ရဟန်းမင်းကြီးသည်ဒုက္ခသည်များအားစောင့်ရှောက်ရန်နှင့်အသစ်ပြန်လည်ဖန်တီးကြရန်ပန်ကြား

ရဟန်းမင်းကြီးသည်ဒုက္ခသည်များအားစောင့်ရှောက်ရန်နှင့်အသစ်ပြန်လည်ဖန်တီးကြရန်ပန်ကြား

ရဟန်းမင်းကြီးသည်ဒုက္ခသည်များအားစောင့်ရှောက်ရန်နှင့်အသစ်ပြန်လည်ဖန်တီးကြရန်ပန်ကြား

ပုပ်ရဟန်းမင်းကြီးသည်ယခုတစ်ပတ် (နှစ်၏ (၁၂) ကြိမ်မြောက်သာမန်တနဂ်နွေနေ့၌ဒုက္ခသည် များနှင့်နေရပ်ပြောင်းရွေ့သူ များအား ကူညီစောင့်ရှောက်ရာ၌ပြန်လည်ဆန်းသစ်ရန်နှင့်ထိရောက်သော ဆက်ကပ်လုပ်ဆောင်မူများလုပ်ဆောင်နိုင်ရေး ဝိုင်း၀န်းဆုတောင်း ကြရန် ပန်ကြားခဲ့သည်။ ဤပန်ကြား ချက်ကိုမွန်းတည့်ဆုတောင်းမေတ္တာဖြစ်သည့်အန်
ဂျေလူးမေတ္တာကိုမဆိုမီစိန့်ပီတာ ရင်ပြင်၌စုရုံးနေသောဘုရား ဖူးများအားတိုက်တွန်းခဲ့ခြင်းဖြစ်သည်။

အဘယ်ကြောင့်ဆိုသော်ထိုတနင်္ဂနွေနေ့ (ဇွန်လ ၂၂) ရက်နေ့၌ကမ္ဘာ့ကုလသမဂ္ဂက ‘ကမ္ဘာ့ဒုက္ခသည် များနေ့’ ကိုအမှတ်ရကျင်းပသည်။

ကိုရိုနာဗိုင်းရပ်စ်အကြပ်အတည်း သည်ဒုက္ခသည်များအားထိရောက်စွာကာကွယ်ပေးရန်လိုအပ် ကြောင်းမီးမောင်းထိုးပြနေသည်။ သို့မှ သာ၄င်းတို့၏ဂုဏ်သိက္ခာနှင့်လုံခြုံမှုကိုအာမခံနိုင်မည်ဖြစ် သည်။

ဒုက္ခသည်များနှင့်ရွေ့ပြောင်းတို့၏လုံခြုံမူနှင့်ကာ ကွယ်မှုအတွက်မေတ္တာ ရပ်ခံရခြင်းမှာလူသား ဖြစ်၍လူသားများ၏ ကာကွယ်ရေးအတွက်ဖြစ်သည်။ ၄င်းအပြင်မိမိတို့၏ဌာနေကိုစွန့်ခွာထွက်ပေးရသည့်အကြောင်းအရင်း မှာ၄င်းတို့အားလည်းကောင်း၊ မိသား စုအားလည်းကောင်းဆိုးရွားသောဘေးသင့် ရောက်လာသောကြောင့်ဖြစ်သည်။ ပြုစုထားသောစစ်တမ်းများ အရကမ္ဘာတစ်လွှား၌လူပေါင်း (၈) သန်း မျှပြောင်းရွေ့နေထိုင်လျှက်ရှိ၍ အလွန်မြင့်မားသောကိန်းဂဏာန်းဖြစ်ကြောင်း၊ ဤကပ်ရောဂါဆိုးကြီးက ပေးသောဆင်ခြင်ရန်အခြားအကြောင်းတစ်ချက်မှာလူသားနှင့်သဘာ၀ပတ်၀န်းကျင်၏ပတ်သက်ဆက် နွယ်မူဖြစ်သည်။ ဤအိမ်အောင်းကာလ (လော့ခ်ဒေါင်း) သည်လူများသွားခြင်းမှလျော့ချပေးသည်။ ယာဉ် များအသုံးပြုခြင်းမှလျော့နည်းစေသောကြောင့်ယာဉ်ကြောရှုပ်ထွေးခြင်း၊ ၀န်း ကျင်ဆူညံခြင်းများလျော့ နည်းသွားခဲ့သည်။ ဤအခြေအနေများသည်ကျွန်ုပ်တို့အားမည်သည့်သွားလာလှုပ်ရှားမူကိုပြုလုပ်သည် ဖြစ်စေကျွန်ုပ် တို့၏ဘုံမိသားစုဖြစ်သောကမ္ဘာကြီးအားစောင့်ရှောက်သည့်အသိသတိနှင့်တာ၀န်သိစိတ် ဖြင့်လုပ်ဆောင်ရန်ဖြစ်သည်။

