ရဟန်းမင်းကြီးသည်သူ၏သက်တော်စောင့်အသစ်များကိုတွေ့ဆုံနှုတ်ဆက်

ရဟန်းမင်းကြီးသည်သူ၏သက်တော်စောင့်အသစ်များကိုတွေ့ဆုံနှုတ်ဆက်

ရဟန်းမင်းကြီးသည်သူ၏သက်တော်စောင့်အသစ်များကိုတွေ့ဆုံနှုတ်ဆက်

ရဟန်းမင်းကြီးသည်ပြီးခဲ့သည့်သောကြာနေ့က စိန့်ပီတာ၏အရိုက်အရာကိုဆက်ခံသောရဟန်းမင်းကြီးများ၏ သက်တော်စောင့်အသစ်များနှင့်ရင်းနှီးစွာတွေ့ဆုံစဉ်သည်။ ထိုတွေ့ဆုံခြင်း၌ငယ်ရွယ်စဉ်ယခုကဲ့သို့ဆက်ကပ်လိုစိတ်ရှိ ‌အောင်ပြုပြင်ပေးခြင်းသည် မိသားစု၏ယုံကြည်ခြင်းအဘယ်မျှအရေးပါသည်ကိုပြသခြင်းဖြစ်သည်။

ဤသက်တော်စောင့် များ၏မိသားစုများစုရုံးရောက်နေခြင်းသည်ဆွီစ်ကက်သလစ်ရဲများအနေဖြင့်အမိသာသနာတော်ကြီးအားအဘယ်မျှကြည် ညိုသည်၊ မိဘများမှာမိမိတို့၏ရင်သွေးများကိုချပေးခဲ့သောပညာရေးမျိုးစေ့၊ ကောင်းသောပုံသက်သေများကိုပြသဖော် ထုတ်နေခြင်းဖြစ်သည်။ ရက်ရောသောအစေခံခြင်းကိုပြုလုပ်တတ်ရန် မိမိတို့၏နီးစပ်သူများအား လက်ဆင့်ကမ်းသင့်ကြား ပေးနေခြင်းဖြစ်သည်ဟုမိန့်ကြားခဲ့သည်။

ရဟန်းမင်းကြီးသည် ဤအခမ်းအနားကိုအခွင့်အရေးယူ၍လည်း ယခင်ခင်ကဆက်ကပ်အမူတော်ထမ်းခဲ့ကြသော ဗာတီကန်၏ဆွီစ်ရဲများအားလည်းပြန်လည်အမှတ်ရထုတ်ဖော်မိန့်ကြားခဲ့သည်။ အထူးသဖြင့် ရောမမြို့ကြီးရန်သူ၏ဖျက် ဆီးခံရတော့မည်အခြေအနေမျိုး၌ ဆွီစ်ရဲများသည်သတ္တိရှိစွာရဟန်းမင်းကြီး၏အသက်အန္တာရယ်ကိုကာကွယ်ပေးခဲ့သည်။

ထိုသတ္တိဗျတ္တိကောင်းမူ၊ အန္တာရာယ်ကိုမိမိတို့၏အသက်ဖြင့်ပင်ကာကွယ်မည့်စိတ်ဓာတ်မျိုးသင်တို့ထံမှပျောက်ပျက်မသွား စေပါနှင့်။ ယနေ့လူမူဇာတ်ခုံ၌ လူငယ်များစွာတို့သည်အတွေးအခေါ်နှင့်ဘ၀နေထိုင်မူပုံစံနောက်သို့မိမိတို့၏၀◌ိညာဉ်ရေး ဘေးသင့်ရောက်သည့်အခြေအနေမျိုးအထိရှင်သန်လုပ်ဆောင်နေကြသည်။ ဤသို့လုပ်ဆောင်ခြင်းမှာ၄င်းတို့၏ရုပ်ပိုင်းဆိုင် ရာဆန္ဒ၏နောက်သို့လိုက်ခြင်းဖြစ်သည်။ (ဆွီစ်ရဲများနှင့်ရောမမြို့) ယခုကဲ့သို့အသစ်စီစစ်ရွေးချယ်လိုက်ခြင်းအား ရောမမြို့အနေဖြင့်အကောင်းဆုံးကိုပေးနိုင်ရန်မျှော်လင့်ပါကြောင်း၊ အဘယ်ကြောင့်ဆိုသော် ဤအစဉ်အလာသည်သမိုင်း၊ ယဉ်ကျေးမူနှင့်ယုံကြည်ခြင်းအနစ်အလွန်ကြွယ်၀သည်။ ထို့ ကြောင့် ဤအစဉ်အလာကိုအခွင့်ကောင်းယူ၍ သင်တို့၏ယဉ်ကျေးမူ၊ ဘာသာစကား၊ ၀◌ိညာဉ်ရေးနောက်ခံများကိုထပ်မံအား ကောင်းစေရန်ပံ့ပိုးပေးခြင်းဖြစ်သည်။

