ရဟန်းမင်းကြီးသည်လစ်ဗျားနိုင်ငံ၏ငြိမ်းချမ်းရေးအတွက်ပန်ကြား

ရဟန်းမင်းကြီးသည်လစ်ဗျားနိုင်ငံ၏ငြိမ်းချမ်းရေးအတွက်ပန်ကြား

Pope appeals for peace in Libya: take their plight to heart

ရဟန်းမင်းကြီးသည်လစ်ဗျားနိုင်ငံ၏ငြိမ်းချမ်းရေးအတွက်ပန်ကြား

ရဟန်းမင်းကြီးသည်ယမန်နေ့တနင်္ဂနွေနေ့မွန်းတည့်အချိန်အန်ဂျေလူးဆုတောင်း မေတ္တာရွတ်ဆိုပူဇော်အပြီး၊ အကြမ်းဖက်လုပ်ရပ်နှင့်ပဋိပက္ခဖြင့် အလွန်ကြေကွဲဖွယ်အခြ​ေသောအနေဖြစ်နေသောလစ်ဗျားနိုင်ငံအတွက်နိုင်ငံတကာမှအဖွဲ့အစည်းများ၊ တာ၀န်ရှိကာ ကွယ်ရေးအဖွဲ့အစည်းများ ၏၀င်ရောက်ဖြန်ဖြေမူဖြင့်အကြမ်းဖက်လုပ်ရပ်များကိုငြိမ်း သတ်ပြီး၊ တည်ငြိမ်အေးချမ်းခြင်း၊ စည်းလုံးခြင်းကိုပြန်လည်တည် ဆောက်ပေးရန်ကြေ ကွဲစွာဖြင့်ပန်ကြားခဲ့သည်။

ထို့အတူထောင်သောင်းမကသောပြောင်းရွေ့အလုပ်သမားများ၊ ဒုက္ခသည်များ၊အခြေအနေမဲ့လူတန်းစားများ၊ ပြည်တွင်း၌အိုးအိမ်မဲ့ဖြစ်နေသောလစ် ဗျားနိုင်ငံသားများအတွက်လည်းထပ်လောင်းဆုတောင်းပေးခဲ့သည်။
လက်ရှိကိုရိုနာဗိုင်း ရပ်စ်၏ရောဂါကပ်ဆိုးကြီးသည်ပင်အလွန်ဆိုးရွားနေပြီဖြစ်ရာ၊ ၄င်းတို့၏အခြေအနေကိုပို မို၍ထိခိုက်ဆိုးရွားစေနိုင်ကြောင်း၊ ထို့ကြောင့်လူကုန်ကူးခံရရန်၊ ၄င်းတို့အားအလွှဲသုံးစား ပြုရန်ပို၍အခြေအနေဖန်တီးနေကြောင်း၊ ဤဖြစ်ရပ်သည်အလွန်ရက်စက်လွန်းကြောင်း မိန့်ကြားရင်းပန်ကြားခဲ့သည်။

ဘာသာပြန် ဖာသာရ်ကလဲမင့် အားတယ်

https://bit.ly/30P4kJl

Add new comment

4 + 3 =