ရဟန်းမင်းကြီးသည်ပါပူ၀ါဂီနီနိုင်ငံ၊ Bougainville အတွက်ဆရာတော်အသစ်ရွေးချယ်ခံအပ်

ရဟန်းမင်းကြီးသည်ပါပူ၀ါဂီနီနိုင်ငံ၊ Bougainville အတွက်ဆရာတော်အသစ်ရွေးချယ်ခံအပ်

ရဟန်းမင်းကြီးသည်ပါပူ၀ါဂီနီနိုင်ငံ၊ Bougainville အတွက်ဆရာတော်အသစ်ရွေးချယ်ခံအပ်

ပြီးခဲ့သောစနေနေ့က ရဟန်းမင်းကြီးဖရန်စစ်သည် Dariusz Kałuża, M.S.F. ဆရာတော်အား ပါပူ၀◌ါနူးဂီနီနိုင်ငံ၊ Bougainville သာသနာ၏ဆရာတော်အဖြစ်ခန့်အပ်လိုက်သည်။

ဆရာတော်အား (၁၉၆၇) ပိုလန်နိုင်ငံ၊ Pszczyna ၌မွေးဖွား ခဲ့သည်။ သူသည် M.S.F. သာသနာပြုအသင်း၀င်တစ်ပါးဖြစ်ပြီး၊ (၁၉၈၇) တွင်ရာသက်ပန်သစ္စာကိုခံယူခဲ့သည်။ ထို့နောက် (၁၉၉၃) ခုနှစ်၌ရဟန်းသိက္ခာကိုခံယူခဲ့သည်။ သူသည်ပိုလန်နိုင်ငံ၏သာသနာနယ်အတော်များများ၌ကျောင်းထိုင်အဖြစ်အ မူတော်ထမ်းခဲ့သည်။

ထို့နောက်ပါပူ၀ါနူးဂီနီ၊ Mendi သာသနာသို့သာသနာပြုအဖြစ်သွားရောက်ခဲ့ကာကျောင်းထိုင်အဖြစ် လည်းကောင်း၊ ဓမ္မအမူတော်ဆောင်များမွေးထုတ်ပေးသောသင်တန်းကျောင်း၏တာ၀န်ခံအဖြစ်လည်းကောင်း၊ ဆရာတော် ၏ကိုယ်စားလယ်အဖြစ်လည်းကောင်း၊ သာသနာကိုစောင့်ရှောက်ပေးရသူအဖြစ်လည်းကောင်း၊ Madang ဂိုဏ်းချုပ်သာသ နာ၏တမန်တော်လုပ်ငန်းရေးရာတာ၀နခံအဖြစ်လည်းကောင်းအမူတော်ထမ်းခဲ့သည်။

(၂၀၁၆၊ ဇွန်လ) ၌မူပါပူ၀ါနူးဂီနီနိုင် ငံ၊ Goroka ၏ဆရာတော်အဖြစ်ရွေးချယ်တင်မြောက်ခံရသည်။ (၂၀၂၀) ခုနှစ်ရဟန်းမင်းကြီးရုံးတော်မှထုတ်ပြန်သောစစ် တမ်းများအရ ထိုသာသနာတော်တွင်ကက်သလစ်ဘာသာ၀င်ဦးရေ (၁၆၀၀၀၀) ရှိပြီး၊ လူဦးရေ၏ (၆၂.၅) ရာခိုင်နှုန်းဖြစ် သည်။ အဆိုပါသာသနာ၌သာသနာအုပ်စုငယ်ပေါင်း (၃၃) ခုရှိပြီး၊ ရဟန်းတော် (၄၂) ပါး၊ အမျိုးသား၊ အမျိုးသမီးသူတော် စင်ပေါင်း (၈၇) ပါးရှိသည်။ ရဟန်းဖြစ်လာရန်ပညာသင်ကြားနေသောရဟန်းလောင်းကိုရင် (၁၂) ပါးရှိပါသည်။

 

ဘာသာပြန်- ဖာသာရ်ကလဲမင့်အားတယ်

https://bit.ly/32z5JEl

Add new comment

1 + 0 =