အမူတော်ထမ်းဆောင်နေစဉ် နေထိုင်မည့်အချိန်ကာလသည် သင်တို့အတွက်မည် သည့်အချိန်၊ မည်သည့်အရာနှင့်မျှယှဉ်၍မရသောအချိန်ဖြစ်ပေမည်။ သင်တို့အားလုံးအချင်းချင်းညီအစ်ကိုရင်းစိတ်ဓာတ် များမွေးမြူ၍အချင်းချင်းကူညီယှိုင်းပင်း၍ပိုမိုအနစ်သာရရှိပြီး၊ ပျော်ရွှင်သောခရစ်ယာန်ဘ၀ဆီသို့ဦးတည်သွားပေမည်။ (ခရစ္စတူးသခင်ကိုသစ္စာရှိပါ။) ရဟန်းမင်းကြီးက အသစ်ခန့်အပ်ခံရသောဗာတီကန်ဆွီစ်ရဲများအားဆက်လက်၍ ‘သင်တို့ပြုကြမည့်ကတိသစ္စာ သည်လည်းဆေးကြေခြင်းမဂ်လာခံယူစဉ်ကရရှိလိုက်သောခေါ်တော်မူခြင်းကိုကြေငြာခြင်းဖြစ်သည်။ ထိုခေါ်တော်မူခြင်း ကားခရစ္စတူးကိုကတိသစ္စာပြုခြင်းဖြစ်သည်။ သူသည်သင်တို့အားသူ၏လူနှင်ခရစ်ယာန်ဖြစ်ရန်၊ သင်တို့၏ရှင်သန်နေခြင်း အားဖြင့်သူတစ်ပါးအားကျစရာအသက်တာဖြစ်ရန်ဖြစ်သည်။ ယေဇူးသခင်၏အကူအညီနှင့်သန့်ရှင်းသော၀◌ိညာဉ်တော် ၏တန်ခိုးဩဇာဖြင့်သင့်တို့တွေ့ကြုံရမည့်စိန်ခေါ်မူ၊ အားအဆီးအရပ်ရပ်ကိုတည်ကြည်လေးနက် စွာဖြင့်ကျော်ဖြတ်နိုင်မည် ဖြစ်သည်။ ယေဇူးသခင်သည်သင်တို့ဘက်၌ရှိနေသည့်ကိုမမေ့ပါနှင့်။

သူသည်သင်တို့နှင့်အတူရှိနေသည့်နှစ်သိမ့်မူကို သင်တို့ခံစားရမည်ဟုလည်းယုံကြည်ကြောင်း၊ ဗာတီကန်၌အမူထမ်းနေသောဆွီစ်ရဲများအားလုံးကိုလည်းသင်တို့အမူထမ်း ဆောင်သောကြောင့်ကျေဇူးတင်သကဲ့သို့၊ သင်တို့ကောင်းမွန်စွာအမူထမ်းခဲ့သည့်အတွက်လည်းကျေးဇူးတင်ပါကြောင်း’ မိန့် ကြားခဲ့သည်။ ထို့နောက်ကုလာကုတားမြို့မှစိန့်ထရေးဇာ၏အဆိုအမိန့်တစ်ခုဖြစ်သော ‘ကျွန်ုပ်တို့၏နောက်ဆုံးအသက်တာ၌ ကျွန်ုပ်တို့သည်အဘယ်မျှလုပ်ဆောင်ခဲ့သနည်းဟူ၍စစ်ဆေးခံရမည်မဟုတ်ဘဲ၊ လုပ်ဆောင်ခဲ့သမျှ၌ချစ်ခြင်းမေတ္တာအဘယ် မျှထည့်သွင်းလုပ်ဆောင်ခဲ့သနည်း’ ဟုသာမေးမြန်းစစ်ဆေးခံရမည်ဖြစ်သည်ဟုမိန့်ကြားပြီးနိဂုံးချုပ်လိုက်သည်။

ဗာတီကန် ရဲ (၃၈) ဦး၏ကတိသစွာပြုကြမည့်အခမ်းအနားသည် မေလ (၄) ရက်နေ့ကပြုလုပ်ရမည်ဖြစ်သော်လည်း ကိုဗစ် (၁၉) ကြောင့်ရွေ့ဆိုင်းလာခဲ့ရာအောက်တိုဘာ (၄) ရက်နေ့၌ကျင်းပရန်ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။ ဤအခမ်းအနားကိုလည်းကျန်း မာရေးလမ်းညွှန်ချက်များနှင့်အညီသာတိုးတိုးတိတ်တိတ်ကျင်းပသွားမည်ဖြစ်ပါသည်

 

ဘာသာပြန် - ဖာသာရ်ကလဲမင့်အားတယ်

Photo courtesy of: ANSA

https://bit.ly/3iAEez4

Add new comment

2 + 5 =