ရဟန်းမင်းကြီးသည်မောရီသျှနိုင်ငံအတွက်ဆုတောင်းပေး

ရဟန်းမင်းကြီးသည်မောရီသျှနိုင်ငံအတွက်ဆုတောင်းပေး

ရဟန်းမင်းကြီးသည်မောရီသျှနိုင်ငံအတွက်ဆုတောင်းပေး

ယနေ့မှစ၍လာမည့်အောက်တိုဘာ (၄) ရက်နေ့အထိ ‘ကမ္ဘာကြီး၏ဂျုဗလီ’ ပွဲတော်ကိုအခြားသော ခရစ်ယာန်ညီအစ်ကိုများပါ၀င်လျှက်ကျင်းပမည်ဖြစ်သည်။ ကမ္ဘာနှင့်အ၀န်း၌လည်းဤနေ့ကိုမိမိတို့၏နည်း ဟန်ဖြင့်လှုပ်ရှားမူများပြုလုပ်ကျင်းပကြိုဆိုကြ၊ ဂုဏ်ပြုကြမည်ဖြစ်သည်။

ဤပွဲကိုအိမ်ရှင်အဖြစ်မောရီသျှ နိုင်ငံ၏မြို့တော်ဖြစ်သော Port Louis ကက်သီဒရယ်တွင်ကျင်းပမည်ဖြစ်သည်။ သို့သော်လက်ရှိ၌မောရီသျှ နိုင်ငံသည်ဂျပန်ရေနံတင်သဘော်မှယိုစိမ့်သောရေနံများကြောင့်ပင်လယ်လင်းပိုင်များစွာသေကြေစေခဲ့ သည်။ ထိုအခြေအနေကိုအစိုးရ၏ကိုင်တွယ်မူအပေါ် မကျေနပ်၍စနေနေ့ကနိုင်ငံအတွင်းငြိမ်းချမ်းစွာဆန္ဒ ပြမူများဖြစ်ပွားနေသည်။

ဤမတော်တဆဖြစ်ပွားမူသည်လွန်ခဲ့သောတစ်လကအိန္ဒိယသမုဒ္ဒရာတွင်ဖြစ်ပွား ခဲ့သည်။ ခရစ်ယာန်အသင်းပေါင်းစုံ၏ ဖန်ဆင်းခြင်းကိုကာကွယ်စောင့်ရှောက်ရေးတာ၀န်ခံဆရာတော် Dimitrios ကစက်တင်ဘာလ (၁) ရက်နေ့ကို ‘အပြည်ပြည်ဆိုင်ရာဖန်ဆင်းခြင်းအတွက်ဆုတောင်းပေး သောနေ့’ အဖြစ်ဩသောဒေါ့သာသနာတွင် လွန်ခဲ့သော (၁၉၈၉) ခုနှစ်ကစတင်ကြေငြာခဲ့သည်။ ထိုလှုပ် ရှားမူကိုဥရောပခရစ်ယာန်အသင်းများက (၂၀၀၁) နှစ်တွင်ပါ၀င်လာခဲ့ပြီး၊ ရဟန်းမင်းကြီးဖရန်စစ်က (၂၀၁၅) တွင်ပါ၀င်လာခဲ့သည်။

(၂၀၁၈) ခုနှစ်၌ပထမအကြိမ်အဖြစ် ‘ဖန်ဆင်းခြင်းကိုကာကွယ်စောင့် ရှောက်သော‌အပြည်ပြည်ဆိုင်ရာဆုတောင်းရာနေ့’ အဖြစ်သတ်မှတ်ကျင်းပခဲ့သည်။ ထိုအစီအစဉ်ကိုအာ စီးစီမြို့၌ကျင်းပခဲ့ပြီး၊ အခြားသောခရစ်ယာန်ညီအစ်ကိုများလည်းပါ၀င်ခဲ့ကြသောကြောင့်ခရစ်ယာန်များ ဆုပေါင်းကျင်းပသောဆုတောင်းပွဲပုံစံဖြစ်ခဲ့သည်။ ဤအရေးကြီးသောအစီအစဉ်အတွက်အနှောက်အယှက်မရှိစေရန်အတွက်လက်ရှိဖြစ်ပေါ်နေသောအခြေအနေကိုအမြန်ဆုံးကိုင်တွယ်ဖြေရှင်းအဆုံးသတ်နိုင်ရန်ရဟန်းမင်းကြီးကဆုတောင်းပေးခဲ့သည်။

 

ဘာသာပြန် - ဖာသာရ်ကလဲမင့်အားတယ်

https://bit.ly/2QDGw4X

Photo courtesy of ANSA

Add new comment

5 + 1 =