ရဟန်းမင်းကြီးသည်မောရီသျှနိုင်ငံအတွက်ဆုတောင်းပေး

ရဟန်းမင်းကြီးသည်မောရီသျှနိုင်ငံအတွက်ဆုတောင်းပေး

ရဟန်းမင်းကြီးသည်မောရီသျှနိုင်ငံအတွက်ဆုတောင်းပေး

ယနေ့မှစ၍လာမည့်အောက် တိုဘာ (၄) ရက်နေ့အထိ ‘က မ္ဘာကြီး၏ဂျုဗလီ’ ပွဲတော်ကိုအခြားသော ခရစ်ယာန်ညီအစ် ကိုများပါ၀င်လျှက်ကျင်းပမည်ဖြစ်သည်။ ကမ္ဘာနှင့်အ၀န်း၌ လည်းဤနေ့ကိုမိမိတို့၏နည်း ဟန်ဖြင့်လှုပ်ရှားမူများပြုလုပ်ကျင်းပကြိုဆိုကြ၊ ဂုဏ်ပြုကြမည်ဖြစ်သည်။

ဤပွဲကိုအိမ်ရှင်အဖြစ်မောရီသျှ နိုင်ငံ၏မြို့တော်ဖြစ်သော Port Louis ကက်သီဒရယ်တွင်ကျင်းပမည်ဖြစ်သည်။ သို့ သော်လက်ရှိ၌မောရီသျှ နိုင်ငံသည်ဂျပန်ရေနံတင်သဘော်မှယိုစိမ့်သောရေနံများကြောင့်ပင်လယ်လင်းပိုင်များစွာသေ ကြေစေခဲ့ သည်။ ထိုအခြေ အနေကိုအစိုးရ၏ကိုင်တွယ်မူအပေါ် မကျေနပ်၍စနေနေ့ကနိုင်ငံအတွင်းငြိမ်းချမ်းစွာဆန္ဒ ပြမူများဖြစ်ပွားနေသည်။

ဤမတော်တဆဖြစ်ပွားမူသည်လွန်ခဲ့သောတစ်လကအိန္ဒိယသမုဒ္ဒရာတွင်ဖြစ်ပွား ခဲ့သည်။ ခရစ်ယာန်အသင်းပေါင်းစုံ၏ ဖန်ဆင်းခြင်းကိုကာကွယ်စောင့်ရှောက်ရေးတာ၀န်ခံဆရာတော် Dimitrios ကစက်တင်ဘာလ (၁) ရက်နေ့ကို ‘အပြည်ပြည်ဆိုင်ရာဖန် ဆင်းခြင်းအတွက်ဆု တောင်းပေး သောနေ့’ အဖြစ်ဩသောဒေါ့သာသနာတွင် လွန်ခဲ့သော (၁၉၈၉) ခုနှစ်ကစတင်ကြေ ငြာခဲ့သည်။ ထိုလှုပ် ရှားမူကိုဥရောပခရစ်ယာန်အသင်းများက (၂၀၀၁) နှစ်တွင်ပါ၀င်လာခဲ့ပြီး၊ ရဟန်းမင်းကြီးဖရန်စစ်က (၂၀၁၅) တွင်ပါ၀င်လာခဲ့သည်။ (၂၀၁၈) ခုနှစ်၌ပထမအကြိမ်အဖြစ် ‘ဖန်ဆင်းခြင်းကိုကာကွယ်စောင့် ရှောက်သော‌အပြည်ပြည်ဆိုင်ရာဆု တောင်းရာနေ့’ အဖြစ်သတ် မှတ်ကျင်းပခဲ့သည်။ ထိုအစီ အစဉ်ကိုအာ စီးစီမြို့၌ကျင်းပခဲ့ပြီး၊ အခြားသောခရစ်ယာန်ညီအစ်ကိုများလည်းပါ၀င်ခဲ့ကြသောကြောင့်ခရစ်ယာန်များ ဆုပေါင်းကျင်းပသောဆုတောင်းပွဲပုံစံဖြစ်ခဲ့သည်။

ဘာသာပြန်-ဖာသာရ်ကလဲမင့်အားတယ်
Photo courtesy of: ANSA

https://bit.ly/3j4hskb

Add new comment

2 + 10 =