ရဟန်းမင်းကြီးသည်လေဘာနွန်နှင့်ဘဲလားရုစ့်အတွက်ဆုတောင်းပေးခဲ့

ရဟန်းမင်းကြီးသည်လေဘာနွန်နှင့်ဘဲလားရုစ့်အတွက်ဆုတောင်းပေးခဲ့

ရဟန်းမင်းကြီးသည်လေဘာနွန်နှင့်ဘဲလားရုစ့်အတွက်ဆုတောင်းပေးခဲ့

ပြီးခံသောတနင်္ဂနွေနေ့မွန်းတည့်အန်ဂျေလူးဆုတောင်းမေတ္တာရွတ်ဆိုပူဇော်စဉ် ပုပ်ရဟန်းမင်းကြီးသည် လေဘာ နွန်နိုင်ငံနှင့်ကမ္ဘာပေါ်၌အခြေအနေအကြောင်းအမျိုးမျိုးကြောင့်လူသားတို့အားထိခိုက်နစ်နာနေကြ၊ အတိဒုက္ခရောက်နေ သူများအတွက်လည်းသတိရဆုတောင်းပေးခဲ့သည်။ ထို့အတူဘဲဘေလားရုစ်နိုင်ငံအတွက်လည်းဆု တောင်းပေးခဲ့သည်။ အဘယ် ကြောင့်ဆိုသော် ရွေးကောက်ပွဲမှထွက်ပေါ်လာသောရလာဒ်ကြောင့်နိုင်ငံအတွင်းဆန္ဒအကြီးအကျယ်ပြမူများရှိပြီး၊ အခြေအနေတင်းမာနေသည်။ ထို့ကြောင့်တွေ့ဆုံဆွေး နွေးညှိနှိုင်းရန်၊ အကြမ်းဖက်မှုကိုရှောင်ရန်၊ တရားမျှခြင်းနှင့်အခွင့် အရေးကိုလေးစားလိုက်နာရန်မေတ္တာရပ်ခံခဲ့သည်။

ဘဲလားရုစ်နိုင်ငံ၏နိုင်ငံရေးမတည်ငြိမ်မူ၊ အခြေအနေတင်းမာမူများ အားလုံးကို ငြိမ်းချမ်းရေး၏ မယ်တော်သခင်မထံအပ်နှံပူဇော်ပေးမည်ဖြစ်ကြောင့်စိန့်ပီတာရင်ပြင်၌ စုရုံးရောက်ရှိနေသော ဘုရားဖူးများအားမိန့်ကြားခဲ့ပြီး၊ သူတို့အားဝိုင်းဝန်းဆုတောင်းပေးကြရန်တိုက်တွန်းခဲ့သည်။

နွေရာသီကာလ၌ ကရုဏာနှင့်အနီး ကပ်ရှိနေကြရန်

ယခုကာလသည် အီတလီနိုင်ငံသားတို့၏နွေရာသီအားလပ်ရက်ကာလဖြစ်သည်။ ဤအားလပ်ရက်သည် အမိ မယ်တော်ကောင်းကင်ဘုံသို့ပင့်ဆောင်ခံသောပွဲတော်ကာလနှင့်တိုက်ဆိုက်နေသည် နွေရာသီအားလပ်ရက်သည် ရုပ်ပိုင်းဆိုင်ရာပြန်လည်လန်းဆန်းတက်ကြွလာစေသောအချိန်ကာလဖြစ်သည်။ ထို့အတူ၀ိညာဉ်အတွက်အချိန်ပေး သောကာလတစ်ခုလည်းဖြစ်ရာ ဆုတောင်းခြင်း၊ ဆိတ်ငြိမ်ခြင်း၊ ဘုရားသခင်၏လက်ဆောင်မွန်ဖြစ်သော သဘာ၀၏ အလှတရားနှင့်ထိတွေ့ခံစားခြင်ကိုပြုရန်အချိန်ပေးလည်းပေးသင့်လှသည်။

နွေရာသီအားလပ်ချိန်ကိုခံစားဖြတ်သန်းနေသော်လည်း ကိုဗစ် (၁၉) ကြောင့်ရိုက်ခတ်ထိတ်လန့်စေမူကိုမူမေ့မေ့ ပျောက်ပျောက်ထား၍ မရ။ အထူးသဖြင့်ဤရောဂါကပ်ဆိုးကြီးကြောင့်အလုပ်လက်မဲ့ဖြစ်နေသောမိသားစုများ၊ အလုပ်ပုံ မှန်မဆင်းနိုင်သောမိသားစုများ၊ မည်သည့်အလုပ်မျှမရှိဖြစ်နေသောသူများကိုစာနာတတ်ရမည်။ ထို့ကြောင့်အားလပ်ရက် ဖြစ်သော်လည်း အကူအညီလိုအပ်သူများကိုအတတ်နိုင်ဆုံးကူညီပေးခြင်း၊ ဤအခြေအနေမျိုးနှင့်ကြုံနေရသောမိသားစု များကိုလည်းစွန့်ပစ်မေ့လျော့မထားဘဲ အတတ်နိုင်ဆုံးကူညီကြရန်တိုက်တွန်းခဲ့သည်။

ဘာသာပြန် - ဖာသာရ်ကလဲမင့်အားတယ်

Photo courtesy of: AFP or Licensors

https://bit.ly/2FCoe1U
 

 

Add new comment

14 + 0 =