Radio Veritas Asia Buick St., Fairview Park, Queszon City, Metro Manila. 1106 Philippines | + 632 9390011-15 | +6329390011-15
ရဟန်းမင်းကြီးသည် ကိုဗစ် (၁၉) ရောဂါခံစားရသောသူများအားစာနာကြောင်းထုတ်ဖော်မြွတ်ကြား
ရဟန်းမင်းကြီးသည် ကိုဗစ် (၁၉) ရောဂါခံစားရသောသူများအားစာနာကြောင်းထုတ်ဖော်မြွတ်ကြား
ပုပ်ရဟန်းမင်းကြီးဖရန်စစ် အရှင်သူမြတ်သည်အန်ဂျေလူးဆုတောင်းမေတ္တာရွတ်ဆိုအပြီး၊ ကိုဗစ် (၁၉) ကူးစက်ရောဂါနှင့် ဆက်လက်တိုက်ပွဲဆင်နွဲနေကြ သော နိုင်ငံများအတွက်ဆုတောင်းသည်။ ထို့အတူဇွန်လသည်ယေဇူးရွှေနှ လုံးတော်လလည်းဖြစ်ကြောင်း၊ ယခုကဲ့သို့စိန့်ပီတာရင်ပြင်၌လူများ ပြန် လည်စုဝေးနိုင်ခွင့်သည် အီတလီနိုင်ငံ၌ကိုဗစ် (၁၉) ၏ဘေးဆိုးကာလလွန်မြောက်သွားသည့်လက္ခဏာဖြစ်ကြောင်း၊ သို့သော် ကျန်းမာရေး ၀န် ကြီးဌာန၏ချမှတ်ထားသောလမ်းညွှန်ချက်များကိုမူဆက်လက်၍သတိကြီးစွာလိုက်နာ ရမည်ဖြစ်ကြောင်း၊ အဘယ်ကြောင့်ဆိုသော်ထိုလမ်းညွှန် ချက်များသည်ရောဂါဆိုးကြီးကိုဆက်လက်မပျံ့ နှံ့မကူးစက်စေရန်ကာကွယ်ဟန့်တားခြင်းဖြစ်ကြောင်း၊ ထို့ကြောင့်အောင်မြင်ကျော်လွှားပြီဟု စောလျင်စွာကြွေးကြော်၍သတိလွတ်မသွား ကြရန်လည်းသတိပေးခဲ့သည်။ အချို့သောနိုင်ငံများ၌ယခုထိတိုင် ရောဂါပိုးကူးစက်မူမှာမြင့်တက်နေ သေးကြောင်း၊ ပြီးခဲ့သည့်သောကြာနေကနိုင်ငံတစ်နိုင်ငံ၌တစ်မိနစ် တစ်ဦးနှုန်းမျှသေဆုံးခဲ့ကြောင်း၊ အလွန်ထိတ်လန့်စရာကောင်းကြောင်း ထို ခြောက်ခြားဖွယ်အခြေအနေ ကိုတွေးမိ၍ကိုဗစ် (၁၉) ရောဂါဘေးကိုတိုက်ပွဲဆင်နွဲနေရသောနိုင်ငံများ၊ ရောဂါစွဲကပ်ခံစားနေရ သော လူနားများ၊ လူနာတို့၏မိသားစု၀င်များ၊ ပြုစုစောင့်ရှောက်ပေးနေသောသူများအားလုံးကိုစာနာပါ ကြောင်း၊ ၄င်းတို့နှင့်အနီးကပ်ဆုံး၌ရှိနေပါကြောင်း ထုတ် ဖော်မြွတ်ကြားခဲ့သည်။
အလွန်သန့်ရှင်းစင်ကြယ်တော်မူသောယေဇူးရွှေနှလုံးတော်
ယခုလသည်ယေဇူးရွှေနှလုံးတော်လအဖြစ်ကပ်လှူထားသောလလည်းဖြစ်သည်။ ဤကြည်ညို ခြင်းသည်ဘုရားသခင်၏လူမျိုးတော် များကြားဝိညာဉ်ရေး၌ရင့်သူ၊ နုသူများအားလုံးကိုစုစည်းပေး သည်။ ယေဇူးသခင်၏လူသားနှင့်ဘုရားနှလုံးတော်သည် ကျွန်ုပ်တို့အားဘုရား သခင်၏သနားခြင်း၊ ခွင့် လွှတ်ခြင်း၊ သိမ်မွေ့နူးညံ့ခြင်းတို့ကိုအချိန်မရွေးခပ်ယူသောက်သုံးနိုင်စေသောကောင်းကြီးတော်တွင်းဖြစ်သည်။ ဧဝံဂေလိ ကျမ်းတစ်ချက်ကိုအာရုံပြုရုံဖြင့်အထက်ကဆိုခဲ့သောကောင်းကြီးတော်များကိုခပ်ယူ သောက်သုံးနိုင်သည်။ အဘယ်ကြောင့်ဆိုသော်ယေဇူးသခင် ၏အပြုအမူတိုင်း၊ စကားလုံးတိုင်း၏အဓိ ကသော့ချက်၌ချစ်ခြင်းရှိနေသည်။
ထိုချစ်ခြင်းကားခမည်းတော်ဘုရားကိုချစ်သောချစ်ခြင်းဖြစ်သည်။ ကိုယ်တော်မြတ်စက္ကရာမင်းတူ၌ကိန်း၀ပ်နေတော်မူသောယေဇူးသခင်အားကိုးကွယ်ခြင်းဖြင့်ချစ်ကြောင်းပြနိုင်သည်။ အဘယ်ကြောင့်ဆိုသော် အဆိုပါချစ်ခြင်းသည်ဤစက္ကရာမင်းတူအတွင်း၌စံပ္ပါယ်လျှက်ရှိ သည်။ ဤသို့ဖြင့်ကျွန်ုပ်တို့၏ချစ်ခြင်းမဲ့၊ နည်းနေသောနှလုံးသားသည်လည်း တဖြေးဖြေးနှင့်ပို၍စိတ်ရှည် သော၊ ပို၍ရက်ရောသော၊ ပို၍သနားတတ်သောနှလုံးသားများဖြစ်လာမည်ဖြစ်ကြောင်းမြွတ်ကြားခဲ့သည်။
ဘာသာပြန်ဆိုသူ- ဖာသာရ်ကလဲ့မင့်အားတယ်
Photo credit: AFP or licensors
Add new comment