ရဟန်းမင်းကြီးသည်လက်ဘနွန်နိုင်ငံအတွက်ပညာတော်သင်ဆုထောက်ပံ့

ရဟန်းမင်းကြီးသည်လက်ဘနွန်နိုင်ငံအတွက်ပညာတော်သင်ဆုထောက်ပံ့

ရဟန်းမင်းကြီးသည်လက်ဘနွန်နိုင်ငံအတွက်ပညာတော်သင်ဆုထောက်ပံ့

ယမန်နေ့ကဗာတီကန်၏သတင်းဌာနမှသတင်းတစ်ခုကိုကြေငြာခဲ့သည်။ ထိုသတင်းကားရဟန်း မင်းကြီးသည်လက်ဘနွန်နိုင်ငံနိုင် မှကျောင်းသား (၄၀၀) အတွက်ပညာတော်သင်ထောက်ပံ့ကြေးအဖြစ် အမေရိကန်ဒေါ်လာ (၂၀၀၀၀၀) လှူဒါန်းပေးအပ်လိုက်သည့်သ တင်းဖြစ် ပါသည်။

ဤသို့ကူညီလှူဒါန်းရ ခြင်းမှာခက်ခဲနေသောသူများနှင့်တစ်စိတ်တစ်၀မ်းတည်းထားကြောင်းပြသရန်ဖြစ်ကြောင်း၊ ပြည်တွင်း နှင့်နိုင်ငံ တကာအဆင့်မှလည်းဘုံကောင်းကျိုးအတွက်မျှော်မှန်း၍ လိုအပ်သူများကိုကူညီရန်နှင့်၊ နိုင်ငံ ရေး၊ ဘာသာရေး၊ လူမျိုးရေး၊ ဒေသအရအစွဲ၊ ကွဲပြား နေမူများကိုကျော်လွှား၍စည်းလုံးညီညွှတ်မှုကိုပြန် လည်တည်ဆောက်ရန်ဖြစ်သည်။ ဤသည်ကားလူသားအချင်းချင်းညီအစ်ကိုရင်းစိတ် ဓာတ် ဖြင့်ကူညီရ မည့်တရားကပေးခြင်သောသင်ခန်းစာဖြစ်သည်။

ဤကဲ့သို့ကူညီရခြင်းမှာယခုနှစ်သည် လက်ဘနွန်နိုင်ငံတည်ထောင်ခြင်း၏ရာ ပြည့်နှစ်ပတ်လည် ဖြစ်သည်။ လက်ဘနွန်နိုင်ငံကို ဆီဒါ မြေ (the Land of Cedar) ဟုလည်းခေါ်သည်။ ဤသစ်မျိုးသည် လက်ဘနွန်နိုင်ငံ၌သာပေါက်သည်။ ကျမ်းစာထဲ၌လည်းဖော်ပြထားသည်။ ထို ရှားပါးသစ်များပေါက် ရောက်သောဒေသသည်ဒုက်ခအမျိုးမျိုး၊ ပြသာနာအသွယ်သွယ်၊ ဆင်းရဲနွမ်းပါးမူအထွပ်သို့ရောက်ရှိ နေပြီး၊ မျှော်လင့်ချက် မဲ့နေရရှာသည်။ အထူးသဖြင့်မျိုးဆက်သစ်လူငယ်များအနေဖြင့်လက်ရှိအခြေအ အနေကိုစိတ်ပျက်စရာ၊ အနာဂါတ်သည်လည်းမသေချာမရေရာ ဟုခံစားနေကြရသည်။

ဆက်လက်ဖြစ် ပွားနေသောပြသာနာများသည်လူငယ်များ၏ပညာရေးကိုအဟန့်အတားဖြစ်စေသည်။ အထူးသဖြင့်အုပ် ချုပ်မူအလွန်အားနည်းသောဒေသများဖြစ်သည်။ ထိုဒေသများမှလူငယ်များကိုသာသနာမှ အဖွဲ့အစည်း များတတ်နိုင်သလောက်ကူညီ၍ပညာရေး ကိုဖန်တီးပေးနေရသည်။ ရဟန်းမင်းကြီးပေးလှူသောပညာ ရေးထောက်ပံ့ကြေးသည်ထိုသို့အကူအညီလိုအပ်နေသူများအတွက်ဖြစ်သည်။

ဤအလှူကိုအရှေ့ပိုင်း၀ိနည်းတော်ကျင့်သုံးသောသာသနာအဖွဲ့အစည်း၏အတွင်းရေးမှူးထံသို့ လွှဲပြောင်းပေးအပ်ခဲ့သည်။ ထိုအကူအ ညီအပြင်ကိုဗစ် (၁၉) အရေးအပေါ်အခြေအနေ၌အသုံးပြုရန်အ တွက်လည်းအလှူငွေများလွှဲအပ်ပေးပို့ခဲ့သည်။ ရဟန်းမင်းကြီးသည်ဤအလှူကို Harissa တောင်ပေါ် တွင်ရှိလက်ဘနွန်မယ်တော်မှလက်ဘနွန်နိုင်ငံကိုစောင့်ရှောက်နေသော ဘုရားမယ်တော်နှင့်အတူ လက် ဘနွန်နိုင်ငံ၏ရ ဟန်းတာသူတော်သူမြတ်အပေါင်၏ထပ်ဆင့်ဆုတောင်းခြင်းကိုခံယူ၍ပေးပို့ခဲ့ပါသည်။

ဘာသာပြန် ဖာသာရ်ကလဲမင့်အားတယ်
Photo credit :ANSA

https://bit.ly/3dSu8YE

Add new comment

4 + 15 =