ကမ္ဘာ့နိုင်ငံအချို့သည်အိမ်အောင်း (လော့ခ်ဒေါင်း) ကာလကိုတဖြေးဖြေး နှင့်လျော့ချလာနေကြသည်။ အဘယ်ကြောင့်ဆိုသော်ကို၄င်းတို့၏ဒေသ၌ဗစ် (၁၉) ကပ်ရောဂါဆိုးကြီးကူးစက်မူနှင့်သေဆုံး မူကျဆင်းလာနေသောကြောင့်ဖြစ်သည်။ ဤသို့ဖြေလျော့လာခြင်းသည်စီးပွားအကြပ်အတည်းကိုထိုးဆွ လိုက်သကဲ့သို့လည်းဖြစ်နိုင်သည်။ အဘယ်ကြောင့်ဆိုသော်အိမ်အောင်းကာလ၌ထောက်ပံ့ကူညီခဲ့မှုများ ကိုလျော့ချလာတော့မည်ဖြစ်သည်။ ထိုအခါအလုပ်လက်မဲ့ပြသာနာနှင့်ချို့တဲ့မွဲတေနေမှုများတိုးလာမည်ဖြစ် သည်။ ရဟန်းမင်းကြီးကဤအခြေအနေကိုကိုင်တွယ်ရန်ဖြေရှင်းရန်အတွက်ကမ္ဘာ့နိုင်ငံအသီးသီးကပါ ၀င်လုပ်ဆောင်လာသည်ကိုမြင်တွေ့ရသောကြောင့်ကျေးဇူးတင်ကြောင်းနှင့်ဘုံအကျိုးအတွက်လူသားအ ချင်းချင်းကူညီ
ရိုင်းပင်းကြမည်ဟုလည်းသူ၏ မျှော်လင့်ချက်ကိုထည့်သွင်းမိန့်ကြားခဲ့သည်။

ရဟန်းမင်းကြီးကစိန့်ပီတာရင်ပြင်သို့လာရောက်၍သူနှင့်အတူဆု တောင်းကြသောဘုရားဖူးများ အားကျေးဇူးတင်ကြောင်း၊ ဤဘုရားဖူးများသည်အီတလီနိုင်ငံ၏ဒေသအသီးသီးမှဖြစ်ကြသကဲ့သို့၊ အ ခြားသောနိုင်ငံများမှလည်းတစ်စတစ်စတိုးလာနေကြောင်း၊ ရဟန်း မင်း ကြီး၏မိခင်နိုင်ငံဖြစ်သောအာ ဂျင်တီးနား၌ယနေ့သည် ‘ဖခင်များနေ့တနင်္ဂနွေ’ ဖြစ်ကြောင်း၊ ထို့ကြောင့်ဖခင်များအတွက်အထူးဆု တောင်းပေးကြောင်း၊ ဖခင်ဖြစ်ရသည်မှာလုံး၀မလွယ်ကူကြောင်း၊ ထို့နောက်လူငယ်များအားနှုတ်ဆက် ပြီး၊ ယနေ့စိန့်အလွိုင်းရှက်စ်ဂွန်ဇာဂါကိုအမှတ်ရသောနေ့ဖြစ်ကြောင်း၊ သူသည်လူငယ်တစ်ဦးဖြစ်သော် လည်းဘုရားသခင်အားချစ်သောစိတ်၊ မိမိနှင့်နီးစပ်သောသူကိုချစ်သောစိတ်အပြည့်ရှိကြောင်း၊ သူသည် ပလိပ် ရောဂါကူးစက်ခံရသောလူနာများအားကူညီစောင့်ရှောက်နေရင်းသူလည်းကူးစက်ခံရပြီး၊ ရောမ မြို့၌ ပျံလွန်သွားခဲ့ကြောင်း၊ သူသည် (၁၆) ရာစု၊ ဂျက်ဆွီစ်ရဟန်းတစ်ပါးဖြစ်ပြီး၊ သက်တော် (၂၃) တွင် ပျံလွန်ခဲ့သည်။ သူသည်လူငယ်တို့အားမှိုင်းမသောရဟန္တာအဖြစ် (၁၇၉၂) ရဟန်းမင်းကြီးဘက်နက် ဒစ် (၁၈) မှကြေငြာခဲ့ပြီး၊ (၁၉၂၆) ၌ရဟန်းမင်းကြီးပီအုစ် (၁၁) မှထပ်မံအတည်ပြုခဲ့သည်။

ဘာသာပြန်-ဖာသာရ်ကလဲမင့်အားတယ်

Photo credit: AFP or Licensors

https://bit.ly/2BwoWvs

Add new comment

19 + 1 =