ မှ အောက်တိုဘာလ (၄) ရက်ထိ ‘ဖန်ဆင်းခြင်း’ အတွက်ဆုတောင်းရာလ ကိုစတင်ဖွင့်လှစ်

            စက်တင်ဘာတစ်ရက်နေ့သည် ဗုဒ္ဓဟူးနေ့၌ကျရောက်ခဲ့သည်။ ဗုဒ္ဓဟူးနေ့တိုင်း၌ ရဟန်းမင်းကြီး  သည် ဗာတီကန်၌ရှိ ပြီး၊ ကျန်းမာရေးကောင်းလျှင် ဘုရားဖူးများနှင့်စိန့်ပီတာရင်ပြင်တွင် တွေ့ဆုံလေ့ ရှိသည်။  ထို့ကြောင့်ယမန်နေ့ကလည်း ရဟန်း မင်းကြီးသည် ဘုရားဖူးများနှင့်ဆုံနေကျအတိုင်းဆုံဆည်း ၍ အတူဆုတောင်းခဲ့ကြသည်။ မိန့်ကြားစရာများကိုလည်းမိန့်ကြားခဲ့ သည်။

ထိုမိန့်ကြားချက်ထဲ၌ စက်တင်ဘာလ (၁) ရက်နေ့သည် ‘အပြည်ပြည်ဆိုင်ရာ စကြ၀ဋာကြီးအတွက် ဆုတောင်းပေးရ မည့်နေ့’ ဖြစ်ကြောင်း၊ ဤနေ့ကို (၂၀၁၅) ခုနှစ်က သူနှင့်အတူဩသောဒေါ့အသင်းတော် တို့ပူးပေါင်းကြေညာ၍စတင်ခဲ့သောနေ့ ဖြစ်ကြောင်း၊ ဤဆုတောင်းရာနေ့သည်တစ်လတာကြာမြင့်မည် ဖြစ်ပြီး၊ လာမည့်အောက်တိုဘာလ (၄) ရက်နေ့၊ စိန့်ဖရန်စစ် အစီးစီ၏ပွဲနေ့၌အဆုံးသတ်မည်ဖြစ်သည်။

ယခုနှစ်၏ ဆောင်ပုဒ်ကား ‘လူတိုင်းအတွက်အိမ်တစ်ဆောင်၊ ဘုရားသခင်၏အိမ် တော်ကိုမွမ်းမံ ကြစို့’ “A Home for All, Renewing God's Oikos (dwelling place).” ဟုဖြစ်သည်။

ကမ္ဘာ့ရာသီဥတုပြောင်းလဲလာ ခြင်းနှင့်ပတ် သက်၍ ဩသောဒေါ့ဆရာတော်ကြီး  Bartholomew နှင့်ကန်တာဘူရီမှ အဂ်လီကန်ဆရာတော် Justin Welby တို့နှင့်ပူးပေါင်းပြီး ယခုရက်ပိုင်း ကြေညာချက် ထုတ်ပြန်ရန်ရှိကြောင်း၊ ထို့အတူ အခြားသော ခရစ်ယာန်အသင်းပေါင်း စုံတို့နှင့်ပူးပေါင်းပြီး ကျွန်ုပ်တို့ အားလုံး ၏ဘုံစံအိမ်တော်ဖြစ်သော ကမ္ဘာကြီး၏ပြဿနာကို ၀ိုင်း၀န်းဆုတောင်းပြီး၊ ဖြေရှင်းရမည်ဖြစ် ကြောင်း၊ စက်တင်ဘာ (၁) ရက်နေ့သည် ‘ဖန်ဆင်းခြင်း’ ၏အစအဖြစ်သတ်မှတ်ထားသည်။  

ထို့အ တူဤကာလသည် ဩသောဒေါ့၊ အဂ်လီကန်နှင့်ကက်သလစ်သာသနာက စကြ၀ဋာကြီးအတွက် အထူးဆုတောင်း ပေးနေသည့်ကာလဖြစ်ကြောင်း၊ ဤဆုတောင်းရာအချိန်ကာလကို အောက်တိုဘာလ (၄) ရက်၊ အစီးစီမြို့မှစိန့်ဖရန် စစ်ဖြင့်အဆုံးသတ်မည်ဖြစ်ကြောင်း မိန့်ကြားအသိပေးခဲ့သည်။   

ဘာသာပြန် - ဖာသာရ်ကလေးမင့်အားတယ်   

Credit: https://youtu.be/oA1SOazRwnA    

Prayer for the creation (Myanmar)

ပုပ်ရဟန်းမင်းကြီးက စက်တင်ဘာ​(​၁)ရက်နေ့ကနေ အောက်တိုဘာ (၄)ရက်နေ့အထိကို "Season of creation" ဖန်ဆင်းခံအရာသတ္တဝါများအတွက် အထူးဆုတောင်းရမဲ့ကာလလို့ သတ်မှတ်ပေးထားပါတယ်။ ဒါကြောင့် လူသားများအတွက် အရာအားလုံးကိုလက်ဆောင်သဖွယ် ပေးသနားတော်မူသော ဘုရားရှင်ကို ကျေးဇူးတင်၊ချီးမွမ်းရင်း သဘာဝတရားကြီး အဓွန့်ရှည်တည်တံ့ဖို့ရန်အတွက် ကျွန်ုပ်တို့နဲ့အတူ ဆုတောင်းကြပါစို့...

https://youtu.be/dUsAsOYLjOQ 

Add new comment

4 + 0 =