ရဟန်းမင်းကြီးသည်မာဒရစ်ဆေးရုံသို့အသက်ရူကိရိယာကိုလှူဒါန်း

ရဟန်းမင်းကြီးသည်မာဒရစ်ဆေးရုံသို့အသက်ရူကိရိယာကိုလှူဒါန်း

ရဟန်းမင်းကြီးသည်မာဒရစ်ဆေးရုံသို့အသက်ရူကိရိယာကိုလှူဒါန်း

ရဟန်းမင်းကြီးသည်မာဒရစ်ဆေးရုံ၊ ဆန်ရာဖာအဲလယ်သို့အသက်ရူကိရိယာသုံးလုံးကိုစပိန်နိုင်ငံ၏ရဟန်းမင်းကြီးကိုယ်စား လှယ်ဖြစ် သော Bernardito Auza မှတဆင့်လွှဲအပ်လှူဒါန်းပေးခဲ့ပါသည်။ ရဟန်းမင်းကြီးသည်ဤကိုဗစ် (၁၉) အရေးပေါ်ကာလအတွင်းအရေးတကြီး လို အပ်သောကျန်းမာရေး ဆိုင်ရာကိရိယာများကိုထိရောက်စွာလှူဒါန်းပေးခြင်း၊ ငွေကြေးဖြင့်လှူဒါန်းခြင်းကိုပြု လုပ်၍ထိုရောဂါ ဆိုးဆိုရွားရွားခံစား ရသောနိုင်ငံသူ၊ နိုင်ငံသားများနှင့်တစ်စိတ်တစ်၀မ်းတည်းရှိကြောင်းပြသလျှက်ရှိ သည်။ စပိန်နိုင်ငံ၏ကျန်မားရေး၀န်ကြီးဌာနမှထုတ်ပြန် သည့်အ ချက်အလက်အရလက်ရှိလူနာ (၂၀၇၆၃၄) ရှိပြီး၊ (၉၈၇၃၁) မှာသက်သာပြီးဖြစ်ကြောင်း၊ (၂၃၀၀၀) အသက်ဆုံးရှုံးခဲ့သည်ဟုဆိုပါသည်။

ရောဂါ ကပ်ဆိုးကြီးစတင်သည်နှင့်ဆန်ရာဖာအဲလယ်ဆေးရုံသည်လူနာ (၃၀၀၀) ကိုစတင်ကိုင်တွယ်ခဲ့ရကြောင်း၊ (၄၅၀) ကိုလူနာဆောင် ၌၊ ကျန် (၂၃) ဦး မှာမူအထူးကြပ် မတ်ဆောင်တွင်ကုသခဲ့ရာလက်ခံနိုင်သည်ထက်နှစ်ဆကျော်လွန်ခဲ့ကြောင်း၊ ဆေးရုံကို (၁၈၉၂) ခုနှစ်က St. John of God အမျိုး သားသူတော်စင်အသင်းကတည်ဆောက်ခဲ့ကြောင်း၊ ဤဆေးရုံသည်စပိန်နိုင်ငံ အတွက်ကိုဗစ် (၁၉) ကိုရှေ့တန်းစစ်မျက်နှာမှတိုက်ခိုက်ခဲ့ကြောင်း၊ ရဟန်းမင်းကြီးကိုယ်စား လှယ် Bernardito Auza၊ ဖိလစ်ပိုင်ဂိုဏ်းချုပ်ဆရာတော်တစ်ပါးတို့ရှေ့၌မာဒရစ်ဂိုဏ်းချုပ်ကာဒီနယ် Carlos Osoro Sierra သည်လည်းကျေးဇူးတင်ကြောင်းပြောကြားခဲ့သည်။

ထိုအခမ်းအနား၌မာဒရစ်မြို့တော် ၀န် Jose Luis Martinez-Almeida၊ မာဒရစ်ဂိုဏ်း ချုပ်သာသနာ၏အကူဆရာတော် Bishop Jose Cobo Cano တက်ရောက်ခဲ့သည်။ မြို့တော်၀န်ကလည်းကက်သလစ်သာသနာမှလည်းကောင်း၊ ဂိုဏ်းချုပ်သာသနာ၊ ကရုဏာအဖွဲ့မှပေးခဲ့သောအကူအညီများအားလုံးအတွက်ကျေးဇူးတင်ကြောင်း၊ မြို့တော်၀န်၏အစီအစဉ်နှင့်ပူးပေါင်း ပါ၀င် သောကြောင့်အမှန်တကယ်လိုအပ်သောမိသားစုများအားကူ ညီပေး၍၄င်းတို့၏ဝေဒနာများကိုပေါ့ပါးစေနိုင် ခဲ့ကြောင်းဗာတီကန်သတင်းဌာနက ဖော်ပြထားပါသည်။

 

ဘာသာပြန် ဖာသာရ်ကလဲမင့်အားတယ်

Photo credit: AFP or Licensors

https://bit.ly/2yUc3dy

Add new comment

9 + 10 =