ရဟန်းမင်းကြီးသည် ကာဒီနယ် Krajewski အားယူကရိန်းသို့ စတုတ္ထအကြိမ်မြောက်စေလွှတ်

ရဟန်းမင်းကြီးသည် ကာဒီနယ် Krajewski အားယူကရိန်းသို့ စတုတ္ထအကြိမ်မြောက်စေလွှတ်

ရဟန်းမင်းကြီးဖရန်စစ်သည် သူ၏ကရုဏာရေးလုပ်ငန်း၏တာ၀န်ခံကာဒီနယ် Krajewski အားယူကရိန်းသို့ စတုတ္ထအကြိမ်မြောက်စေလွှတ်လိုက်ကြောင်းဗာတီကန်ကကြေညာခဲ့သည်။

သူသည် ရဟန်းမင်းကြီးဖရန်စစ်ကိုယ်စား သွားရောက်ခြင်းဖြစ်သည်။ အရှေ့ဥရောပနိုင်ငံတစ်နိုင်ငံဖြစ်သော ယူကရိန်းနိုင်ငံသည် ရုရှား၏ကျူးကျော်စစ်ကိုခံနေခဲ့ရ သည်မှာ (၆) လထဲသို့ရောက်ရှိလာပြီဖြစ်သည်။

ရဟန်းမင်းကြီးဖရန်စစ်စေလွှတ်မည့်ကာဒီနယ်သည် Odessa, Zhytomyr, Kharkiv မြို့များနှင့်စစ်ဒဏ်သင့်ယူကရိန်းနိုင်ငံ၏အခြားဒေသများသို့လည်းသွားရောက်ကြည့်ရှုမည်ဖြစ်သည်။

ရဟန်းမင်း ကြီး၏ကိုယ်းစားလှယ်သည် ယူကရိန်းနိုင်ငံမှ ဆရာတော်ကြီးများ၊ ရဟန်းတော်များ၊ သူတော်စင်များ၊ ဘာသာတူများအ ပေါ်ထားရှိသောရဟန်းမင်းကြီး၏မေတ္တာနှင့်ထပ်တူခံစားနေရမှုကို ပြသလိုက်ခြင်းဖြစ်သည်။ ဘာသာရေးခေါင်းဆောင် များသည် ၄င်းတို့၏အသက်ကိုပင်မငဲ့နိုင်ဘဲ စစ်စတင်သည်မှစ၍ စစ်ပြေးဒုက္ခသည်များအား ကူညီစောင့်ရှောက်နေခဲ့ သည်မှာ ရက်ပေါင်း (၂၀၀) ကျော်လာပြီဖြစ်သည်။

ရဟန်းမင်းကြီးကိုယ်စားလှယ်၏သွားရောက်ခြင်းသည် ‘တိတ်ဆိတ်ပြီး၊ ဧ၀ံဂေလိတရားနွယ်သောခရီးစဉ်’ ဖြစ်ကြောင်း၊ ဆိုလိုသည်မှာ စစ်ကြောင့်အတိဒုက္ခရောက်နေသောပြည်သူများနှင့်အတူရှိနေရန်၊ အတူဆုတောင်းရန်နှင့် အားပေးနှစ်သိမ့်ရန်၊ ၄င်းတို့သည်မေ့လျော့ခံများမဟုတ်ကြောင်းကိုပြသခံစားစေရန်ဖြစ်သည်ဟုဆိုသည်။

ကာဒီနယ်သည် အစော ပိုင်းကလည်းယူကရိန်းသို့သွားရောက်ခဲ့ပြီး ၄င်းနှင့်အတူလူနာတင်ယာဉ်တစ်စီးလည်း ရဟန်းမင်းကြီးကိုယ်စားသွား ရောက်ပေးအပ်ခဲ့သည်။ ပြီးခဲ့သော မတ်လသွားရောက်ခဲ့စဉ်ကလည်း လူနာတင်ယာဉ်တစ်စီးကိုပေးအပ်ခဲ့သည်။ လတ်တ လော၌ ယူကရိန်းတပ်အနေဖြင့် ရုရှားတို့သိမ်းပိုက်ထားခဲ့သော အရှေ့ပိုင်းမှနယ်မြေအတော်များကိုပြန်လည်သိမ်းပိုက် ထားနိုင်ကြောင်းသတင်းများကဆိုပါသည်။

ရုရှားအနေဖြင့်လည်း၄င်းတို့သိမ်းပိုက်ထားနိုင်ခဲ့သော ဒုတိယအကြီးဆုံးခံ တပ်မြို့ဖြစ်သော Kharkiv အားလက်လွတ်လိုက်ကြောင်းကိုထုတ်ဖော်ပြောကြားထားသည်။

ယူကရိန်းစစ်တပ်အနေဖြင့် ရုရှားတပ်များခြေကုပ်ထားသောနေရာအတော်များများကိုပြန်လည်သိမ်းပိုက်ရယူထားနိုင်ကြောင်း Kharkiv အခြေဆိုက် ရုရှားအစိုးရ၏ထောက်ပံ့မှု ကိုရယူထားသော Vitaly Ganchev အဖွဲ့၏ခေါင်းဆောင်ကပြောကြားထားသည်။ ယူကရိန်းသမ္မ တ၏ပြောကြားချက်အရ ယူကရိန်းတပ်များသည် ရုရှားတို့တပ်စွဲထားသော Kharkiv မှနေရာ (၃၀) ကျော်ကိုပြန်လည် သိမ်းပိုက်ထားနိုင်
ပြီဖြစ်ကြောင်း၊ နိုင်ငံ၏အရှေ့ပိုင်း Donbas နှင့်တောင်ပိုင်းတို့မှာတော့ တိုက်ပွဲများဆက်လက်ပြင်းနေဆဲရှိ ကြောင်းပြောကြားခဲ့သည်။

အာဗီအေဘာသာပြန်- ဖာသာရ်ကလဲမင့်အားတယ်

https://bit.ly/3RYEKJv

Add new comment

2 + 1 =