ရဟန်းမင်းကြီးသည် ဂျေရုဆလင်အတွက် တရားမျှတခြင်းကိုတောင်းဆို

ရဟန်းမင်းကြီးသည် ဂျေရုဆလင်အတွက် တရားမျှတခြင်းကိုတောင်းဆို

ရဟန်းမင်းကြီးသည် ဂျေရုဆလင်အတွက် တရားမျှတခြင်းကိုတောင်းဆို

            ဂျေရုဆလင်လမ်းမများ‌ပေါ်၌ဖြစ်ပွားခဲ့သော အခင်းများကြောင့် ရဟန်းမင်းကြီးက တာ၀န်ရှိသော အဖွဲ့အစည်း နှစ်ဖွဲ့လုံးကိုအကြမ်းဖက်လုပ်ရပ်များရပ်တန့်၍ ဖြစ်နိုင်ခြေအရှိဆုံးသောနည်းလမ်းဖြင့်ကိုင်တွယ်ဖြေရှင်းရန် ပြီးခဲ့သော တနဂ်နွေနေ့ကတိုက်တွန်းခဲ့သည်။ 

            ရဟန်းမင်းကြီးသည် ဂျေရုဆလင်၌ဖြစ်ပျက်နေမူကို စိုးရိမ်ကြီးစွာဖြင့်စောင့်ကြည့်နေကြောင်း၊ အကြမ်းဖက်လုပ် ရပ်ဖြင့်မဟုတ်ဘဲ တွေ့ဆုံညှိနှိုင်းမူဖြင့် အခြေအနေကိုကိုင်တွယ်ဖြေရှင်းနိုင်ပါစေကြောင်း၊ ထိုနေရာသည် ဆုတောင်းခြင်း နှင့်ငြိမ်းချမ်းခြင်းရှိသောနေရာဖြစ်ပါစေကြောင်း၊ ထို့အတူတစ်ဦးစီအားလည်း အတူတကွကိုင်တွယ်ဖြေရှင်းကြရန်၊ သို့မှ သာဘာသာပေါင်းစုံ၊ ယဉ်ကျေးမူပေါင်းစုံရှိသော သန့်ရှင်းသောမြို့သည် လေးစားခံရမည်။ ညီအစ်ကိုမောင်နှမစိတ်ထား များကြီးထွားရှင်သန်လာမည်ဖြစ်ကြောင်း၊ အကြမ်းဖက်ခြင်းသည် အကြမ်းဖက်ခြင်းကိုသာ ဆက်လက်ဖြစ်ပွားစေရုံသာရှိ ကြောင်း၊ ပဋိပက္ခဖြစ်ပွားစေမူလုပ်ရပ်သည် တော်လောက်ပြီဖြစ်ကြောင်း မိန့်ကြားဆုတောင်းပေးခဲ့သည်။

            ယခုဖြစ်ပွားသော ပဋိပက္ခသည် မွတ်စလင်တို့၏ဥပုသ်လကုန်ဆုံးသည့်အချိန်နှင့်တိုက်ဆိုင်စွာဖြစ်ပွားခဲ့သည်။ အီစ္စရေးတို့သည် ပါလက်စတိုင်းတို့က အစဉ်အလာအရ တစ်လတာကြာမြင့်သော ဥပုသ်ကာလကုန်ဆုံးတိုင်း စုဆုံလေ့ရှိ သောနေရာကိုပိတ်ပင်လိုက်ခြင်းမှစတင်ခဲ့သည်။ ထိုအကြမ်းဖက်မူသည် အီစ္စရေးမှ တားမြစ်ပိတ်ပင်ချက်ကိုပြန်လည် ရုတ်သိမ်းသည့်မှသာငြိမ်သွားခဲ့သည်။ သို့သော် ထိုပဋိပက္ခသည် ပြီးခဲ့သောရက်သတ္တပတ်ကပြန်လည် အစဖော်ကာ အရှေ့ဂျေရုဆလင်မှ ပါလက်စတိုင်းဒါဇင်ခန့်လောက်တို့အားမောင်းထုတ်ခဲ့ခြင်းမှစတင်ခဲ့ပြန်သည်။ ဒုတိယအကျော့ဖြစ် ပွားသောဖြစ်စဉ်၌ သောကြာနှင့်စနေနေ့နှစ်ရက်အတွင်း Al-Aqsa နှင့်ဂျေရုစလင်တစ်၀ိုက်ထိခိုက်ဒဏ်ရာရသူပေါင်း (၁၃၆) ဦးခန့်ထိရှိခဲ့သည်။ ထိခိုက်ဒဏ်ရာရသူအများစုမှာ ရာဘာကျည်များဖြင့်ပစ်ခတ်မူကြောင့် မျက်စိနှင့်မျက်နှာများ၌ ထိခိုက်မူပိုများသည်ဟုဆိုပါသည်။

 

ဘာသာပြန်-ဖာသာရ်ကလဲမင့်အားတယ်

https://bit.ly/3ydgJFg

Add new comment

2 + 3 =