ရဟန်းမင်းကြီးသည် ကာဒီနယ် Christian Tumi ပျံလွန်ခြင်းအတွက်၀မ်းနည်းကြောင်းဆုတောင်းမေတ္တာသံကြိုးစာပေးပို့

ရဟန်းမင်းကြီးသည် ကာဒီနယ် Christian Tumi ပျံလွန်ခြင်းအတွက်၀မ်းနည်းကြောင်းဆုတောင်းမေတ္တာသံကြိုးစာပေးပို့

ရဟန်းမင်းကြီးသည် ကာဒီနယ် Christian Tumi ပျံလွန်ခြင်းအတွက်၀မ်းနည်းကြောင်းဆုတောင်းမေတ္တာသံကြိုးစာပေးပို့

                Christian Tumi သည် ဧပြီလ (၂) ရက်နေ့၊ သန့်ရှင်းသော သောကြာနေ့ကြီး၌  Douala ခရိုင်၊ Cameroonian မြို့၏ ဆေးခန်းတစ်ခု၌ ပျံလွန်သွားခဲ့သည်။ ရဟန်းမင်းကြီးဖရန်စစ် ၀မ်းနည်းကြောင်းဆုတောင်းမေတ္တာသံကြိုးစားကို ပါစကားတနဂ်နွေ နေ့ ၌ပေးပို့ခဲ့သည်။ သံကြိုးစားကို  Douala ၏ဂိုဏ်းချုပ်ဆရာတော် Samuel Kleda အားပေးပို့ခဲ့သည်။ ဂိုဏ်းချုပ်ဆရာတော် Samuel Kleda ယခုပျံလွန်သွားသောကာဒီနယ်၏အရိုက်အရာကိုဆက်ခံခဲ့သူဖြစ်သည်။

            သံကြိုးစားထဲ၌ ‘ယခုကဲ့သို့ကာဒီနယ်၏ပျံလွန်ခြင်းသတင်းကိုကြားသိရ၍ အလွန်စိတ်မကောင်းဖြစ်ရပါကြောင်း၊ ၀မ်းကြောင်းနှင့်ကာဒီနယ်အဖွဲ့အစည်းများနှင့်လည်းစုပေါင်း၍ဆုတောင်းမေတ္တာပို့သပေးနေပါကြောင်း၊ ကာဒီနယ်၏မိ သားစု၊ ကာဒီနယ်အတွက်စိတ်မချမ်းမြေ့ဖြစ်နေရသူများအားလုံးနှင့်လည်းဆုတောင်းခြင်း၌ နီးကပ်စွာရှိနေပါကြောင်းမိန့် ကြားထားသည်။

ကာဒီနယ်၏မေ့မရသောအမူတော်ဆောင်များ

            ကာဒီနယ်သည် ကာမရွန်၌မေ့မရလောက်သောအမူတော်များကို သာသနာတော်ကြီး၊ လူမူရေးနှင့်နိုင်ငံရေးနယ် ပယ်များ တွင်လုပ်ဆောင်ချန်ရစ်ခဲ့ကြောင်း၊ ကာဒီနယ်သည် (၁၉၇၉( ခုနှစ်မှစ၍ Yagoua ၏ဆရာတော်အဖြစ်အမူတော် ကိုစတင်ထမ်းဆောင်ခဲ့ရာ နောက်ပိုင်း၌ Garoua ၏ဂိုဏ်းချုပ်ဆရာတော်အဖြစ်လည်းကောင်း၊ Douala ၏ဂိုဏ်းချုပ်ဆ ရာတော်အဖြစ်လည်းကောင်း အသက်ပြည့်၍အနားယူသည့် (၂၀၀၉) ခုနှစ်တိုင်အမူတော်ကိုထမ်းဆောင်ခဲ့သည်။ ထို့အ တူသူသည်အာဖရိကလူမျိုး၏ပထမဦးဆုံးသောကာဒီနယ်လည်းဖြစ်ပြီး၊ (၁၉၈၈) စိန့်ဂျွန်ပေါ်လ် (၂) ၏လက်ထက်တွင် ကာဒီနယ်အဖြစ်‌ရွေးချယ်တင်မြောက်ခံခဲ့သည်။

 

ကာဒီနယ်သည် ဒီမိုကရေစီကိုရပ်တည်ကာကွယ်ပေးခဲ့သူ၊ ရဟန်းမင်းကြီးများ၏လုပ်ဖော်ဆောင်ဖက်ကောင်း

            ပျံလွန်သွားသောကာဒီနယ်သည် ဒီမိုကရေစီနှင့်လူ့အခွင့်အရေးကိုသတ္တိရှိရှိရပ်တည်ကာကွယ်၍ တိုက်ပွဲ၀င်ခဲ့သူ ဖြစ်ကြောင်း၊ ထို့အတူကာဒီနယ်သည် အသက်အရွယ်အားဖြင့်ကြီးရင့်နေပြီဖြစ်သော်လည်း  ငြိမ်းချမ်းခြင်းနှင့်ပြန်လည် ကြေအေးခြင်းကိုမြှင့်တင်ဖော်ဆောင်လိုခဲ့သည့်ဆန္ဒကြီးမားခဲ့သည်ကိုလည်းရဟန်းမင်းကြီးကထုတ်ဖော်မိန့်ကြားခဲ့သည်။ ၄င်းအပြင် သူသည်ရဟန်းမင်းကြီးများအပေါ်သစ္စာစောင့်သော လုပ်ဆောင်ဖော်ဆောင်ဖက်ကောင်းဖြစ်ခဲ့ကြောင်း၊  ရ ဟန်းမင်းကြီး၏ရုံးတော်မှပေးအပ်သောအမူတော်များကိုလည်း ဦးလည်မသုန်ဆောင်ရွက်ခဲ့သူဖြစ်ကြောင်း၊ ထို့ကြောင့် ဤသို့သစ္စာရှိသောငယ်သားကောင်းကိုဘုရားသခင်သည်သူ၏ငြိမ်းချမ်းခြင်း၊ ပျော်ရွှင်ခြင်း၌ပါ၀င်စံစားခွင့်ကိုပေးတော်မူ ပါစေဟုရေးသားဆုတောင်းပို့သထားပါသည်။    

 

ဘာသာပြန်-ဖာသာရ်ကလဲမင့်အားတယ်

https://bit.ly/3fJXvAo

Add new comment

15 + 4 =